Thursday, October 11, 2018

ဆရာတွေစားတဲ့ဆိုင်


ကျွန်တော YOUTH  ကို မတည်ထောင်ခင်ကရော

တည်ထောင်ပြီးနောက်ပိုင်းရော အိမ်ထောင်မကျခင်အထိ

ထမင်းစားရင် ဆရာတွေဆိုင်မှာပဲစားတယ်။

ကိုယ်က ကွန်ပျူတာဆရာကိုး ဒီတော့ တော်ရုံဆိုင်ဘယ်စားမလဲ ဆရာတွေစားတဲ့ဆိုင်မှာပဲပေါ့

အမေ့ရဲ့ ထမင်းချိုင့်နဲ့ အဆင်ပြေခဲ့ရတဲ့နေ့တွေလည်း ရှိပါတယ်။

များသောအားဖြ YOUTH  ကိုတည်ထောင်ပြီး

တစ်ပတ်မှာမှ တစ်ခါ အိမ်ပြန်ဖြစ်တော့

အိမ်မပြန်ဖြစ်တဲ့နေ့တွေမှာ အမေ့ ထမင်းဟင်းအစား

ဆရာတွေဆိုင်မှာပဲ ကျွန်တော်သွားလွေးတယ်။

မန်္တလေး သင်တန်းခွဲကိုဖွင့်ပြီး ညီတွေကိုလွှဲထားပြီးနောက်

တစ်နေ့ မန်္တလေး သင်တန်းခွဲမှာ လိုနေတာလေးတွေ ပံ့ပိုးပေးဖို့သွားတော့

ထမင်းစားချိန်မှာ ညီ ဖြစ်သူက

အစ်ကို ဆရာတွေဆိုင်မှာ စားနိုင်သေးရဲ့လားတဲ့

စားနိုင်ပါတယ်ကွာ ဘ၀ဆိုတာမေ့လို့ဘယ်ဖြစ်မလဲ

ကျွန်တော်တို့ စားတဲ့ ဆရာတွေဆိုင်ဆိုတာ

ထိုင်စရာနေရာ ခုံတန်းလျားမှာတောင် တင်ပါးတစ်ခြမ်းစာပဲနေရာရတတ်တဲ့

လက်သမားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ စတဲ့

ဆရာ့ဆရာတွေ စားတဲ့ဆိုင်ကိုပြောတာ

No comments:

Post a Comment