About HND

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တက်ခွင့်မရလို့ ဘာမှ စိတ်ပျက် အား ငယ်မှုတွေ ဖြစ်မသွားနဲ့နော်။ ဘ၀မှာအခြားရွေးချယ်စရာတွေ ရှိနေသေးတယ်ဆိုတာကို သိစေ ချင်ပါတယ်။ ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်တန်းဝင်လို့ရမယ့် Vocational Training ဖြစ်တဲ့ HND Diploma သင်တန်းများကို YIC မှာ လာရောက်တက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။


HND Diploma (UK) ဆိုတာဘာလဲ
   ပညာရေးနှင့် ပတ်သက်လျှင် ကမ္ဘာမှာ အင်မတန်ဂုဏ်သတင်းကျော်ဇောထင်ရှားတဲ့ Pearson ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Edexcel အဖွဲ့အစည်းဟာ ဆိုလျှင် အင်္ဂလန်နိုင်ငံ လန်ဒန် မြို့မှာ အခြေစိုက်ပြီး အင်္ဂလန်တွင် အကြီးမားဆုံးသော ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
    HND ဆိုတာ Higher National Diploma ဖြစ်ပြီး အဲ့ဒီ Edexcel အဖွဲ့အစည်းကြီးကနေပေးအပ် တဲ့ အဆင့်မြင့်ပညာရေး (Higher Education) ရဲ့ Diploma တစ်ခုဖြစ်ပါတယ်။
    Edexcel ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်တွင် Partner ပေါင်း ၂၅၀၀ ကျော်နှင့် တွဲဖက်လုပ်ကိုင် နေတာကြောင့် ၄င်းရဲ့ Diploma ကလည်း နိုင်ငံတကာ အသိအမှတ်ပြုဖြစ်ပါတယ်။
 


• YIC မှာ ဖွင့်လှစ်ပို့ချပေးနေတဲ့ Edexcel (UK) Diploma တွေကတော့ ၃ မျိုးရှိပါတယ်။ ၄င်း ၃ မျိုးကို လူကြီးမင်းတို့ကို မိတ်ဆက်ပေးပါရစေ။ 👍
• တစ်နှစ်ပဲတက်ရတဲ့ Level 3 National Diploma in IT (UK)
• နှစ်နှစ်တက်ရတဲ့ HND Diploma in Computing (UK)
• နှစ်နှစ်တက်ရတဲ့ HND Diploma in Business Management (UK)

📣 📣 တစ်နှစ်ပဲတက်ရတဲ့ Level 3 National Diploma in IT (UK)

• ဒီ သင်တန်းလေးကတော့ အချိန်သိပ်မပေးနိုင်တဲ့သူတွေ အလွယ်တကူတက်လို့ရစေမယ့် သင်တန်း လေးပါ။ 😍 ဒီ သင်တန်းရဲ့ ထူးခြားချက်လေးကတော့ ဒီသင်တန်းကို ဆယ်တန်းမအောင်သေးတဲ့ တနည်းအားဖြင့် ကိုးတန်းအောင်ပြီးတဲ့သူတွေလည်း တက်လို့ရပါတယ် 😮

• သင်တန်းမှာ သင်ကြားမယ့် အဓိကသင်ရမယ့် ဘာသာရပ်ပေါင်း ၉ ဘာသာရှိပြီး အခြေခံသင်ရမယ့် ဘာသာရပ်ကတော့ ၅ ဘာသာ အားလုံးပေါင်း ၁၄ ဘာသာ ရှိပါတယ်။ 🤓သင်တန်းဟာ ကျောင်းသားကို ဗဟိုပြုသင်ကြားကြတာဖြစ်ပြီး ဆရာပြောတာကို ထိုင်နား ထောင်၊ လိုက်ကူး၊ အလွတ်ကျက်ဖြေဆိုတဲ့ 🧠 စနစ်မဟုတ်ပါဘူး။ လက်တွေ့ကို ဦးစားပေးသင်ကြားတာ ဖြစ်ပြီး လက်တွေ့ဆန်တဲ့ 👨💻 👩💻Scenario Based မေးခွန်းတွေကို Assignment တင်တဲ့ပုံစံနဲ့ဖြေရတာဖြစ်ပါတယ်။

သင်တန်းကာလ - ၁ နှစ်
သင်ကြားရမည့်ရက် - တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ

📣 နှစ်နှစ်တက်ရတဲ့ HND Diploma in Computing (UK) (RQF)

• ဒီ သင်တန်းကတော့ Computing and Systems Development အပိုင်းကို သင်ကြားရတာဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ အဓိကဘာသာ ၁၅ ဘာသာ နဲ့ အခြေခံ ဘာသာ ၅ ဘာသာ Value Added အဖြစ်ထပ်ထည့်ပေးထားတဲ့ Vendor အထူးပြုဘာသာက ၂ ဘာသာ ထပ်သင်ရမှာဖြစ်ပါတယ်။
• Computing မှာက Vendor အရေးကြီးပါတယ် 💡။ ဒါကို သိတဲ့ YIC အနေနဲ့ Computing Diploma သင်တဲ့ ကျောင်းတွေမှာမှ အထူးခြားဆုံး နဲ့ တစ်ခုတည်းပံ့ပိုးပေးနိုင်တာက Vendor အထူးပြုဘာသာ ဖြစ်တဲ့ Cisco (USA) ရဲ့ CCNA, CCNP ၂ ဘာသာကို Value Added အဖြစ်ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ် 😊။ အဲ့ဒီ အပြင် ခုနောက်ပိုင်းရေပန်းစားလာသော MTCNA (MikroTik) 😮ပညာရပ်များပါထည့်သွင်းသင်ကြားသွား မှာ ဖြစ်ပါတယ်။
📣 သင်ကြားရတဲ့စနစ်က စနစ်ဟောင်း QCF (Qualifications and Credit Framework) မဟုတ်ဘဲ RQF (Regulated Qualifications Framework) ဖြစ်ပါတယ်။ ဒါကို သတိချပ်ဖို့လိုပါတယ် 😱

သင်တန်းကာလ - ၂ နှစ်
သင်ကြားရမည့်ရက် - တနင်္လာနေ့မှ သောကြာနေ့အထိ

📣 နှစ်နှစ်တက်ရတဲ့ HND Diploma in Business Management (UK) (RQF)

• ဒီ သင်တန်းကတော့ Business Management အပိုင်းကို သင်ကြားရတာဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ အဓိကဘာသာ ၁၅ ဘာသာ နဲ့ အခြေခံ ဘာသာ ၅ ဘာသာ Value Added အဖြစ်ထပ်ထည့်ပေးထားတဲ့ 📕 📘 အထူးပြုဘာသာက ၂ ဘာသာ ထပ်သင်ရမှာဖြစ်ပါတယ်။
• Business Management မှာ ယနေ့ခေတ်အရေးကြီးလာတာက Entrepreneur ဖြစ်ပါတယ်။ ဒါကြောင့် Business Management ဆိုပေမယ့်လည်း Entrepreneur ကို 👨💼ထည့်သွင်းသင်ကြားပေး ထားပါတယ်။ ဒါတင်ဘယ်ကဦးမလဲ။ ယနေ့ခေတ် အရေးပါလာတွေထဲမှာ Digital Marketing နောက်တစ်ခုက Social Enterprise ဒါကို သိတဲ့ YIC အနေနဲ့ Business Management သင်တဲ့ ကျောင်းတွေမှာမှ အထူးခြားဆုံး လေး 😮 ဖြစ်သွားအောင် Digital Marketing နဲ့ Social Enterprise ၂ ဘာသာကို Value Added အဖြစ်ထည့်သွင်းပေး ထားတာပဲဖြစ်ပါတယ်။
📣 သင်ကြားရတဲ့စနစ်က စနစ်ဟောင်း QCF (Qualifications and Credit Framework) မဟုတ်ဘဲ RQF (Regulated Qualifications Framework) ဖြစ်ပါတယ်။ ဒါကို သတိချပ်ဖို့လိုပါတယ် 😱

သင်တန်းကာလ - ၂ နှစ်
သင်ကြားရမည့်ရက် - တနင်္လာနေ့မှ သောကြာနေ့အထိ

🏫ဘယ်မှာ ဘယ်လို သင်ကြားရမှာလဲ ? 🏢
---------------------------------------
😎YIC ကျောင်းသားကျောင်းသူတွေ အတွက် Campus Learning Style ဖြစ်တဲ့ MICT Park မှာ သင်ကြားရမှာဖြစ်ပြီး -

• ကျောင်းသား အယောက် ၈၀၊ ၃၂ ယောက်၊ ၂၄ ယောက်ဆန့် စတဲ့ သပ်ရပ်ကျယ်ဝန်းတဲ့ စာသင်ခန်းတွေ အပြင် 🏢
• ကျောင်းသားကျောင်းသူတွေ ဘုရားဝတ်ပြုဖို့ ဘုရားခန်း 😇
• လှပသန့်ရှင်းတဲ့ Reception Area
• စာကြည့်တိုက် Student Area, 📚
• ကျောင်းသား/သူများ Fitness အတွက် Gym ခန်း 🏃♂️
• Sports အတွက် Dancing and Yoga Club, Table Tennis 🧘♂️ 💃🏻
• Computing ကျောင်းသားများအတွက် Lab အခန်း၊ 👨🏻💻
• အင်တာနက်တွင်လေ့လာနိုင်ရန်15Mbps Fiber Internet, 😮
• Online စာမေးပွဲတွေဖြေဖို့ VUE Test Center
• ကျောင်းသားကျောင်းသူများအတွက် တစ်ဦးလျှင် Laptop တစ်လုံးစီ ကျောင်းကပပံပိုးပေးထားခြင်း၊ သင်ခန်းစာအတွက်လိုအပ်တဲ့ Device တွေ Lab Equipment (Dell, IBM, HP Server များ၊ Firewall များ၊ Cisco Networking Device များ၊ KVM စသည်စသည်) တွေကို ခေတ်နှင့်အညီ ဖြည့်ဆည်းပေးပြီး လက်တွေ့ သင်ကြားစေခြင်း စတဲ့ စတဲ့ ပြည့်စုံကောင်းမွန်တဲ့ Facilities တွေပါဝင်တဲ့ MICT Park ထဲမှာ ဖွင့်လှစ်ထားတဲ့ YIC Campus အသစ်ကြီးမှ သင်ကြားရမှာဖြစ်ပါတယ်။
• ဒါတင် မကသေးပါဘူး YIC ဟာ 😎 နှစ်ပေါင်းများစွာ ကွန်ပျူတာ ပညာရပ်များ ကို သင်ကြားပို့ချလာတဲ့အပြင် Cisco Learning Partner လည်းဖြစ်ခဲ့ တာကြောင့် 😮 ကွန်ပျူတာပညာရပ်များကို ပိုမိုအထူးပြု သင်ကြားပေး နိုင်ခြင်းပဲ ဖြစ်ပါတယ်။
• Library မှာဆိုရင် လည်း ဘယ်မှာမှ မရနိုင်တဲ့ Cisco Systems Inc (USA) က ပေးအပ်တဲ့ Computer Networking နဲ့ ပတ်သက်တဲ့ စာ အုပ်တွေ ရှိပါတယ်။
• College မှာ ကျောင်းသားတွေ စာသင်နေစဉ်အတွင်း သက်တောင့်သက်သာရှိစေရန် စတီး ဆိုဖာ ထိုင်ခုံများကို အသုံးပြုပေးထားသည့်အပြင် ကြမ်းခင်းများကို ကိုရီးယား Laminate များခင်းပေးထား ခြင်းကြောင့် အနံ့အသက်ဆိုးများနှင့် Hygiene ကျန်းမာရေး ပြသာနာများကင်းဝေးစေပါတယ်။
• သင်တန်းတက် နေစဉ်ကာလအတွင်းမှာလည်း လုပ်ငန်းခွင် အတွေ့အကြုံရအောင် Excursion ထွက်ခြင်း၊ ပြင်ပမှ 👨🏫ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြား၍ YIC ၏ Auditorium Theater ထဲတွင် သင်ကြားပို့ချပေးခြင်းများလည်းရှိပါသေးတယ် 😎
• အခုဆိုလျှင် YIC ကနေ HND Diploma ရရှိပြီးသော ကျောင်းသားကျောင်း သူများကို Graduation Ceremony ကို Novotel Hotel တွင် ခမ်းနားစွာ ကျင်းပပေးခဲ့သလို Graduation Dinner ❤️ ကို ပါကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါ တယ်။ အဲ့ဒီအထဲက အချို့ဟာ လုပ်ငန်းခွင်ကို ၀င်ရောက်သွားကြပြီ ဖြစ်ပါတယ်။

• အဲ့ဒီအပြင် Pearson ကနေမှ ချီးမြှင့်သော Student Award များကို 🥇 🏆လည်း YIC မှ ကျောင်းသားများ က ရရှိနေကျပြီဖြစ်ပါတယ်။
• တိုင်းနှင့်ပြည်နယ်အသီးသီးမှ လာတက်ရောက်တဲ့ ညီငယ်ညီမငယ်များအတွက်လည်း အမျိုးသား အဆောင် အမျိုးသမီး အဆောင် သီးခြားစီ စီစဉ်ထားရှိပေးထားသလို ရန်ကုန်မြို့မှ တက်ရောက်မည့်သူများအတွက်လည်း 🚌 ကျောင်းကားစီစဉ်ထားရှိပေးထားပါတယ်။

🤔 Campus Learning Style က အရေးကြီးသလား . .
• ပညာသင်ယူတဲ့အခါမှာ လူငယ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ယူရဖို့ အရေးကြီးပါတယ်။ ဘွဲ့တွေရပြီး လုပ်ငန်းခွင် ၀င်ကျတဲ့အခါမှာ ကျောင်းသား ဘ၀ဆိုတာ တကယ်ပဲ လွမ်းဆွတ်ဖို့ ကောင်းလှပါတယ်။ ဒီအချိန်တွေ ပြန်မရ နိုင်တော့ပါဘူး။ 😥 ဒါကြောင့် ကျယ်ဝန်းလှတဲ့ MICT Park ထဲမှာ ကျောင်းတက်ရတာ စိမ်းလန်းတဲ့မြတ်ခင်းပြင်ပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ စာထိုင်ဖတ်ရတာ၊ လျှေက်လမ်းလေးတွေအတိုင်း Canteen သွားထိုင်ရတာတွေဟာ သူတို့လေးတွေရဲ့ဘ၀မှာ အမှတ်တရတွေ အများ ကြီး ဖြစ်ကျန်စေခဲ့မှာ အမှန်ပါပဲ . . 😎 ဒါကြောင့် မိဘတွေအနေနဲ့ ကျောင်း ရွေးတဲ့နေရာမှာ ဒီအချက်လေးကို မိမိတို့သားသမီးအတွက် ထည့်သွင်း စဉ်းစားပေးတာဟာ သိပ်ကိုအဓိကကျတဲ့ မိဘတွေရဲ့ စေတနာပါပဲ။ 😍 ဒါကြောင့် MICT Park ထဲမှာ ဖွင့်ထားတဲ့ YIC မှပညာသင်ကြားရတာဟာ တကယ့်ကို Campus Learning Style ပါပဲ။
😎 သင်တန်းကာလအတွင်းမှာလဲ စာတွေပဲ သင်နေရမှာမဟုတ်ဘဲ သက်ဆိုင်ရာ ရာသီအလိုက် Student Activities (Fresher Welcome များ၊ သီတင်းကျွတ်မီးထွန်ပွဲများ၊ ကထိန်၊ ကျောင်းသင်္ကြန် 😮၊ စသည်) များကို လည်း လုပ်ရမှာမို့ တကယ့် တက္ကသိုလ်ကျောင်းသားဘ၀ အရသာကိုခံစားရမှာပါ။ 😀

🔔 သင်တန်းကာလနှင့် သင်တန်းကြေး
• Foundation ကိုအရင်တက်ရပါတယ်။ Foundation က ၄ လ ကြာမြင့်ပါတယ်။ သင်တန်းကြေးနှင့် Edexcel ကို Register လုပ်ရတဲ့ Fees နှစ်ခုပေါင်းကတော့ ၁၇ သိန်းကျပ်ဖြစ်ပါတယ်။
• Foundation ပြီးသွားတဲ့အခါ HND Diploma ကိုဆက်တက်ရမှာပါ။ ကိုယ်က Computing ကို ယူထားရင် 👨💻Computing ပေါ့ Business Management ကို ယူထားရင်တော့ Business Management ကို 👨💼ဆက်တက်ရမှာပါ။ ကာလကတော့ ၂ နှစ် တက်ရပါတယ်။ ၄င်း ၂ နှစ်က တက္ကသိုလ် ပထမနှစ် နှင့် ဒုတိယ နှစ် အနေဖြင့် ညီမျှပါတယ်။ 👩🎓သင်တန်းကြေးကတော့ ပထမ နှစ်အတွက် ကတော့ ၃၀ သိန်း ဖြစ်ပြီး ဒုတိယနှစ်အတွက် ၃၅ သိန်း ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးပေါင်းလိုက် ရင် ၈၂ သိန်းပဲ ကျပါတယ်နော် 😮 သင်တန်းကြေးကို Semester အလိုက်ခွဲသွင်းလို့ရပါတယ်။ 😍 သင်တန်းကြေးခွဲသွင်းလို့ရတဲ့အတွက် မိဘတွေအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူးပေါ့နော် 😀 😀

ကဲ ဒီထက် အသေးစိတ်ပိုသိချင်တယ်ဆိုရင် ဒါမှမဟုတ် College ကိုလည်း လာ လေ့လာချင်တယ်ဆိုရင် တော့ -
၂၀၅-၂၁၁, အဆောင် (၁၈), MICT Park (AYA Bank အပေါ်ထပ်), လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ် : ဖုန်း ၀၉-၉၆၅၀၀၃၅၉၆ , ၀၉-၇၈၅၀၀၃၅၉၆ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


No comments:

Post a Comment