Thursday, October 11, 2018
သားကြီးလာရင်ဘာလုပ်မလဲ
မိဘတိုင်းကကိုယ့်သားသမီးကိုမေးတတ်တဲ့စကားပါ။
အမေကကျွန်တော့်ကိုမေးတော့- ကျွန်တော်က
မီးရထားခေါင်းတွဲကြီးမောင်းမယ်လို့ဖြေတယ်။
အခုအသက်ကြီးလာတဲ့အထိ မန်္တလေးသွားလို့မီးရထားစီးရင်
ဘူတာရောက်တာနဲ့ မိန်းမကိုတွဲပေါ်မှာထားခဲ့ပြီး၊ ငါတို့တွဲတွေကိုဆွဲမယ့်ခေါင်းကဘယ်နိုင်ငံထုတ်လဲ၊
မြင်းကောင်ရေဘယ်လောက်လဲစသဖြင့် ခေါင်းတွဲကြီးကို မိန့်မိန့်ကြီးသွားကြည့်တတ်ပါတယ်။
ရထားမောင်းဆရာနှင့်တွေ့ရင် ရင်းနှီးအောင်စကားတွေပြောပြီးသိချင်တာမေးပါတော့တယ်။
တစ်ခါက ““ပလိပ်”” ဘူတာမှာ ရထားရှောင်တော့ ရတဲ့အချိန်လေးရထားမောင်းဆရာကို ကျွန်တော်လေ့လာချင်လို့ပါ ဆိုပြီးပြောတော့ သူကကျွန်တော့်ကိုခေါင်းတွဲပေါ်တက်စေပြီးရှင်းပြပေးပါတယ်။ ကျွန်တော်လည်းဝမ်းသာအယ်လဲ နားထောင်ပါတယ်။ အဲ့ဒီအချိန်မှာ
မိန်းမကို လူဆွဲသွားရင်တောင် သိမှာမဟုတ်ပါဘူး။
တကယ်တော့ ကျွန်တော်က ခေါင်းတွဲကြီးကနေစီးချင်တာလေ။
ခုချိန်ထိ အဲ့ဒီဆန်္ဒကပျောက်မသွားသေးဘူး။
၁၀ တန်းဖြေပြီးတော့ စိတ်က အင်ဂျင်နီယာဖြစ်ချင်ပြန်ရော။
ဒါပေမယ့် အမှတ်မမှီခဲ့ပါဘူး။
လောကကြီးကဒီလိုပါပဲ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရချင်မှရတာမဟုတ်လား။
ခုတော့လည်းစာရေးနေရတဲ့ဘ၀မှာ စာရေးဆရာအလုပ်ကို
မြတ်နိုးလာပြီး တိုင်းပြည်နှင့်လူမျိုးအတွက်
နေ့စဉ်နှင့်အမျှ သား အလုပ်တွေကြိုးစားလုပ်နေပါတယ် အမေ . . .
Subscribe to:
Post Comments (Atom)
No comments:
Post a Comment