Thursday, October 11, 2018
ဘ၀ဆိုတာနေတတ်မှ ...
ဆင်းရဲတဲ့သူတွေက ချမ်းသာချင်ကြတယ် . .
ချမ်းသာတဲ့သူတွေကျတော့လည်း ပို၍ ချမ်းသာချင်ကြတယ် . .
အားလုံးပြည့်စုံတဲ့သူကျပြန်တော့လည်း သူမှာတစ်ခုခုလိုချင်နေပြန်ရော . .
ကိုယ်လိုချင်တာကို ရဖို့အတွက် လူတွေဟာ လှုပ်ရှားရုန်းကန်သွားလာနေကြတယ် . .
အဲ့ဒီမှာ ဟန်ဆောင်တာတွေ၊ လိမ်ညာတာတွေ၊ မရိုးသားတာတွေဟာ လောဘ ကိုအခြေခံပြီး
မထင်မှတ်လောက်အောင် အကြောင်းအရာတွေဟာ သူ့အလိုလိုဖြစ်လာတယ်လို့ထင်ရတယ်။
တကယ်တော့ အရာရာတိုင်းမှာ အကြောင်းဆိုတာရှိပါတယ် . .
ပြီးတော့ အကျိုးဆိုတာဖြစ်လာတယ် . .
အဲ့ဒီအကျိုးဆက်တွေဟာ သူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး။
တစ်ခါတစ်ရံကျရင် အဲ့ဒီအကြောင်းတွေရဲ့ ကြားထဲကို သူ့အလိုလိုရောက်သွားတယ်လို့
ထင်ရလောက်အောင်တိုက်ဆိုင်တာတွေဖြစ်လာတတ်တယ်။
အဲ့ဒီအခါကျ လိုချင်တာတွေရခဲ့ရင်တော့အကြောင်းမဟုတ်ဘူး
မရခဲ့ရင်တော့ အပူဆိုတာဖြစ်လာရော . .
ဒါဆို ဘာမှမလုပ်ရတော့ဘူးလား . . မဟုတ်ပါဘူး . .
ဘ၀ဆိုတာ နေတတ်ဖို့ပဲ လိုတာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment