Saturday, October 20, 2018

ASUS M4A785 TD-V EVO AMD 785 G Chipset Motherboard


ASUS M4A785 TD-V EVO AMD 785 G Chipset Motherboard
ASUS M4A785 TD-V EVO Motherboard ဟာ AMD 186 G Platform ကို အခြေခံထားပြီး Home Theatre PC အနေဖြင့်ရော Media Application များ အသုံးပြုလိုသူတွေအတွက်ပါ သင့်တော်သော Motherboard တစ်မျိုးပဲဖြစ်ပါတယ်။














၎င်း Motherboard တွင် Video Output အနေဖြင့် HDMI ၊ VGA နှင့် DVI များပါဝင်ပြီး   128 MB Side Port Memory ကို Onboard အနေဖြင့် ထည့်သွင်းအသုံးပြုထားပါတယ်။ ထို့ပြင် ASUS Motherboard အတွင်း AMD Radeon HD 4200 Graphic Card ကို တွဲဖက်အသုံးပြုထားပြီး ရုပ်ထွက်နှင့် အသံအရည်အသွေးကောင်းမွန်သော Motherboard တစ်မျိုးပဲ ဖြစ်ပါတယ်။















ASUS Motherboard တွင် AM3 Socket ကို ထည့်သွင်းထားပြီး AMD ၏ Phenom II နှင့် Athlon II Processor များကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Board အတွင်း 4 GB ပမာဏ DDR3-1066/1333 Memory များ ထည့်သွင်းအသုံးပြုနိုင်ပြီး Overclock ပြုလုပ်ရာ၌ ထို DDR3 Memory များဟာ 1600/1800 အထိ Run နိုင်ပါတယ်။ ASUS M4 A785TD အတွင်း AMD SB710 Southbridge ကိုထည့်သွင်းအသုံးပြုထားပြီး ၎င်းဟာ Serial ATA 3Gb/s Connector မှ ၅ ခုကို Support လုပ်နိုင်ပါတယ်။ ထို့ပြင် eSATA  3gb/s Port နှင့် IDE Connector များနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင်စေပြီး Board အတွင်း PCI Express 2.0 x 16 slot နှစ်ခုပါဝင်ပါတယ်။
 








I/O Panel အနေဖြင့် USB 2.0 Connector ၆ ခုပါဝင်ပြီး ထပ်မံထည့်သွင်းမည်ဆိုပါကလည်း အဆင်ပြေလွယ်ကူစေရန် ဆောင်ရွက်ထားပါတယ်။ HDMI ၊ DVI နှင့် VGA Port များအပြင် 1394 a Fire Wire အတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ASUS Motherboard ဟာ Optical S/PDI F Port နှင့် 8-Channel Stereo Output ဖြစ်ပြီး Surround System အသံစနစ်ကို ပေးစွမ်းနိုင်ပါတယ်။ အခြား Feature များအနေဖြင့်ကတော့ RJ 45 LAN Port နှင့် PS/2 Keyboard နှင့် Mouse Combo Part များ ပါဝင်ပါတယ်။ ASUS M4 A785 TD-V EVO ၏ စွမ်းဆောင်ရည်ကတော့ AMD 785 G Graphics Controller ၊ Radeon HD 4200 GPU ပဲဖြစ်ပြီး Direct X 10.1 နှင့် Shader Model 4.1 ကို Support လုပ်နိုင်ပါတယ်။ ထို့ပြင် HDMI 1.3 ကို Support လုပ်နိုင်တာကြောင့် Color အရည်အသွေးနှင့် Bandwidth ကတော့ အထူးကောင်းမွန် လှပါတယ်။


 







Radeon HD 4200 IGP တွင် Processor ပေါင်း ၄၀ ပါဝင်ပြီး Core Clock Speed ကတော့ 8500 MHz ရှိပါတယ်။ ASUS မှ ထို Graphic Card နှင့် Sideport Memory ကို ပေါင်းစပ်ခဲ့ပြီး Graphic Subsystem အား မြန်ဆန်စွာ လုပ်ဆောင်နိုင်စေပါတယ်။ ထို့ကြောင့် IGP Overclocking အလွယ်တကူပြုလုပ်လာနိုင်စေပြီး Phenom II Processor ၏ စွမ်းဆောင်ရည်ဟာလည်း Motherboard နှင့် လိုက်ဖက်မှုရှိလှပါတယ်။
 
AMD 785 G/SB 710 Chipsets
AMD 785 G Chipset ဟာ Direct x 10.1 ကို Support လုပ်နိုင်ပြီး Windows 7 အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ထို့ပြင် Video Transcoding နှင့် Graphic-Intensive Application များအသုံးပြုရာတွင် ပိုမိုမြန်ဆန်စွာ စွမ်းဆောင်နိုင်စေပြီး ထို Chipset အတွင်း AMD မှနည်းပညာ အသစ်များထည့်သွင်းထားခဲ့ပါတယ်။ Performance ကတော့ AMD ၏ ယခင် IGP များနှင့် သိပ်မကွာခြားလှဘဲ အချို့သောပြင်ဆင်ပြောင်းလဲမှုများကိုသာ ထပ်မံထည့်သွင်းခဲ့ပါတယ်။
 













AUSU M4A785TD-V EVO ဟာစွမ်းဆောင်ရည်ပြည့်ဝသည့် Motherboard ဖြစ်ပြီ3းD Graphicနည်းပညာအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ထို့ပြင်အသုံးပြုထည့်သွင်းထားသော Hardware များနှင့် နည်းပညာများကြောင့် အသုံးပြုသူများ နှစ်ခြိုက်စေနိုင်မည့် Motherboard ဖြစ်ပါတယ်။
 



No comments:

Post a Comment