ကျွန်တော်တို့ ယနေ့အချိန်အခါမှာ Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက် ကြတယ်ဆိုတာဟာ
အထူးအဆန်း ခက်ခဲတဲ့ကိစ္စတွေ မဟုတ်ကြတော့ပါဘူး။ Computers တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်နိုင်ဖို့ဆိုတာဟာလည်း ပစ္စည်းကိရိယာတွေ နည်း ပညာတွေတိုးတက် ကျယ်ပြန်လာတာနဲ့အမျှ ယခင်တုန်းကလို ပညာရှင်ကြီးတွေကို အားကိုး တစ်ကြီးဖိတ်ခေါ်ပြီး ခက်ခက်ခဲခဲအကုန်အကျများများ အသုံးပြုရလောက်အောင်
မခက်ခဲတော့ ပါဘူး။ အဲ ဆောရီးနော် Network လေး တွေကိုပြောတာ။ ကိုယ်ချိတ်မယ့် Network
ရဲ့ အမျိုး အစား၊ အသုံးပြုမယ့်နေရာ (ဘယ်လိုပုံစံ ဘယ်လိုလုပ်ငန်းမျိုးလဲ
ဆိုတာကိုလဲပါတာပေါ့နော်) ပြီးတော့ Computers အလုံးအရေအတွက် ဘယ်လောက်များများကို ချိတ်ဆက်မှာလည်းဆို တာတွေအပေါ်မှ
မူတည်ပြီးတော့ ကြီးရင်ကြီးသလို၊ ကျယ်ပြန့်ရင် ကျယ်ပြန့်သလို အခက်အခဲ အနည်းငယ်နဲ့
ပညာရှင်အကူအညီတော့ လိုပါလိမ့်မယ်။
Network တစ်ခုကို အကွာအဝေးပေါ်မူတည်ပြီး အဓိက(၃)မျိုးခွဲလို့ရတယ်။
(၁) Local Area Network (LAN)
အရွယ်အစားအားဖြင့် အသေးဆုံးပါပဲ။ ပုံမှန်အားဖြင့်တော့ အဆောက်အဦးတစ်လုံးထဲမှာ ဒါမှ မဟုတ် ခြံဝင်းဧရိယာ တစ်ခုထဲအတွင်းက အဆောက်အအုံများမှာရှိတဲ့ Computerတွေကို ချိတ်ဆက်ထားရုံလောက် အရွယ်ပမာဏပါပဲ။သီဝရီအားဖြင့်တော့မီတာ ၂၅၀၀ အတွင်းတပ် ဆင်ထားတဲ့ ကွန်ရက်မျိုးကို LAN လို့ခေါ်သဗျ။
Network တစ်ခုကို အကွာအဝေးပေါ်မူတည်ပြီး အဓိက(၃)မျိုးခွဲလို့ရတယ်။
(၁) Local Area Network (LAN)
အရွယ်အစားအားဖြင့် အသေးဆုံးပါပဲ။ ပုံမှန်အားဖြင့်တော့ အဆောက်အဦးတစ်လုံးထဲမှာ ဒါမှ မဟုတ် ခြံဝင်းဧရိယာ တစ်ခုထဲအတွင်းက အဆောက်အအုံများမှာရှိတဲ့ Computerတွေကို ချိတ်ဆက်ထားရုံလောက် အရွယ်ပမာဏပါပဲ။သီဝရီအားဖြင့်တော့မီတာ ၂၅၀၀ အတွင်းတပ် ဆင်ထားတဲ့ ကွန်ရက်မျိုးကို LAN လို့ခေါ်သဗျ။
(၂) Metropolitan Area Network (MAN)
အဲသူကတော့ LAN ထက်
နည်းနည်းပိုကြီးတယ်ဗျ။ ဒီအမျိုးအစား Network တွေကတော့ 100 Kilometers
အကွာအဝေးအတွင်းမှာရှိတဲ့ Computer တွေကို လွှမ်းခြုံချိတ်ဆက်နိုင်ပါ တယ်။ ယနေ့ခေတ်
Wimax တွေဟာဆိုရင်လည်း MAN လို့ ပြောလို့ရပါတယ်။
(၃) Wide Area Network (WAN)
ကဲသူကတော့ အရွယ်အစားအားဖြင့်
အကြီးဆုံးပါပဲ။ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံမှာရှိတဲ့ Computer တွေ
ကုန်ကုန်ပြောရရင် တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်းမှာရှိတဲ့Computer တွေကို လွှမ်းခြုံထားနိုင်တဲ့ အထိကြီးပါတယ်။ အဓိက ဥပမာပေးရမယ်ဆိုရင်တော့ အင်တာ နက်ကြီးဖြစ်ပါတယ်။
Notes။
။Network (3) မျိုးထဲမှာ MAN ကတော့ အနည်းငယ်လောက်ဘဲ တွေ့မြင်နိုင်ပါ တယ်။ များသောအားဖြင့် LANအမျိုးအစား WANအမျိုးအစားရယ်လို့သာ Networksတွေကို ခွဲခြားခေါ်ဆိုကြပါတယ်။ ပြီးတော့
ကျွန်တော်တို့ ယနေ့ခေတ် တွင်တွင်ကျယ်ကျယ်သုံးနေ ကြတဲ့ Internet ဆိုတာကြီးကလည်း WAN
အကြီးစားကြီး ဆိုတာပါပဲ။
ခုနကဟာက အရွယ်အစားနဲ့ ခွဲတာပါ။ အခုနောက်တစ်မျိုး ထပ်ခွဲပြပါဦးမယ်။ Domain Model နဲ့ Workgroup Model ဆိုပြီးတော့ပါ။ Domain Model ဆိုတာကတော့ DomainController ပါတဲ့ Network တွေကို ခေါ်တာပါ။ ဒါဆိုရင် Domain Controller ဆိုတာဘာလဲ။ မသိသေး တဲ့လူ ရှားပါလိမ့်မယ်။ ဒါပေမယ့် ခုမှ Network ကိုစပြီး လေ့လာလိုက်စားမယ်လို့ ရည်ရွယ် ထားတဲ့လူများအတွက် ကျွန်တော်ပြောပြချင်ပါတယ်။ Domain Controller ဆိုတာက Microsoft Company က သူတို့ရဲ့ Operating System တစ်ခုဖြစ်တဲ့ WindowsNT Server Version မှာ စတင် ထည့်သွင်း မိတ်ဆက်ပေးခဲ့တဲ့ နည်းပညာတစ်ခုပါ။ ဘယ်နေရာမှာ သုံး တာလဲ။ သူကပြောရမယ်ဆိုရင်တော့ အဆင့်မြင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ Server တစ်လုံးပါပဲ။ ဘာတွေကို စီမံခန့်ခွဲတာလဲ။ ဟုတ်ပါပြီ။ သူက Network တစ်ခုလုံးကို လုံးဝထိန်းချုပ် စီမံနိုင် ပါတယ်။ Network တစ်ခုလုံးအတွင်းက User တစ်လုံးချင်းစီကိုထိန်းချုပ်ထားနိုင်တယ်။ ဒါတင်ပဲလား။ ဘယ်ကမလဲဗျာ... Network တစ်ခုလုံးအတွင်းက Computer တစ်လုံးချင်းစီ ကိုရော တစ်ခြား Printer တို့ Scanner တို့လို Network အတွင်းမှာ ထည့်သွင်းချိတ်ဆက် ထားသမျှ ပစ္စည်းတစ်ခုချင်းကိုလည်း ကောင်းကောင်း ထိန်းချုပ်စီမံခန့်ခွဲနိုင်ပါတယ်။ အဲဒီလို Server (Domain Controller ဖြစ်နေတဲ့ Serverပေါ့နော်) ပါတဲ့ Network မျိုးကို Domain Model လို့ခေါ်ပါတယ်။ ဒီလို Network မျိုးကတော့ နည်းပညာရှင် အကူညီလိုပါလိမ့်မယ်။
ခုနကဟာက အရွယ်အစားနဲ့ ခွဲတာပါ။ အခုနောက်တစ်မျိုး ထပ်ခွဲပြပါဦးမယ်။ Domain Model နဲ့ Workgroup Model ဆိုပြီးတော့ပါ။ Domain Model ဆိုတာကတော့ DomainController ပါတဲ့ Network တွေကို ခေါ်တာပါ။ ဒါဆိုရင် Domain Controller ဆိုတာဘာလဲ။ မသိသေး တဲ့လူ ရှားပါလိမ့်မယ်။ ဒါပေမယ့် ခုမှ Network ကိုစပြီး လေ့လာလိုက်စားမယ်လို့ ရည်ရွယ် ထားတဲ့လူများအတွက် ကျွန်တော်ပြောပြချင်ပါတယ်။ Domain Controller ဆိုတာက Microsoft Company က သူတို့ရဲ့ Operating System တစ်ခုဖြစ်တဲ့ WindowsNT Server Version မှာ စတင် ထည့်သွင်း မိတ်ဆက်ပေးခဲ့တဲ့ နည်းပညာတစ်ခုပါ။ ဘယ်နေရာမှာ သုံး တာလဲ။ သူကပြောရမယ်ဆိုရင်တော့ အဆင့်မြင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ Server တစ်လုံးပါပဲ။ ဘာတွေကို စီမံခန့်ခွဲတာလဲ။ ဟုတ်ပါပြီ။ သူက Network တစ်ခုလုံးကို လုံးဝထိန်းချုပ် စီမံနိုင် ပါတယ်။ Network တစ်ခုလုံးအတွင်းက User တစ်လုံးချင်းစီကိုထိန်းချုပ်ထားနိုင်တယ်။ ဒါတင်ပဲလား။ ဘယ်ကမလဲဗျာ... Network တစ်ခုလုံးအတွင်းက Computer တစ်လုံးချင်းစီ ကိုရော တစ်ခြား Printer တို့ Scanner တို့လို Network အတွင်းမှာ ထည့်သွင်းချိတ်ဆက် ထားသမျှ ပစ္စည်းတစ်ခုချင်းကိုလည်း ကောင်းကောင်း ထိန်းချုပ်စီမံခန့်ခွဲနိုင်ပါတယ်။ အဲဒီလို Server (Domain Controller ဖြစ်နေတဲ့ Serverပေါ့နော်) ပါတဲ့ Network မျိုးကို Domain Model လို့ခေါ်ပါတယ်။ ဒီလို Network မျိုးကတော့ နည်းပညာရှင် အကူညီလိုပါလိမ့်မယ်။
နောက်တစ်မျိုးကတော့ Workgroup Model
ပါ။ သူ့ကို တစ်ခါတစ်လေကျတော့လည်း peer-to-peer Network လို့ ညွှန်းကြပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီ Network မှာ Server ဆိုတာမျိုးတွေ မပါလို့ပါပဲ။ Server ဆိုတာကတော့
သိတယ်မလား။ ခုနက Domain Controller လိုမျိုး ကိုယ့် Network ကို
ထိန်ချုပ်ပေးတာမျိုးတွေ၊ ကိုယ့် Network ထဲက User တွေလိုချင်တဲ့သတင်းအချက်အလက်တွေ၊
Software တွေ၊ ပြီးတော့ User တွေ သူတို့ရဲ့ Data တွေကို သိမ်းနိုင်ဖို့
နေရာပြန်ယူတဲ့နေရာ (ပြောရမယ်ဆိုရင် Database လိုမျိုးပေါ့) စတာတွေကို ပေးစွမ်းထောက်ပံ့ပေးနိုင်တဲ့
စွမ်းရည်ပြည့် Computer တွေကို Server လို့ ပြောတာပါ။ ဒီ Workgroup Model မှာတော့
အဲဒီလို Server ဆိုတာမျိုးတွေ မပါဘူးဗျ။ သူတို့က ကိုယ်စီကိုယ်ငှ ကိုယ်နိုင်သလောက်
သူများကို ပေးတယ်။ သူများဆီကလည်း သူတို့ပေးနိုင်သလောက်ပဲ ယူတယ်။ ပြောရမယ်ဆိုရင်
သူတို့အားလုံးဟာ Same Class ပေါ့ဗျာ။
အချင်းချင်းသူ့ရှိကိုယ်စား၊ ကိုယ်ရှိဖွက်စားအဲလေ....
ဟုတ်ပါဘူး။ လုပ်နေကျတွေပေါ်ကုန်ပြီ။ ဟာ ယောင်လို့တကယ်မထင်နဲ့နော် နောက်တာ။ အချင်းချင်းအပေးအယူ မျှမျှတတပဲပေါ့ဗျာ။ ကိုယ်လိုသလောက်ကလည်း သူပေးသလောက်နဲ့ လောက်တယ်။ ကိုယ်ပေးနိုင်သလောက် နဲ့လည်း သူကအဆင်ပြေတယ်။ ထူးထူးခြားခြား အားလုံးအတွက်လိုက်လုပ်ဆောင်ပေးရမယ့်
Hero မျိုး (Server တွေကို ပြောတာနော်) မလိုဘူးပေါ့ဗျာ။ ဒီလို Network
မျိုးလောက် ကတော့ တော်ရုံတန်ရုံ Network အကြောင်းကို နားလည်ရုံနဲ့လုပ်ဆောင်နိုင်ပါလိမ့်မယ်။
ဟာ ဒီလိုဆိုရင် တော်ရုံတန်ရုံလောက်ကတော့ Workgroup Model ပဲ ချိတ်ဆက်တော့ မှာပေါ့။ ဘာလို့ ရှုပ်ယှက်ခတ်မယ့်
Domain Modelကိုချိတ်တော့မှာလဲ။ မေးစရာရှိလာနိုင် ပါတယ်။ ဟုတ်ကဲ့
ကျွန်တော်ဖြေလိုက်ပါတော့မယ်။
Domain Modelနဲ့ Workgroup Model နဲ့
ဘာကွာသလဲဆိုတော့ အဓိကကတော့ Advantages မှာ ကွာပါတယ်။ Workgroup Model နဲ့
မဖြစ်နိုင်တာတွေကို Domain Model ကလုပ်နိုင်ပါတယ်။ အရင်ဆုံးပဲ Domain Model ရဲ့
အခရာဖြစ်တဲ့ Domain Controllers တစ်ခုထဲကိုပဲ ကြည့်ပါဦး။ သူတစ်ယောက်တည်းနဲ့တင်
(အဲလေ စက်ဆိုတော့ သူတစ်လုံး တည်းနဲ့တင်ပေါ့နော်) Network တစ်ခုလုံးကို
ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်တယ်။ ဘယ် User က ဘယ်စက်တွေကို ဘယ်အချိန်မှာ
သုံးခွင့်ရှိတယ်။ ဘယ်လို Software တွေ သုံးခွင့် ရှိတယ်။ ဘယ်လို Software
တွေ သုံးခွင့် မရှိဘူး။ ဘယ် File တွေ Folder တွေကိုတော့ ကြည့်ခွင့်ရှိတယ်။
သုံးခွင့်ရှိတယ်။ ဘယ် File တွေ Folder တွေကိုတော့ကြည့်ခွင့်ရှိတယ်။
သုံးခွင့်ရှိတယ်။ ဘယ် File တွေ Folder တွေကိုကျတော့ ကြည့်ရုံပဲ ကြည့်ရမယ်။ ဘယ်
File တွေ Folder တွေကိုတော့ ကြည့်လို့တောင်မရဘူး။ စတာမျိုးတွေကို အဲဒီ Domain
Controllers တစ်လုံးတည်းပေါ်မှာတင် စိတ်ကြိုက်စီမံခန့်ခွဲ Configured
လုပ်ထားလို့ရတယ်။ အဲဒီလိုလုပ်ထားတာဟာ Network ပေါ်က တစ်ခြား Computers တွေ အားလုံးပေါ်မှာ သွားပြီး
Automatic သက်ရောက်တယ်။ သူတို့ပေါ်မှာ သွားပြီး Configured လုပ်စရာ
မလိုတော့ဘူး။ အဲဒါကို Centralized Administration လုပ်နိုင်တယ်လို့ခေါ်တယ်။
ပြီးတော့အဓိက ကောင်းကျိုး အဲဒါကတော့ Software တွေကိုလည်း Computer တစ်လုံးစီ အတွက် ၀ယ်စရာ မလိုတော့ဘူး။ Database Server လို Server မျိုးမှာSoftware တွေကို သိမ်းထားပြီးရင် ဘယ် User က ဘယ် Software ကိုလှမ်းယူရင် ခွင့်ပြုမယ်။ ဘယ် Software ကို လှမ်းသုံးရင် ခွင်မပြုဘူးဆိုပြီး Configured လုပ်ထားရင်ပြီးပြီ။ ပြီးတော့ အဲဒီ Database Server မှာပဲ User တွေရဲ့ Data တွေကို သိမ်းခိုင်းမယ်။ ဘယ် User က Disk Space ဘယ်လောက်ယူ၊ ဘယ် User က Disk Spaceဘယ်လောက်ယူ စတာတွေကို Configured လုပ်ထားလိုက်ပြီးပြီ။
ပွဲသိမ်းပဲ။ အဲဒီတော့ ကိုယ့်ရဲ့
သတင်းအချက်အလက်တွေဟာလည်း အမြဲ Update ဖြစ်နေ မယ်။ ဒီဘက်က Userက သိမ်းလိုက်တဲ့ Data
ကို ချက်ချင်းပဲ ဟိုဘက်က တစ်ခြား User တွေက လှမ်းယူနိုင်မယ်။ လှမ်းမြင်နိုင်မယ်လေ။
ဘယ်လောက်မိုက်သလဲ။ Customers တွေ အတွက်ပိုကောင်းတာပေါ့။ ဒါတင်ပဲလား။ ဘယ်ကမလဲ။
တစ်ခြား Printer တွေ၊ Scanner တွေကိုလည်း ဒီအတိုင်းပဲ။ ဘယ် User က Printer ကို
သုံးခွင့်ရှိမယ်။ ဘယ် User က Scanner ကို သုံးခွင့်ရှိမယ်။ ဘယ် Userကတော့ သုံးခွင့်မရှိဘူး။
ဒါမျိုးတွေပေါ့။ အများကြီး ကျန်ပါသေးတယ်။ အဲဒါမျိုးကို Centralized Resource
Sharing လို့ ခေါ်ပါတယ်။
အဲ လူအများအပြောဆုံး Security
ပိုင်းကတော့ကျွန်တော် သိပ်မညွှန်းတောင် မြင်နိုင်ကြပြီ ထင်ပါတယ်။ အပေါ်မှာ ပြခဲ့သလိုပဲ User တွေကိုရော စက်ပစ္စည်းတွေကိုရော ဒီလောက်ထိ အသေးစိတ်
စီမံခန့်ခွဲနိုင်နေမှတော့ တော်ရုံ မလိုလားအပ်တဲ့အခွင့်မရှိဘဲ ၀င်ရောက်ခိုးယူ သုံးစွဲတာတွေ ပြင်ပက မဆိုင်သူတွေ ကြားဝင်ပြီး သတင်းအချက်အလက် ခိုးယူမှုဆိုတာတွေ ဟာလည်း အလိုလို
ကာကွယ်ထိန်းချုပ်ပြီးသား ဖြစ်နေပြီပေါ့ဗျာ။
ကဲကဲ ဒီလောက်ဆိုရင်တော့ Domain Model
ရဲ့ ကောင်းကျိုးတွေကို တော်တော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ပြီးတော့လဲ
စိတ်ထဲမှာ ဟာ ဒီလိုဆိုရင်Workgroup Model ကျတော့ သုံးစားလိုကော ရပါဦးမလားလို့
ထင်သွားတယ်မလား။ ဒါကတော့ ဒီလိုရှိတယ်ခင်ဗျ။ Workgroup Model မှာလည်း
ကောင်းကွက်လေးတွေရှိပါသေးတယ်။
အဲ အဓိက အကျဆုံးကတော့ ကုန်ကျစရိတ်ပဲခင်ဗျ။ သူကတော့ Domain Controllers တို့လို Server မျိုးတွေမပါတဲ့အတွက်စွမ်းရည်မြင့်Computers တွေဝယ်စရာမလိုဘူး။ သူလိုကိုယ်လို ပုံမှန်Computer လောက်နဲ့ရတယ်။ သူက Centralized administration အပိုင်းကတော့ လုံးဝမရနိုင်ပါဘူး။ User တစ်ဦးချင်းစီရဲ့ User Name,Password တွေကို အဲဒီ User ကို ပေးသုံးမယ့် Computers တိုင်းမှာ သွားပြီး Configured လုပ်ထားရပါမယ်။ သူကတော့ ကွန်ပျူတာတွေကို အဓိကထားပြီး ချိတ်ဆက်ထားတဲ့ပုံမျိုးဗျ။ ဆိုလိုတာက Data Sharing မှာ ဆိုရင်ဗျာ ဘယ်ကွန်ပျုတာရဲ့ ဘယ် Folder ကို (ဥပမာ ComputerAရဲ့ Youth ဆိုတဲ့ Folderကိုပေါ့ဗျာ) Networkပေါ်မှာ Share ပေးထားပါတယ် ဆိုတာမျိုးပေါ့။ အဲဒါဆို Network ပေါ်က ကွန်ပျူတာတိုင်းက အဲဒီ Share ပေးထားတဲ့ Folder ကို ဘယ် Users မဆို တွေ့နေရမယ်။ No limitation ပေါ့ဗျာ။ သတင်းအချက်အလက်တွေကို Update အဖြစ် အမြဲတမ်း ရနေစေချင်တယ် ဆိုရင်တော့ ဒါကို Neglect လုပ်ထားလိုက်ပေါ့ဗျာ။
အဲ ပြီးတော့ ကောင်းကျိုးတစ်ခု ဒါကတော့
တကယ့်ကို Network တစ်ခုချိတ်လိုက်ပြီဆိုရင် ဘယ်လို Network မဆို ရနိုင်တဲ့
အချက်ပေါ့။ Printer တွေ Scanner တွေကို Shared ပေး ထားနိုင်တယ်။ Network Printer,
Network Scanner အနေနဲ့ပေါ့။ ပြီးတော့ စက်တစ်လုံးကို Data သိမ်းဖို့ သက်သက်
ဖယ်ထားနိုင်တယ်။ Database Serverမဟုတ်ဘူးနော်။ အဲဒီစက်ရဲ့ Drive
တစ်ခုလုံးဖြစ်ဖြစ်ကို Shared ပေးပြီး Network ပေါ်က အဲဒီစက်ရဲ့ Drive တစ်ခုလုံး ဖြစ်ဖြစ်ကို Shared ပေးပြီး Networkပေါ်က တခြားစက်တွေက Data တွေ သိမ်းတာ လှမ်း ယူတာ
လုပ်နိုင်တာမျိုးပါ။ Centralized မဟုတ်ပေမယ့် ကောင်းမွန်တဲ့ Resource Sharing ပါ။
သူလဲ Security ကို တော်တော်လေး
ထိန်းချုပ်နိုင်ပါတယ်။ စက်တိုင်းမှာ သက်ဆိုင်တဲ့ Users တွေရဲ့ User Name တွေနဲ့Password
တွေကိုပဲ Configure လုပ်ထားလျင်မဆိုင်သူတွေ ၀င်ရောက်သုံးစွဲဖို့ လုံးဝမလွယ်ကူပါဘူး။
အဓိကကတော့ ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာ
မူတည်ပြီး ကိုယ့်ရဲ့လုပ်ငန်းက ဘယ်လို Model မျိုးနဲ့ ဖြစ်နိုင်မယ်ဆိုတာကို
သုံးသပ်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းက အရမ်းကြီးမားတယ်။
ဝန်ထမ်းတွေကလည်း အများကြီးပဲ။
တစ်ယောက်နဲ့တစ်ယောက်ကို ပေးသုံးမယ့် Computer နဲ့ Resources တွေကလည်း အဆင့်တွေ
ပမာဏတွေ မတူဘူး။ အဲဒီတော့ Privacy က အ ရေးကြီးတယ်။ အဲဒါမျိုးဆိုရင်တော့ Domain Model မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်။ အဲလိုမဟုတ် ဘူး။ ကျွန်တော်တို့ လုပ်ငန်းမှာကတော့ ၀န်ထမ်းလည်း
သိပ်မများပါဘူး။ တစ်ယောက်နဲ့တစ် ယောက်ကြားမှလည်း သုံးစွဲပိုင်ခွင့်တွေက
သိပ်မကွာပါဘူး။ Privacy ဆိုတာလည်း ဒီလောက် မလိုပါဘူး။ အရေးကြီးတာ ၀န်ထမ်းအချင်းချင်း သတင်းအချက်အလက်တွေကို ချက်ချင်း ဖလှယ်နိုင်ဖို့၊
Printer တွေ၊ Scanner တွေ Shared လုပ်ပြီးသုံးနိုင်ဖို့။ Shared လုပ်ပိုင်ခွင့်
Hard Disk Space များများရဖို့ အဲဒါတွေလောက်ရလျင် တော်ပါပြီဆိုလျင်တော့
စဉ်းစားမနေ နဲ့ Workgroup Model နဲ့သာ ကြိတ်လိုက် အဲလေလုပ်လိုက်။ ဟုတ်ပြီလား။
ကဲကဲစာလည်းတော်တော်ရှည်နေပြီ၊သိပြီးသားတွေများနေလို့ဒီကောင်ဒီလောက်လေးကိုများ ဒါလောက်တောင် ရေးနေရသလားလို့ သိပြီးသား ကိုကို၊ မမတွေက စိတ်ဆိုးသွားကြရင် လည်း တကယ်ကို တောင်းပန်ပါတယ်။ ဒီလောက်အထိ ဖတ်ပြီးတဲ့အချိန်မှာ တစ်စုံတစ်ရာ
ဗဟုသုတရသွားလို့ ဆိုပြီး ကျေနပ်ပီတိ ဖြစ်သွားတဲ့ ညီငယ်ညီမငယ်များ ရှိခဲ့မယ်ဆိုလျင်လည်း
ကျွန်တော်က ကြည်နူးပီတိ ဖြစ်ရပါတယ်။
မသိသေးတဲ့သူတွေအတွက် ရွှေပဲလေ
ReplyDelete