Monday, December 10, 2018

Budget Processor များအတွက် Socket AM2



Socket AM2 ဟာ စွမ်းဆောင်ရည်မြင့်မားသော Budget Desktop Microprocessor များအတွက်ဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ မေလ၂၃ ရက်နေ့တွင် တရားဝင်ထုတ်လုပ်ခဲ့ပါတယ်။ ထိုနေ့တွင် AMD မှ Athlon 64 X2 5000+ နှင့် Athlon 64 FX FX -62 Microprocessor များထုတ်လုပ်ခဲ့ပြီး ထို Socket AM2 နှင့် တွဲဖက်အသုံးပြုနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ထို Processor များဟာ Socket AM2 အတွက် ပထမဆုံး Processor များ မဟုတ်ကြပါဘူး။ Energy Efficient Athlon 64, Athlon 64x2 နှင့် Sempron များဟာ ထို Socket မတိုင်မီ တစ်ပတ်အလိုတွင် ထွက်ရှိခဲ့ပြီး ထို Socket အတွက် ပထမဆုံး Processor များပဲ ဖြစ်ကြပါတယ်။


















Socket AM2 ဟာ Single, Dual, Triple and Quad-Core Desktop Processor များနှင့် တွဲဖက်အသုံးပြုနိုင်ပြီး အမြန်နှုန်းကတော့ 3.2 GHz နှင့်အထက်ရှိရမှာပဲ ဖြစ်ပါတယ်။ ထို Socket ဟာ Dual-Channel DDR2 SDRAM Memory Controller နှင့် 1000 MHz HyperTransport Link ကို Support လုပ်နိုင်ပါတယ်။ ဒါပေမယ့် ထို Socket AM2 ဟာ AMD Microprocessor များအတွက် နောက်ဆုံးပေါ် Socket တစ်ခုမဟုတ်ပါဘူး။ နောက်ဆုံးပေါ် Socket ကတော့ Socket AM2+ ဖြစ်ပြီး HyperTransport Link ဟာ ပိုမိုမြန်ဆန်လာပါတယ်။ ထို Socket AM2+ ဟာ Socket AM2 နှင့် တူညီကာ အစားထိုးအသုံးပြုနိုင်ပါတယ်။ ထို Socket AM2 ဟာ 940 Pin-Hole ဖြစ်ပြီး 31 x 31 grid အနေဖြင့် Arrange လုပ်ထားပါတယ်။
Compatible Sockets
           Socket AM2+
Compatible Package Types
          940-Pin Organic Micro PGA
Upgrading Socket AM2 Motherboard
          သင့်အနေဖြင့် Socket AM2 Microprocessor များကို Upgrade ပြုလုပ်သုံးစွဲချင်တယ်ဆိုရင်တော့
(၁)     သင့်အနေဖြင့်  Audio နှင့် Video Encoding များပြုလုပ်မယ်။ 3 D Rendering နှင့်အခြား Multimedia Application များစွာ အသုံးပြုလိုမယ်ဆိုရင်တော့ Phenom X4 9950 (သို့) Phenom X4 9850 ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
(၂)     သင့်အနေဖြင့် Crysis, Oblivion အစရှိသည့် Game များထည့်သွင်းပြီး Performance အကောင်းဆုံးဖြစ်စေချင်ရင်တော့ Athlon 64 X2 6400+ ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ထို့ပြင် Second-Generation Opteron 1224 SE ဟာလည်း Athlon X2 6400+ ကဲ့သို့ ကောင်းမွန်မြန်ဆန်ပြီး နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ထို Processor များဟာ ဈေးနှုန်းအလွန်မြင့်မားခြင်းကြောင့် Upgrade ပြုလုပ်ရန် အခက်အခဲရှိနိုင်ပါတယ်။
(၃)     ဈေးသက်သာပြီး ရုံးသုံးကွန်ပျူတာ Application များ၊ E-mail နှင့် Websiteများကို အသုံးပြုလိုပါက Athlon 64 LE-16xx (သို့) Athlon 64 X2 Processor များကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Note: Processor များ Upgrade ပြုလုပ်ရာတွင် Motherboard နှင့် ကိုက်ညီမှုရှိစေရန်အတွက် အသုံးပြုနိုင်သည့် Processor နှင့် Model အမျိုးအစားများကို အရင်ဆုံးသိရှိစေရန် ကြိုးပမ်းသင့်ပါတယ်။


No comments:

Post a Comment