Saturday, October 20, 2018

Network Cable (UTP) ကြိုးညှပ်ကြရအောင်

ကျွန်တော် အခုဖော်ပြပေးမယ့် အကြောင်းကတော့ UTP Cable ကို ဘယ်လိုမျိုး Step by Step ညှပ်ရမယ့်ပုံစံနှင့် ဘယ်လို Install လုပ်ရမယ်ဆိုတဲ့အကြောင်းလေးကို ဖေါ်ပြပေးပါမယ်။

ဒီတော့ UTP Cable ကို ဘယ်လိုညှပ်ရမယ်ဆိုတာကို စပြီးရှင်းပြပေးပါမယ်။
1. UTP Cable ကို Step by Step ညှပ်ပုံ
ကျွန်တော်တို့တွေ UTP Cable ကို ညှပ်မယ်ဆိုတော့ ကျွန်တော်တို့ဆီမှာ လိုအပ်မယ့် Tool တွေကို အရင်ဦးဆုံးဖော်ပြပေးပါမယ်။


1. UTP Cable















2. RJ-45 ခေါင်း













3. Cutter (or) ကတ်ကြေးတစ်လက်
 









4. Cramming Tool
 










 




အထက်ပါဖော်ပြပေးထားတဲ့ Tool(၄)ခုသည်ကျွန်တော်တို့ UTP Cable ကိုညှပ်တဲ့နေရာမှာ မရှိမဖြစ် လိုအပ် မယ်အရာတွေပဲဖြစ်ပါတယ် ။အဲဒီပစ္စည်းလေးမျိုးရှိတာနဲ့ ပြီးပြီလားဆိုရင် တော့ မပြီးသေးပါဘူး။ UTP Cable ထဲမှာရှိတဲ့ Wire ကြိုးတွေရဲ့ Color Code တွေကို ဖော်ပြပေးပါမယ်။ UTP Cable ထဲမှာ Wire ကြိုးစုံ(၄)စုံ ပါရှိပါတယ်။ Wireကြိုးမျှင်အနေဖြင့် ပြေရင်တော့ (၈) ကြိုးပါရှိပါတယ်။ အဲဒီ Wire ကြိုး (၈) ကြိုးရဲ့ Color Code တွေကတော့ -


၁. အဖြူတစ်ရစ်၊ လိမ္မော်တစ်ရစ် ပါသောကြိုး (ဖြူမော်)
၂. လိမ္မော်ရောင်ကြီးပဲရှိသောကြိုး (မော်)
၃. အဖြူတစ်ရစ်၊ အစိမ်းတစ်ရစ် ပါသောကြိုး (ဖြူစိမ်း)
၎. အပြာရောင်ကြီးပဲရှိသောကြိုး (ပြာ)
၅. အဖြူတစ်ရစ် အပြာတစ်ရစ် ပါသောကြိုး (ဖြူပြာ)
၆. အစိမ်းရောင်ကြီးပါသောကြိုး (စိမ်း)
၇. အဖြူတစ်ရစ်၊ အညိုတစ်ရစ်ပါသောကြိုး (ဖြူညို)
၈. အညိုရောင်ကြီးပဲပါသောကြိုး (ညို)


တို့ပဲဖြစ်ပါတယ်။ ၎င်းတို့သည် UTP Cable ထဲမှာရှိတဲ့ Wire ကြိုးတွေရဲ့ Color Code တွေပဲဖြစ်ပါတယ်။ အဲဒီတော့ကျွန်တော်က အတိုကောက် အနေဖြင့် UTP Cable တွေရဲ့ Color Code ကိုမှတ်ရ လွယ်အောင်အောက်ပါ အတိုင်းဖော်ပြ လိုက်ပါတယ်။ ဆက်လက်ရှုစားတော်မှုပါခင်ဗျာ ...


၁. ဖြူမော်
၂. မော်
၃. ဖြူစိမ်း
၎. ပြာ
၅. ဖြူပြာ
၆. စိမ်း
၇. ဖြူညို
၈. ညို
 

ကျွန်တော်အခုဖော်ပြထားတဲ့ UTP Cable ရဲ့ Color Code တွေကိုအလွတ်ရအောင် ကျက်မှတ်ထားရမှာ ဖြစ်ပါတယ်။


UTP Cable ရဲ့ Color Code ကို Class (A) နှင့် Class (B) ဆိုပြီး (၂)မျိုးခွဲထားပါတယ်။

Class (A) ရဲ့ Color Code                        Class (B) ရဲ့ Color Code
၁. ဖြူမော်                                           ၁. ဖြူစိမ်း
၂. မော်                                              ၂. စိမ်း
၃. ဖြူစိမ်း                                            ၃. ဖြူမော်
၎. ပြာ                                                ၄. ပြာ
၅. ဖြူပြာ                                             ၅. ဖြူပြာ
၆. စိမ်း                                               ၆. မော်
၇. ဖြူညို                                             ၇. ဖြူညို
၈. ညို                                                ၈. ညို

၎င်း Class(A) နှင့် Class(B) Color Code ကိုအလွတ်ရအောင် ကျက်မှတ်ပြီးသွားပြီ ဆိုရင်တော့ UTP Cableကိုစညှပ်လို့တော့ရပါပြီ။ ဒါပေမယ့်-စဉ်းစားစရာလေးတွေ တော့ကျန်သေးတယ်ဗျ--ဘာစဉ်းစားစရာတွေကျန်သေးတာလဲဆိုရင်တော့ ဒီလိုရှိတယ်ဗျ--- ကျွန်တော်တို့စဉ်းစားရမှာက UTP Cable ကို Computer to Computerချိတ်မှာလား။ ဒါမှမဟုတ် Computer နဲ့ Switch နဲ့ ချိတ်မှာလား ဆိုတာကို စဉ်းစားရပါမယ်။ ဒါမှ ကျွန်တော်တို့က UTP Cable ကို အသုံးပြုပြီး မှန်ကန်တဲ့ Network ချိတ်ဆက်မှုကို ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ ကဲ ဒီတော့ ကျွန်တော်တို့က Computer to Computer ချိတ်မယ်ဆိုရင် UTP Cable ရဲ့ အစွန်းတစ်ဖက်စီမှာ ညှပ်ပေးရမယ့် ပုံစံကတော့ တစ်ဖက်မှာ


ထိုသို့ UTP Cable ရဲ့ တစ်ဖက်တစ်ချက်စီမှာ Class A နှင့် Class B Color Code ညှပ်လိုက်မယ်ဆိုရင် Computer to Computer နှင့် Switch to Switch ကို ချိတ်ဆက် အသုံးပြုလို့ရပါတယ်။ အဲဒီလိုမျိုး&ပ်ထားတဲ့ Cable ကို Cross Over Cable လို့ ခေါ်ပါတယ်။
















Cross Over Cable ဖြင့် ချိတ်ဆက်ထားပုံ
ကျွန်တော်တို့တွေ Computer to Switch ဖြင့် ချိတ်ဆက်ဖို့ရန်အတွက် UTP Cable ကို ညှပ်မယ်ဆိုရင် ပ်ရမယ့်ပုံစံကတာ့ UTP Cable ရဲ့ အစွန်းတစ်ဖက်စီမှာ Class A Color Code တွေပဲညှပ်ပေးရမှာ ဖြစ်ပါတယ်။


Class A Color Code               Class A Color Code
၁. ဖြူမော်                            ၁. ဖြူမော်
၂. မော်                               ၂. မော်
၃. ဖြူစိမ်း                            ၃. ဖြူစိမ်း
၎. ပြာ                                ၄. ပြာ
၅. ဖြူပြာ                             ၅. ဖြူပြာ
၆. စိမ်း                               ၆. စိမ်း
၇. ဖြူညို                             ၇. ဖြူညို
၈. ညို                                ၈. ညို

















UTP Cable

ထိုသို့ UTP Cable ရဲ့ အစွန်းတစ်ဖက်စီမှာ Class A Color Code တွေကို ညှပ်လိုက်မယ်ဆိုရင် Computer နှင့် Switch ကိုချိတ်ဆက် အသုံးပြုလို့ရပါပြီ။ အဲဒီလိုမျိုး ညှပ်တဲ့ Cable ကို Stright Cable လို့ခေါ်ပါတယ်။

ကဲဒီလိုဆိုရင်--- UTP Cable နဲ့ ပတ်သက်တဲ့ Color code တွေကို နားလည်သွားပြီပေါ့--- ဒါဆိုရင် အခုကျွန်တော်က UTP Cable ကို Cross Over Cable ညှပ်တဲ့ပုံစံအဆင့်ဆင့်ကို ဖော်ပြပေးသွားပါမယ်။


UTP Cable (Cross Over Cable) ကို ညှပ်တဲ့ပုံစံအဆင့်ဆင့်

















1.    UTP Cable  ရဲ့ Outer Jacket ကို မိမိရဲ့စိတ်နဲ့ တစ်လက်မလောက်ခွာပြီးတော့ ကတ်ကြေး လေးနဲ့ Outer Jacketကို ခွာလို့ရနိုင်လောက်တဲ့အနေအထားဖြစ်အောင် ဝိုက်ပြီးလှီးလိုက်ပါ။













2.UTPCable ရဲ့Outer Jacket ကို တစ်လက်မလောက်ဖယ်ရှားပြီးပြီ ဆိုရင်တော့ တစ်ခုနှင့်တစ်ခု အပြန်အလှန်လိမ်းထားသော Wire ကြိုးအစုံ(၄)စုံကို မြင်ရပါလိမ့်မယ်။ ယင်းလိမ်ထားတဲ့ Wire ကြိုး(၄)စုံကို ဖြည်ချပြီး ဖြောင့်တန်း နေအောင်ပြုလုပ်ပါ။

















3. UTP Cable ထဲမှာရှိတဲ့ Wire ကြိုး အစုံ(၄)စုံကို ဖြောင့်တန်းအောင်လုပ်ပြီး ဖြည်ပြီး သွားရင်တော့ Color Code တွေကိုစပြီး စီရပါတော့မယ်။ Class A Color Code အတိုင်းစပြီး စီလိုက်ပါ။ Wire ကြိုးကို စီရာတွင် မိမိရဲ့ဘယ်ဘက်ကနေစပြီး ညာဘက်သို့ တဖြည်းဖြည်းချင်း Color Code တွေ မမှားအောင်စီရပါမယ်။  


4. UTP Cable ထဲမှာရှိတဲ့ Wire ကြိုး(၈)ကြိုးရဲ့ Color Code တွေကို စီပြီးပြီဆိုရင်တော့ မညီမညာဖြစ်နေတဲ့ Wire ကြိုးတွေကို တစ်ညီတစ်ညာတည်းဖြစ်သွားအောင် ကတ်ကြေး လေးဖြင့် တစ်ဖြောင်တည်းဖြစ်အောင် ညှပ်ချလိုက်ပါ။

















Wire ကြိုးကိုတစ်ညီတစ်ညာတည်းဖြစ်အောင်ညှပ်ထားပုံ



5. UTP Cable ထဲမှာရှိတဲ့ Wire ကြိုးလေးတွေကို တစ်ညီတည်းဖြစ်အောင် ညှပ်ပြီးပြီ ဆိုရင်တော့ RJ-45 ခါင်းလေးကိုမိမိရဲ့ညာဘက်လက်နဲ့ ယူလိုက်ပါ။ ဘယ်ဘက်လက် ထဲမှာတော့ UTP Cable ထဲမှာရှိတဲ့ Wireကြိုးမျှင်လေးတွေ ရွဲ့စောင်းမသွားအောင် သေချာဖိကိုင်ထားပါ။ RJ-45ခေါင်းလေးကို ညာ ဘက်လက်နဲ့ ယူပြီးသွားရင် RJ-45 ခေါင်းရဲ့ Clickတံလေးကို အောက်ဘက်မှာပဲ မှောက်ထားပါ။ 
အပေါ်ဘက်တွင် လှန်မထားမိပါစေနှင့်  . . .

















6. ပြီးရင် RJ-45 Connector ခေါင်းကို ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ UTP Cable ထဲမှ Wire ကြိုး (၈) ကြိုးကိုအစီအစဉ်တစ်ကျဝင်သွားအောင် ထည့်လိုက်ပါ။















7. ပြီးရင်ညာဘက်လက်ဖြင့် Cramming Tool ကို ကိုင်လိုက်ပါ။ Cramming Tool တွင် 8 Pin လို့ ရးထားတဲ့အပေါက်တစ်ပေါက်ပါရှိပါတယ်။ ¤င်းအပေါက်ထဲသို့ Wire ကြိုးများ မိမိအစီအစဉ်တကျ ဝင်အောင်ထည့်ထားတဲ့RJ-45ခေါင်းကို ထိုးသွင်းလိုက်ပါ။














8. ပြီးရင် မိမိရဲ့ဘယ်ဘက်လက်က RJ-45 ခေါင်းကို ထိုးသွင်းထားတဲ့ UTP Cable ကို သေသေချာချာ ထိမ်းထားပေးပြီးညာဘက်လက်ဖြင့် အားကုန်ဖိချလိုက်ပါ။ Cramming Tool ကို လွှတ်လိုက်ပါ။ ကဲဒါဆိုရင်တော့ UTP Cable ကို ကိုက်တာ တစ်ဖက်တော့ ပြီးသွားပါပြီ။












RJ45 ခေါင်းကိုCrammingTool ဖြင့်ဖိချပြီးပြီးချင်း ပြန်မလွှတ်လိုက်ပါနှင့်။ အချိန်အနည်းငယ် ဖိထားပေးပါ။ ပြီးမှနောက်တစ်ဖက်ကို ကိုက်တာကျန်ပါသေးတယ်။ နောက်ထပ်တစ်ဖက်ကို ကိုက်မယ်ဆိုရင်လည်း ကျွန်တော်အထက်မှာ ဖော်ပြထားပေးတဲ့အတိုင်းပဲ Step by Step ပြန်ကိုက်ပေးရပါမယ်။ ဒါဆိုရင်တော့ UTP Cable ကို ကိုက်တာ ပြီးဆုံးသွားပါပြီ။ UTPCableကိုကိုက်တာ ပြီးဆုံးသွားပြီဆိုရင်တော့--- UTPCable ကို Computer နှင့် Switch မှာ ဘယ်လိုတပ်ဆင်ရမယ်ဆိုတာကို UTP Cable Install လုပ်ပုံအဖြစ်ဖော်ပြပေးပါမယ်။

UTP Cable ကို Computer နှင့် Switch တွင် Install လုပ်ပုံ

1.    UTP Cable ရဲ့ RJ-45 ခေါင်းကို မိမိရဲ့ Computer တွင် တပ်ဆင်မယ်ဆိုရင် မိမိ Computer ရဲ့ Network Part တွင်စနစ်တကျ ထိုးသွင်းတပ်ဆင်လိုက်ပါ။
2.    ကျန် RJ-45 ခေါင်းတစ်ဖက်ကို Switch ထဲမှာ ပါရှိတဲ့ Network တွင် တပ်ဆင်ပါ။

ဒါဆိုရင် UTP Cable ကိုInstall လုပ်တာ ပြီးဆုံးသွားပါပြီ။

ကဲကဲ UTP Cable ရဲ့ Color Code တွေ UTP Cable ကို ဘယ်လိုညှပ်ရမယ်ဆိုတာတွေ၊ UTP Cable ကိုညှပ်မယ်ဆိုရင်လိုအပ်မယ့်Tools တွေနှင့် UTPCable ကို Install လုပ်ပုံအဆင့်ဆင့်ကတော့  ပြီးဆုံးသွားပါပြီ။ စာဖတ်သူပရိတ်သတ်အပေါင်းဗဟုသုတတွေအများကြီး တိုးပွားနိုင်ကြပါစေ။























No comments:

Post a Comment