Thursday, October 11, 2018
ကပ်စေးနဲလိုက်ပုံများ
ကိုဇော်လင်း ဆိုတဲ့လူ ကပ်စေးနဲတာများ အခုမှမဟုတ်ဘူး
ငယ်ငယ်ကတည်းက - - - - -
စက်ဘီးကို နာရီနဲ့ ငှားစီးတာ ငယ်ဘ၀က ကိုယ်ပိုင်စက်ဘီးမရှိတဲ့ ကလေးတိုင်း
သူလည်း ငှားစီးတာပဲ - - - ဒါပေသိ တခြားကလေးတွေနဲ့ မတူတာက
စက်ဘီးကို အရမ်းမြန်မြန်နင်းတာပဲ။
တခြားကလေးတွေက ““ဟေ့ကောင် ဘာလို့ အဲဒီလောက်တောင် စက်ဘီးကို
သဲကြီးမဲကြီး နင်းရတာလဲ”” ဆိုတော့
ဒီကလေးက ဘာပြောတယ်မှတ်တုန်း ““ အချိန်ပြည့်သွားမှာစိုးလို့ကွ”” တဲ့။
ခုလည်း ကြည့်လေ ကြီးလာတော့လည်း အကျင့်ကမပျောက်ဘူး။
ကားမောင်းတော့ လီဗာကို အမြဲမနင်းဘူး။
အရှိန်လေးရလာရင် Free ရိုက်လိုက်တယ်။ အရှိန်ကုန်သွားရင် လီဗာ ပြန်နင်းတယ်။
ကုန်းဆင်းလို နေရာမျိုးဆို ပြောမနေနဲ့တော့ ကျိန်းသေ Free ရိုက်ပြီပဲ။
ဘယ်ကားမဆို သူ့ကားကို ကျော်သွားတာချည်းပဲ။
တနေ့ မိတ်ဆွေတစ်ယောက်က ကားပျက်နေတာနဲ့ သူ့ကားနဲ့ လမ်းကြုံလိုက်ပါလေရော Free ရိုက်ရိုက်နေတာ ကြာတော့ မိတ်ဆွေဖြစ်သူက
““ ဇော်လင်းရာ Free မရိုက်ဘဲ ပုံမှန် လီဗာနင်းမောင်းသွားလို့လည်း ဆီက ဘယ်လောက်မှ ပိုကုန်မသွားပါဘူးကွာ”” ဆိုပြီး စိတ်မရှည်တဲ့ လေသံနဲ့ပြောတယ်။
ဒီတော့ ဇော်လင်း ဆိုတဲ့သူက ““ ငါက ဆီကုန်မှာ စိုးလို့မဟုတ်ဘူးကွ””
ဒီလိုပြောတော့ ““မိတ်ဆွေဖြစ်တဲ့သူက မျက်လုံးပြူးသွားတယ်””
သိချင်ဇောနဲ့ ““ ဒါဆို ဘယ်လိုဖြစ်လို့တုန်း”” ဆိုတော့ ဇော်လင်းက
““ငါက အရှိန်တွေကို နှမြောလို့ကွ””
Subscribe to:
Post Comments (Atom)
No comments:
Post a Comment