Thursday, October 11, 2018
ကံကောင်းခြင်းတွေရောက်လာစေဖို့
မိဘကိုလုပ်ကျွေးဖို့ ဒါမှမဟုတ်လည်း ကိုယ့်ဘ၀အတွက်စတင်ရုန်းကန်ဖို့ - - - အလုပ်တစ်ခုလိုအပ်နေခြင်း (သို့မဟုတ်) ရာထူးတက်ဖို့ ကံကောင်းခြင်းတွေဟာ ငါ့ဆီကိုရောက်လာပါ့မလား။
မနက်ကို ၆ နာရီထ၊ မျက်နှာသစ်ကိုယ်လက်သန့်စင်၊
အ၀တ်အစားလဲ၊ သပ်သပ်ရပ်ရပ်ဝတ်ထား၊ သက်ဆိုင်ရာဘာသာရဲ့ ဝေယျာဝစ်္စလုပ်၊
ဗုဒ်္ဓဘာသာဆို ဘုရားသောက်တော်ရေလဲ၊ အမွှေးတိုင်ပူဇော်၊ ပန်းအိုးရေလဲ၊
ဘုရားပန်းတွေမနွမ်းစေနဲ့၊ တတ်နိုင်သလောက်သန့်ရှင်းသပ်ရပ်အောင်ထား၊
ဘုရားဝေယျာဝစ်္စလုပ်ပြီး၊ ဘုရားဝတ်ပြု၊ ငါးပါးသီလမြဲအောင်လုပ်၊
ခင်ပွန်းကြီး (၁၀) ပါးတောင်းပန်၊ ပြီးရင် -
ဘယ်လောက်ပဲအရေးကြီးကြီး မိဘဝေယျာဝစ်္စ၊ မိဘကိုဝိုင်းကူစရာရှိတာကူ၊
လိုအပ်ရင်အိပ်ယာကိုပိုစောထ၊ ပြီးရင် မိဘကိုကန်တော့ပြီး
အိမ်ကထွက်လာခဲ့တော့ -
အလုပ်ရဖို့က - သင့်မှာပညာရပ်တစ်ခုတတ်ကျွမ်းပြီးသားရှိရမယ်။
မရှိရင်အလုပ်လိုချင်ဇောနှင့်ရတဲ့အလုပ်ဝင်မလုပ်နဲ့ဦး။
ပညာကိုရသလောက်သင်ယူပါ။ သင်ယူချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။
အမြဲတမ်းတက်ကြွလန်းဆန်းအောင်နေ။
အစားအသောက်ကိုဘာရယ်လို့မဟုတ်ဘူး အာဟာရတော့ပြည့်အောင်စား။
အာဟာရပြည့်ဝအောင်စားနိုင်ဖို့ ဆေးလိပ်ဖိုး၊ ကွမ်းဖိုးလျှော့၊
လမ်းလျှောက်ရင်ခါးကိုမတ်မတ်ထား၊ သပ်သပ်ရပ်ရပ်ဝတ်၊ စကားအပြောအဆိုယဉ်ကျေးစွာပြော၊ ကွမ်းစားထားလို့ သွားတွေနီမနေစေနဲ့။ ဟေးလားဝါးလားမလုပ်နဲ့။ အပေါင်းအသင်းကိုကြည့် ပေါင်း။ သွားတာလာတာနေတာထိုင်တာလုပ်တာကိုင်တာပြောတာဆိုတာစည်းကမ်းရှိ။ အလုပ်ရှင်နဲ့အဆင်မပြေရင် ခင်ဗျားဆီမှာမလုပ်လည်း ကျွန်တော်ထမင်းမငတ်ဘူး ဆိုတဲ့အချိုးမျိုးမချိုးနဲ့။ ထမင်းကြမ်းကိုဆားနဲ့ရေခဲတုံးပေါ်ဖင်ခုထိုင်ပြီး ယပ်ခပ်စားလို့ရတယ် ဆိုတဲ့ မာနမျိုးမထားနဲ့။ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း သွားရင်းလာရင်း မျက်စိဖွင့်နားစွင့်ထား။ စိန်နားကပ်ရောင်နှင့်ပါးပြောင်ပြီး ကိုယ့် ဃကျအသာနမ ကို မထီမဲ့မြင်မလုပ်နဲ့၊ မိဘပေါ်
သော်လည်းကောင်း၊ ကိုယ်ယူထားတဲ့လင်ယောင်္ကျား၊ ဇနီးသားသမီးပေါ်မှာ ကောင်းစွာ
စောင့်ရှောက်၊ အနန္တောအနန္တငါးပါးဂုဏ်ကျေးဇူးကိုအမြဲ အောက်မေ့ခြင်းဖြင့်
ကံကောင်းခြင်းတွေ သင့်ဆီရောက်လာပါလိမ့်မယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment