သား ဖြစ်တဲ့သူကို
အမြဲတမ်း စိတ်ပူ စိတ်မချတတ်တဲ့ အမေ
နောက်ဆုံးကျတော့လည်း
သား ကိုထားသွားခဲ့တာပါပဲ။
သား အလုပ်တွေချည်းလုပ်နေလို့
အမေနှင့် ထမင်းအတူမစားဖြစ်တာကြာလို့
သား အမိနှစ်ယောက်တည်း ထမင်းအတူစားကြရအောင်လို့
အမေခေါ်တိုင်း သား အလုပ်စားပွဲက မထဖြစ်ခဲ့ဘူး အမေ
လူတွေဟာ သားလိုပဲ နောင်မှ နောင်တ ရကြလို့
နောင်တ ဆိုတဲ့ စကားပဲ ပေါ်လာသလား အမေ
( အမေ လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရ )
No comments:
Post a Comment