ASUS
PM 17 TU ဟာ 17 လက်မအရွယ် LCD ဖြစ်ပြီး ဂိမ်းကစားသူများ နှစ်သက်စေနိုင်မည့် ပုံထွက်အရည်အသွေးကို ပးစွမ်းနိုင်ပါတယ်။ရုပ်ထွက်ကြည်လင်ပြတ်သားပြီး အရောင်အသွေး စုံလင်ကာ Gamerများအတွက် အဓိကထုတ်လုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ၎င်း၏ ရုပ်ထွက် အရည်အသွေးများ အလွန်တောက်ပပြီး အခြားLCD Display Design
များကဲ့သို့ တည်ဆောက်ထားပါတယ်။
ASUS
PM 17 TU ၏ Display ဟာ အကြမ်းခံကာ "Zero Bright Dot" နည်းပညာ နှင့်ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့်
Screen ရှိ Pinel များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ထို LCD အားဝယ်ယူပြီး ၁နှစ်အတွင်း Pinel များ ပျက်စီးမှုရှိပါက အသစ်တစ်လုံးဖြင့်
အစားထိုးလဲလှယ်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီများမှ အာမခံချက် ပေး ထားပါတယ်။ ASUS မှ
ပုံထွက်အရည်အသွေး အထူးကောင်းမွန်စေသော နည်းပညာ အသစ်များနှင့် ပေါင်းစပ်ကာ ထို LCDကိုထုတ်လုပ်ခဲ့ခြင်းပဲ
ဖြစ်ပါတယ်။ ထို့ပြင် မြင်ကွင်း Viewအား၅မျိုး ခွဲခြားသတ်မှတ်ထားပြီး ဗီဒီယို၊
ဂိမ်း၊ ဓာတ်ပုံများ အစရှိသဖြင့် Feature များ ခွဲထားပါတယ်။
ASUS
PM 17 TU Display ဟာ 4:3 Aspect Ratio ဖြစ်ပြီး Resolution ကတော့ 1280 x 1024
Pixelရှိပါတယ်။ ထို့ပြင် Digital D4I နှင့် Analog VaA Input များကို Support
လုပ်ခိုင်းပြီး LCD Panel ၏ ဘေးနား၌ Speaker နှစ်လုံးကို
ထည့်သွင်းပေးထားပါတယ်။ ထို Speaker များဟာ Studio အရည်အသွေး အသံစနစ်ကိုပေးစွမ်းနိုင်စေပြီး
Output အနေဖြင့်ကတော့ 2.5 W အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ ASUS PM ၏ Brightnessကတော့
500 cd/m2 ဖြစ်ပြီး Contract Ratio ကတော့ 600:1 ဖြစ်ကာ Refresh Time ကတော့ 8 ms
h-to-hpinel ဖြစ်ပါတယ်။ Pinel Pitch ကတော့ 0.264 mmရှိပြီး Angle View ကတော့ 140
Degree Horizontal နှင့်130 Degree Vertical ရှိပါတယ်။
ASUS
PM 17 TU ဟာ ကျောင်းသားများနှင့် ဂိမ်းဆော့ကစားသူတွေအတွက် အဓိက ရည်ရွယ်ထားပြီး အလင်းပြန်မှု လျော့နည်းစေရန်အတွက်လည်း လုပ်ဆောင်ထားပြန်ပါတယ်။ ၎င်း၏ Power အသုံးပြုနှုန်းကတော့48 W
ဝန်းကျင်သာရှိပြီး Stand by Mode တွင် 2 W သာရှိပါတယ်။ ဒါပေမယ့် Phanton Power
Switchတော့ မပါဝင်ပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ 250 ဖြစ်ပြီး သတ္ထု Stand တစ်ခုကိုပါပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။
ASUS
PM 17 TU Display ဟာ HDCP နှင့် USB များကို Support မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ၎င်း၏
Screenအရွယ်အစားနှင့်Speakerပါဝင်မှုကြောင့် အသုံးပြုသူများနှစ်သက်စေနိုင်မှာ
အမှန်ပဲဖြစ်ပါတယ်။ ScreenဟာPowerOnလိုက်သည်နှင့်တစ်ပြိုင်နက် အပြာနုရောင်သို့
ပြောင်းလဲသွားမှာဖြစ်ပြီး Signal ကို Checkလုပ်နေမှာပဲ ဖြစ်ပါတယ်။ Display ၏
ညာဘက်အခြမ်းမှာတော့ ခလုတ် ၆ ခုပါဝင်သော Control Panelတည်ရှိနေပြီး ခလုတ်နှင့်
Label များအား အနက်ရောင်ကို အသုံးပြုထားတာကြောင့် Monitor အားပိုမိုလှပစေပါတယ်။
ဒါပေမယ့် ထိုအနက်ရောင် Key ခလုတ်များကြောင့် Label များကို အဝေးမှ မမြင်ရဘဲ အသုံးပြုရာတွင်
အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမယ့် On Screen Display Control Panel ပါဝင်တာကြောင့်ထိုအခက်အခဲဟာ
မပြောပလောက်ပါဘူး။
ASUS
PM 17 TU Monitor ဟာ Microsoft Vista နှင့် XP တွင် ရည်ရွယ်ထားခြင်းဖြစ်ပြီး
Windows ၏အသွင်အပြင်ကို လှပကောင်းမွန်စေပါတယ်။ ထို့ပြင် အခြားဘာသာစကားအနေ ဖြင့်လည်း
ထို LCD Monitor အားအသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးထားပြီး ဈေးနှုန်းအရ
သင့်တင့်သော 17 လက်မ LCD Monitor တစ်မျိုးပဲဖြစ်ပါတယ်။
No comments:
Post a Comment