Thursday, October 11, 2018

လမ်းခရီးတစ်နေရာ ...

နတ်လူသာဓု ခေါ်စေသော် ...


အရပ်ခေါ် ဒေါင်းသေချောင်း   ... အချိန်က အာရုဏ်ကျင်းစ ဝေလီဝေလင်း
ပတ်ဝန်ကျင်းက ၀ိုးတိုးဝါးတား   ...
တဖြည်းဖြည်း အလင်းရောင်ရလာသည်နှင့်အမျှ ရပ်ထားသော ခရီးသွားကားကြီး ကားငယ်များထဲမှ
လူများစွာသည် ဒေါင်းသေချောင်းအစပ်သို့ တဖွဲ့ဖွဲ့ရောက်လာကြ၏။
မကြာမှီပင် လယ်ထွန်စက်တစ်စီးသည် Hi-ace ကားတစ်စီးကိုဆွဲကာ
ဒေါင်းသေချောင်းတွင်စီးဆင်းနေသော ရေအလျဉ်ကို စတင်ကူးဖြတ်လေ၏။
လူအများကပို၍အုပ်အော်သောင်းနင်းဖြစ်လေ၏။
အချို့က အံ့သြဘနန်းရှိကြလေ၏။ အချို့က မမြင်ဖူးရမရှိလေအောင် ချောင်းစပ်သို့
တိုးဝှေ့ကြည့်ကြ၏။ အချို့က ကိုယ့်ကားဘယ်တော့ချောင်းထဲဖြတ်မောင်းမလဲစုံစမ်းကြလေသည်။
ဤအချိန်မှာပင် နောက် လယ်ထွန်စက်တစ်စီးက ကားတစ်စီးကိုထပ်မံဆွဲရာ လူများပို၍
ဝိုင်းအုံလာပြန်၏။ ခရီးသွားကားကြီးများကတော့ ဤချောင်းရေကို လင်းအားကြီးအချိန်ကျရင် ဖြတ်မောင်းနိုင်၏ ဟု အချို့ကဆို၏။ မည့်သို့ပင်ဤနေရာ၌ အုပ်အော်သောင်းနင်းဖြစ်လင့်ကစား  ..
““ အရှင်ဘုရား၊ အာရုဏ်ဆွမ်းများ ဘုဉ်းပြီးပလား၊ မဘုဉ်းရသေးရင် တပည့်တော်
ကပ်ပါရစေဘုရား ”” လူအုပ်များကြားထဲမှ ဘုန်းတော်ကြီးသည် ခပ်မဆိပ်ပင် ပင့်သူ ဒါကာ၏
နောက်သို့လိုက်ကာ အနားရှိဆိုင်မှ ဒါကာ ကပ်သော ဆွမ်းကို လက်ခံတော်မူလေသည်။
ဤကာလဒါနကို လက်လွတ်မခံ ဆက်ကပ်သော ပုဂ်္ဂိုလ်ကမည်သူနည်း  ...
အကျွန်ုပ်ပင်ဖြစ်ပေသည်။

No comments:

Post a Comment