Thursday, October 11, 2018
ကျွန်ုပ် နှင့် မိုဘိုင်းလ်ဖုန်း
မိုဘိုင်းလ်ဖုန်းတွေ ရန်ကုန်မှ စပေးပြီဆိုတော့ ကျွန်ုပ်သည်လည်း ကုမ်္ပဏီလိုင်စင်ကို
ဗဟိုပြုပြီး လျှောက်လွှာတင်လိုက်တာ မိုဘိုင်းလ်ဖုန်း ခေတ်ဦးကတည်းက စတင်အသုံးပြုခွင့်
ရခဲ့တယ်ဆိုပါတော့ဗျာ . . .
ဖုန်းကို ဆက်သွယ်ရေးကနေထုတ်လာပြီး အိမ်ရောက်တော့ အမေက သူ့အသိအိမ်တွေ
လှမ်းဖုန်းဆက်ပြီး ဘာပြောတယ်မှတ်တုန်း . . ဘယ်ဖုန်းနဲ့ဆက်နေတာလဲ သိလားတဲ့ . .
သိတယ်မဟုတ်လား . . ကြွားစရာကြီးကို ဖြစ်လို့ပေါ့ဗျာ . .
သူများတွေက ဖုန်းကို ခါးကြားမှာ ဟန်ပါပါနဲ့ချိတ် . . .
ကျုပ်ကတော့ ဖုန်းကို ခါးကြားမှာ မချိတ်ပေါင် . .
ဘယ်ရမလဲ . . ဖုန်းအိတ်ဝယ်ပြီး လည်ပင်းမှာဆွဲထားလိုက်တယ် . . အဲ့ဒီလို
ဘာဖြစ်လို့တုန်းလို့ မမေးနဲ့ အဖြေက ရှင်းရှင်းလေး . . ပျောက်မှာစိုးလို့လေ
နောက်ပြီး သူငယ်ချင်းက ပြောသေးတယ် . .
မင်းဆီကို ဖုန်းခေါ်ရင် ဖုန်းက စက်ပိတ်ထားတယ်လို့ပြောတယ်
မင်း ဖုန်းကို ပိတ်ပိတ်မထားနဲ့လေကွာတဲ့ . .
ဟင် ဟုတ်လား မသိဘူးလေ ငါက ဖုန်းဆက်တော့မှ ဖုန်းကိုဖွင့်ပြီးပြောရတယ်မှတ်လို့ . .
ကဲ မှတ်ပလား . .
Subscribe to:
Post Comments (Atom)
No comments:
Post a Comment