Thursday, October 11, 2018

ဘယ်တော့မှ စိတ်ဓါတ်မကျပါနဲ့


    သင်တန်းအချိန်မှီရန် အိမ်ကနေ ကသောကမျောမောင်းထွက်လာတဲ့ ကျွန်တော့်ကားလေးဟာ

နေ့သစ်ရဲ့ အားမာန်တို့နှင့်အတူ ပေတစ်ရာလမ်းမပေါ်သို့ရောက်ရှိလာပါတယ်။
   
သို့သော်လည်း အဝေးကနေမီးပွိုင့်နီတော့မည်ကိုကြိုမြင်နေရာတာကြောင့် အရှိန်ကိုလျှော့လိုက်တဲ့

အချိန်မှာ ရှေ့ကမောင်းနေတဲ့ကားတွေအားလုံး မီးပွိုင့်လွတ်သွားပြီ ကျွန်တော့်တစ်စီးတည်းသာ

နောက်ဆုံးကနေ ကျန်ခဲ့ပါတော့တယ်။

ဟင်း သက်ပြင်းချလျက် သီချင်းတွေထဲကလို ငါကတော့ နောက်ကျပြန်ပြီဆိုပြီး စိတ်ထဲတစ်မျိုး

ဖြစ်လာပါတယ်။ ခုနက အားမာန်တစ်ချို့ဟာ ငါရုံးနောက်ကျတော့မှာပါလားဆိုတဲ့

စိတ်တွေအဖြစ်ပြောင်းလဲသွားကြပါတယ်။

    သို့သော်လည်း မကြာခင်မှာ မီးပွိုင့်စောင့်နေတဲ့ ကျွန်တော့်ကားနောက်မှာ ကားတွေထပ်ထပ်ပြီး

ရောက်လာပါတယ်။ အဲ့ဒီလိုကျပြန်တော့လည်း ကျွန်တော်က

အားလုံးရဲ့ရှေ့ဆုံးမှာရောက်နေပြန်ရော

No comments:

Post a Comment