Thursday, October 11, 2018

သံစဉ်များနဲ့လူ


အရာရာတိုင်းကို သံယောဇဉ်ကြီးလွန်းတဲ့ လူတစ်ယောက် . . .

ခံစားဖွဲ့နွဲ့တတ်တဲ့လူတစ်ယောက် . . .

စွဲလန်းတမ်းတ တတ်တဲ့ လူတစ်ယောက် . . .

သူ့အတွက် ဒီနှစ်ဆောင်းဟာ ခံစားချက်တွေကို ပြင်းထန်စွာပေးခဲ့တယ်။

ဝိုင်ဝိုင်းရဲ့ အိပ်မက်တစ်ခု ပြဇာတ်တစ်ပိုဒ် နဲ့ စာတွေကိုရေးခဲ့တယ်။ နောက်တော့ ၀ိုင်ဝိုင်းရဲ့ နိမိတ်ပုံ . .

လူတွေက ဒီလူအရောင်တွေပြောင်းသွားတယ်လို့ပြောကြတယ်။

အဲ့ဒီလို မတိုင်ခင်ကတော့ လွှမ်းမိုးရဲ့ အခုတော့ ပါးစပ်ရာဇ၀င်လေးတစ်ခုဖြစ်ခဲ့ပြီဆိုတာနဲ့ စာတွေရေးခဲ့တယ်။

အရောင်းတွေပြောင်းတဲ့လူတစ်ယောက်က အခုတော့ မျိုးကြီးရဲ့ မိုး သီချင်းနဲ့ စာတွေရေးတယ်။

သိပ်ကိုမခံစားနိုင်တဲ့အခါ Steve Vai ရဲ့ For the Love of God နဲ့ စာတွေရေးပြန်တယ်။

ဒီလူ့ရဲ့ ဂစ်တာ သံစဉ်တွေဟာလည်း ဒီဆောင်းမှာ သိပ်ကိုကြေကွဲနေလေရဲ့ . . .

အဲ့ဒီ လူ ဘယ်သူလဲ . . . ၊

သူလား သူက သံစဉ်များနဲ့ လူတစ်ယောက်ပေါ့။

No comments:

Post a Comment