Thursday, October 11, 2018
နှလုံးသားနှင့်အလုပ်လုပ်ပါ
လူငယ်တွေကိုပြောချင်တာလေးတွေထဲက ဒီစာအုပ်အတွက်ပြောပြချင်တာက -
Web Design ဆိုတာ အနုပညာနှင့် နည်းပညာကိုပေါင်းထားတာဖြစ်ပါတယ်။
ဒါကြောင့် Web Design ရေးတဲ့နည်းပညာကိုပဲ လူငယ်တွေကလေ့လာလို့မရပါဘူး။
အနုပညာအကြောင်းကိုလည်းသိရမှာဖြစ်ပါတယ်။ ဥပမာ အရောင်တွေ၊ နေရာထားသိုမှုတွေ
Fonts တွေ၊ ပုံတွေ စတဲ့စတဲ့ သဘောတရားတွေ၊ အရောင်တွေ၊ ပုံတွေက သက်ရှိသကဲ့သို့
စကားပြောတာ တနည်းအားဖြင့် ဖော်ညွှန်းတာတွေ ဒါတွေကိုနားလည်ဖို့လိုပါတယ်။
အဲ့သလိုမှမဟုတ်ရင် နည်းပညာသက်သက်ချည်းကတော့ အင်း ဖြစ်တော့ဖြစ်တယ်ပေါ့ဗျာ အောင်မြင်ဖို့တော့ခက်ပြီ။ ဒီတော့ ဒါတွေကို လစ်လျူမရှုပါနဲ့။ လူငယ်တွေက သိပ်ကိုဆင်ခြေ
ပေးတယ်။ သိလို့ ပြောရင်လက်မခံတာကအဆိုးဆုံးပေါ့။
ဒီတော့ Web Designer ဖြစ်ချင်ရင် နည်းပညာသာမက အပေါ်ကပြောတဲ့အချက်တွေကို
လည်းလေ့လာကြပါ။ အဲ့သလိုလေ့လာတဲ့အခါမှာ ဦးနှောက်တွင်မကဘူး ရင်ဘတ်ကြီးကပါ
ဝင်ကူညီရမှာဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ နှလုံးသားနဲ့အလုပ်လုပ်ကြရမှာပါ။
ကျုပ်ကတော့ နည်းပညာပဲခံစားတတ်တယ်ဗျလို့တော့မပြောပါနဲ့။ တကယ့်အနုပညာသမားလို
အနုပညာစစ်စစ်ကြီးခံစားခိုင်းနေတာမဟုတ်ဘူး။ နည်းနည်းလောက်တော့ခံစားနိုင်ရမယ်။
ဒါကြောင့် ဦးနှောက်တွင်မက နှလုံးသားကပါဝင်ကူရမှာဖြစ်တယ်လို့ပြောတာပါ။ တတ်နိုင်ရင်တော့
Web Designer မှ မဟုတ်ပါဘူး။ နေရာတိုင်းမှာ တာဝန်ကျေလုပ်ဆောင်တာထက် နှလုံးသားနဲ့ပေါင်းစပ်ပြီးအလုပ်တွေကိုလုပ်ခြင်းဟာ အလုပ်တွေကို Smart ဖြစ်ဖြစ်နဲ့ပြီးမြောက် စေတာသာမက သင်နှင့် သင်လုပ်သမျှနဲ့ဆက်စပ်နေတဲ့ပတ်ဝန်းကျင်ပါ သာယာလှပလာမှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment