Tuesday, October 9, 2018

DHCP ပြဿနာများ



DHCP ဆိုတဲ့ Dynamic Host Configuration Protocol ကတော့ Network သမားတိုင်းမသိတဲ့ သူမရှိဘူးလို့ပြောရမှာပါပဲ။ သူက IP Address တွေကို Automatically ချပေးနိုင်တဲ့ကောင်ပေါ့။ ဟုတ်ပါပြီ။ ဒီကောင်တွေက မသုံးမဖြစ်သုံးနေရတာဆိုတော့ ဒီကောင်တွေရဲ့ ပြဿနာတွေကလည်း အမြဲကြုံတွေ့နေ ရမှာပဲလေ။ ဒါကြောင့် သင်တို့အတွက်ကို အမြဲစဉ်းစားပေးနေတဲ့ ကျွန်တော်က DHCP Server မှာဖြစ်တတ်တဲ့ ပြဿနာတွေရယ်၊ ဘယ်လို Troubleshoot လုပ်ရမယ်ဆိုတာကို ပြောပြပါ့မယ်။ Step by Step ပြောပြသွားမှာဆိုတော့ စိတ်ရှည်လက်ရှည် ဖတ်ကြည့်ပါဦး။

(၁) Client မှာဘယ်လို Configuration လုပ်ထားလဲစစ်ကြည့်ပါ။
Client ဆီမှာ Connection လွတ်သွားရင်သော်လည်းကောင်း၊ Client အသစ်အတွက် Configuration ချကာစမှာသော်လည်းကောင်း၊ DHCP Failure ဆိုပြီး ပေါ်လာတတ်ပါတယ်။ ဒါဆိုရင်တော့ Client ကပဲဖြစ်သလား၊ ဘယ်နေရာကဖြစ်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ ဒီတော့ DHCP ရဲ့ IP ချတာကိုရရဲ့လားကြည့်ရအောင်။ ကြည့်နည်းကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ IPconfig /all ဆိုပြီး ထည့်ကြည့်ပေါ့။ အဲဒီမှာ DHCP Enabled လည်းဖြစ်နေမယ်၊ IP Address လည်း ကျနေတယ်ဆိုရင်တော့ ဒါကောင်းပါတယ်။























နောက်တစ်မျိုးကတော့ Task Menu ပေါ်မှာပေါ်နေတဲ့ Network Connection လေးပေါ်မှာ Click နှိပ်ရင်အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်။






အဲဒီကမှ Support ဆိုတဲ့ Tab မှာသွားကြည့်ကြည့်။ 







































Address Type မှာ "Assigned by DHCP" ဖြစ်နေရင်တော့ ဒါဟာ DHCP Server နဲ့ကောင်းကောင်း Network မိနေပါတယ်။ ဟိုလိုမျိုး DHCP Failure ဆိုတဲ့ Warning msg လည်း ပေါ်စရာမလိုပါဘူး။
ဒီလိုမျိုး Setting တွေမှန်ကန်နေရင်းနဲ့မှ Error Warning တွေတက်လာတယ်ဆိုရင်တော့ ဒါဟာ Local Client ကဖြစ်တာမဟုတ်တော့ပါဘူး။

(၂) Address Conflict ဖြစ်ခြင်း
တကယ်လို့ IP Address တစ်ခုတည်းကို ကွန်ပျူတာနှစ်လုံးမှာ ပြိုင်တူချလိုက်မိတယ်ဆိုရင် Address Conflict Error ဖြစ်တတ်ပါတယ်။ အဲဒီ Error ကိုတော့ System Tray နားမှာ ပြပါလိမ့်မယ်။ ဒါဆိုဘာကြောင့် DHCP သုံးထားရဲ့သားနဲ့ Address တူတူတွေချပေးကုန်တာလဲ။ ဒါဟာ DHCP Server တွေ Compete ဖြစ်ရင် (သို့မဟုတ်) DHCP Scope အပြောင်းအလဲရှိရင် ဖြစ်တတ်ပါတယ်။ DHCP Server Compete ဖြစ်တာကိုတော့ Windows Support Tool တစ်ခုဖြစ်တဲ့ Dhcploc.exe နဲ့ စစ်ဆေးလို့ရပါတယ်။ အဲဒါနဲ့ Check လုပ်ကြည့်လို့ Compete ဖြစ်နေတဲ့ DHCP Server ကို တွေ့တဲ့အခါကျရင် Remove လုပ်လိုက်ပေါ့။ ဒါဆိုရင် အဆင်ပြေနိုင်ပါတယ်။







အဲ..DHCP Scope Change ပြီးမှဖြစ်တာဆိုရင်တော့ Conflict Error တက်နေတဲ့ Client ဘက်မှာ IP Address ကို Renew ပြန်လုပ်ကြည့်ပေါ့။ Renew လုပ်တာကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ "ipconfig /renew"ဆိုပြီး Run ပေးလိုက်ပါ။

 












(၃) DHCP Address မရရှိခြင်း
သင် Connection မရလို့ ipconfig /all ခေါ်ကြည့်လိုက်တဲ့အခါ DHCP ကနေ IP မရဘဲ APIPA (သို့) Alternate Configuration ကဟာပဲ ရနေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ Command Prompt ထဲမှာ "ipconfig / renew" ပြန်လုပ်ရင်လုပ် (သို့မဟုတ်) Connection Status ရဲ့ Repair Button ကိုနှိပ်ပြီး Repair ပြန်လုပ်ကြည့်ပါ။

























ဒီလိုလုပ်တာလဲပြန်မကောင်းဘူးဆိုရင်တော့ DHCP Server ရယ်၊ Scope ရယ်ကို စစ်ဆေးကြည့်ရ ပါတော့မယ်။ Server ထဲမှာသင်ချထားတဲ့ Configuration တွေမှန်ကန်ရဲ့လား စစ်ဆေးပါ။ ဘာတွေစစ် တာလဲလို့မေးရင်တော့ Server ကို Fully Installed မှ လုပ်ထားရဲ့လား၊ သေချာ Configure ချထားလား၊ Scope ဆောက်ထားရဲ့လား၊ Authorized ကောလုပ်ထားရဲ့လားစတာတွေပေါ့။
တကယ်လို့ Scope ကို စစ်ဆေးမယ်ဆိုရင်တော့ Scope က Active ဖြစ်ရဲ့လား၊ Scope ထဲက Liease တွေကို Assign ချပေးထားတာရော မှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးရပါမယ်။

(၄) တခြား Scope က Address ရနေခြင်း
DHCP ကနေ IP Address က ရတော့ရနေပါရဲ့။ သို့သော် ကိုယ်ကျစေချင်တဲ့ Scope ကမကျဘဲ၊ တစ်ခြား Scope ကနေကျနေတယ်လား။ ဒါဆိုရင် အရင်ဆုံးစစ်ဆေးသင့်တာကတော့ Network ထဲမှာ Compete ဖြစ်နေတဲ့ Server တွေများရှိသလားစစ်ဆေးရမှာပါပဲ။ ဒါဆို စစ်ချင်ရင်တော့ (၂)အချက်တုန်းက ကျွန်တော်ပြောခဲ့သလို Dhcploc.exe နဲ့သာစစ်ကြည့်ပါ။ ရှိရင်တော့ Remove လုပ်ပစ်ပေါ့လေ။
ကဲ....မရှိဘူးဗျာဆိုရင်တော့ရှိသမျှ DHCP Server အားလုံးထဲက Scope တွေများထပ်နေသလား ကြည့်ကြည့်ပါတော့။

ဟုတ်ပါပြီခင်ဗျာ။ ဒီအချက်ကတော့ DHCP Server ကို Troubleshoot လုပ်တဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
စိတ်ကျေနပ်နိုင်ကြပါစေဗျာ။
 





No comments:

Post a Comment