အခုပြောပြမယ့်အကြောင်းအရာကတော့ LAN
ဆိုတဲ့ (Local Area Network) နဲ့ (Internetwork) တို့ရဲ့ကွာခြားချက်ကိုပြောပြမှာပါ။
ဆိုလိုတာက Internetwork ဆိုတာ ဘယ်လိုမျိုးဖြစ်ပေါ်လာသလဲ။ နောက်ပြီး (LAN) Network
နဲ့ ဘယ်လိုမျိုးဆက်နွယ်ပတ်သက်သလဲဆိုတာပါ။ကဲ...ဒီတော့ ပထမဦးဆုံးဖြစ်တဲ့ (Network)
တစ်ခုကိုပြောပြပေးပါ့မယ်။ ၎င်းက ဘာကိုဆိုလိုတာလဲဆိုတာပေါ့။
ကဲ...ဒီတော့ အောက်မှာ Networkတစ်ခုရဲ့ပုံကို ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ကြည့်ပါ။
ကဲ...အပေါ်မှာသင်သည် Network တစ်ခုကို
တွေ့မြင်ရပါလိမ့်မယ်။ ၎င်း Network သည် 192.168.10.0 ဆိုတဲ့Network
နဲ့ကိုယ်စားပြုပါတယ်။ အဲဒီတော့ ၎င်း Network ထဲမှာ ကွန်ပျူတာအလုံးရေ 254 လုံးအထိ
အသုံးပြုလို့ရပါတယ်။
ကောင်းပြီ။ အပေါ်မှာပြောပြခဲ့တာက
Network တစ်ခုထဲနော်။ အောက်ကပုံမှာ Internetwork ပုံကို
ဖော်ပြပေးထားပါတယ်။
လေ့လာကြည့်ကြည့်ပါ။
ကဲ...အပေါ်ကပုံမှာကတော့ Network (၃)
ခုရှိနေတယ်။ ၎င်း Network (၃) ခုကိုအတူတကွပေါင်းစည်းပေးဖို့ရန်အတွက် Device
တစ်ခုလိုအပ်လာပါပြီ။ ၎င်း Device ရဲ့ Name က Router ပဲ ဖြစ်ပါတယ်။ ၎င်း Routerတွေက
မတူတဲ့ Network တွေအကြား၊အချင်းချင်းချိတ်ဆက်မိနေစေရန်အတွက် Routing Protocol တွေ၊
Routing Table တွေကို အသုံးပြုပြီး
ချိတ်ဆက်ပေးကြပါတယ်။ ၎င်း Router ကို အသုံးပြုပြီး Network အချင်းချင်းချိတ်ဆက်ပေးလိုက်တာကို
(Internetwork) လို့ခေါ်ပါတယ်။ အခုကျွန်တော်တို့ပြောနေကြတဲ့ Internetဆိုတာက ၎င်း
Internetwork ကနေမှတစ်ဆင့် ဆင်းသက်လာတာ ဖြစ်ပါတယ်။
အမှန်တကယ်တမ်းတော့ ၎င်း Internetwork
ဆိုတာသည် မတူညီတဲ့ Network တွေကို အတူတကွ
ချိတ်ဆက်ထားတာကို
ဆိုလိုခြင်းဖြစ်ပါတယ်။
No comments:
Post a Comment