Network
တစ်ခုကိုတပ်ဆင်လိုက်ပြီဆိုရင် အဲ့ဒီ Network ထဲမှာ ရှိကြတဲ့ ကွန်ပျူတာတွေ
တစ်လုံးနှင့် တစ်လုံးကြား Data Signal တွေကို ပို့ဆောင်ပေးတဲ့နည်းလမ်းတွေရှိပါတယ်။
အဲ့ဒါကို Access Method လို့ခေါ်ပါတယ်။ Access
Method ဆိုတာ က ကွန်ပျူတာတွေ ကွန် ယက်ချိတ်ဆက်တဲ့အခါမှာ ချိတ်ဆက်ထားသော Network
Cableတွေပေါ်ကနေ ကွန်ပျူတာ တွေတစ်လုံးနှင့်တစ်လုံး Data Signal အချက်အလက်တွေကို
ဘယ်လိုပို့ရမလဲ ဆိုတာကို ထိန်းချုပ်ပေးနိုင်သော Method နည်းလမ်းတစ်ခုပဲဖြစ်တယ်။
ဘယ်လိုမျိုးနည်းလမ်းလဲဆိုတော့ တစ်ကြိမ်မှာကွန်ပျူတာတစ်လုံးတည်းကပဲ Data Signal ကို
Transmit ပို့လွှတ်ပေးနိုင်ခြင်း ဆိုတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ပြောရမယ်ဆိုရင်
တစ်ကြိမ်မှာ ကွန်ပျူတာတစ်လုံးကပဲ Data အချက်အလက်တွေ ပို့လို့ရ တယ်။ အကယ်၍များ ကွန်ပျူတာနှစ်လုံးကနေပြီးတော့ Cable ကြိုးပေါ်မှာ တစ်ပြိုင်တည်း တစ်နေရာတည်းသို့ Data Signal တွေ ပို့လွှတ်လိုက်မယ်ဆိုရင်
ဘာတွေဖြစ်နိုင်သလဲ။ Collision ဖြစ်နိုင်တာပေါ့။ Collision ဆိုတာက Networkအသုံးအနှုန်းအရ
ဝင်တိုက်မိခြင်းပဲ ဖြစ်တယ်။ ဆိုလိုတာက Collision ဆိုတာ ကွန်ယက်တစ်ခုတည်းမှာရှိသော ကွန်ပျူတာ နှစ်လုံးကသော်လည်းကောင်း၊ ကွန်ပျူတာအများကြီးကသော်လည်းကောင်း တစ်ကြိမ်းတည်း တပြိုင်တည်းမှာ Data Signal တွေကို ပို့လွှတ်ကြမယ်ဆိုရင် ကွန်ပျူတာ တစ်လုံးနှင့်
တစ်လုံး ဆီက လွှတ်လိုက်သော Data အချက်အလက်တွေဟာ တစ်ခုနှင်တစ်ခု မတိုင်ပင်ပါပဲနှင့်
ဝင်တိုက်မိကြကုန်ရော။ ဒါကိုပဲ Collision ဖြစ်တယ်လို့ပြောတာပါ။
ဒီတော့
အဲ့ဒီ Collision ဖြစ်တဲ့ အခါကျတော့ Data တွေက လိုရာအရပ်ကို မရောက်တော့ဘဲနဲ့ Data Corrupt ဖြစ်ကုန်ရော။
Data Corrupt ဖြစ်တယ်ဆိုတာက ပို့လွှတ်လိုက်သော Data အချက်အလက်တွေဟာ တစ်စုံတစ်ရာသော အကြောင်းကြောင့် ပို့လွှတ်လိုက်သော နေရာသို့ မရောက်ပဲနှင့်
တစ်ပိုင်းတစ်စနှင့် ပြတ်သွားတာကို ပြောတာပါ။ Data Corrupt ဖြစ်တယ်ဆို တာက အဲ့ဒီ Data တွေ ပျက်စီးသွားတာကို ပြောတာပါ။ Data Corrupt ဖြစ်တာကို ဘယ်လို ပြန်ပြီးတော့ ကုစားရမလဲဆိုတော့
ဒီ Access Method က လိုလာပြီလေ။ အဲ့ဒီလိုမျိုး Collision ဖြစ်လို့ Data Corrupt ဖြစ်မသွားအောင်လို့
ဒီ Access Method ကို အသုံးပြု ပြီးတော့ ပြန်ဖြေရှင်းလို့ ရပါတယ်။ အဲ့လိုမျိုးမှ
Access Methodကို အသုံးမပြုပဲနှင့် ထားမယ် ဆိုရင် Data Corrupt ဖြစ်သွားမှာပါ။ ပြောရမယ်ဆိုရင် ဒီ Access Method ဆိုတာက ရှင်းအောင်ပြောရရင်
ကားလမ်းတွေမှာ ရှိတဲ့ မီးပွိုင့်လိုမျိုးပါပဲ။ ကားလမ်းမီးပွိုင့်ဟာလည်း
ဒီလိုများပြားသော ကားလမ်းတွေပေါ်မှာ ဟိုတစ်လမ်းက ထွက်လာလိုက်တဲ့ကားတွေ၊ ဒီတစ် လမ်းက
ထွက်လာလိုက်တဲ့ကားတွေ နည်းတာမဟုတ်ဘူး။ လမ်းဆုံလေးခွဆို ပိုတောင် ဆိုးသေးတယ်။
အဲ့ဒီလိုမျိုးနေရာတွေမှာ မီးပွိုင့်သာမရှိရင် ကားတွေဟာ တစ်စီးနှင့်တစ်စီး
ဝင်တိုက်မိကြကုန်မှာပေါ့။ Network ကွန်ယက်မှာလည်း ကားလမ်းတွေ၊ ကားတွေ လိုမျိုးဝင်တိုက်မိတာ ဖြစ်တတ်တဲ့
Collision ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီ Network ကွန်ယက်တွေမှာလည်း ကားတွေလိုမျိုး ၀င်တိုက်မိတာတွေကို
တားမြစ်နိုင်ဖို့အတွက် မီးပွိုင့်ဖြစ်တဲ့ Access Method ကိုအသုံးပြုရတာ ဖြစ်ပါတယ်။
ဒီတော့ Access Method ဆိုတာက ကွန်ပျူတာတွေ ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ Data Signal တွေကို Collision ဖြစ်တဲ့အခါကျရင်သော်လည်းကောင်း၊ မဖြစ်အောင်သော်လည်း ကောင်း ကာကွယ်နိုင်ဖို့ အတွက်ပြုလုပ်ထားသော Method နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Network Traffic ကို အဆင်ပြေချောမွတ်စေနိုင်ဖို့အတွက်ထားသော Network Traffic Light တစ်ခုဖြစ်တယ်။
Access Method ဟာ Open System Interconnection (OSI) Refrence Model ထဲကမှ Data-Link Layerဖြင့်အလုပ်လုပ်တာဖြစ်တယ်။ ဒီ Access Method မှာမှ ကွန်ပျူတာ Network ကွန်ယက်ချိတ်ဆက်ရာမှာ အသုံးပြုသော
ဒီတော့ Access Method ဆိုတာက ကွန်ပျူတာတွေ ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ Data Signal တွေကို Collision ဖြစ်တဲ့အခါကျရင်သော်လည်းကောင်း၊ မဖြစ်အောင်သော်လည်း ကောင်း ကာကွယ်နိုင်ဖို့ အတွက်ပြုလုပ်ထားသော Method နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Network Traffic ကို အဆင်ပြေချောမွတ်စေနိုင်ဖို့အတွက်ထားသော Network Traffic Light တစ်ခုဖြစ်တယ်။
Access Method ဟာ Open System Interconnection (OSI) Refrence Model ထဲကမှ Data-Link Layerဖြင့်အလုပ်လုပ်တာဖြစ်တယ်။ ဒီ Access Method မှာမှ ကွန်ပျူတာ Network ကွန်ယက်ချိတ်ဆက်ရာမှာ အသုံးပြုသော
အဓိကနည်းလမ်း ၅ မျိုးရှိပါတယ်။
အဲ့ဒါတွေကတော့-
၁။ Contention
၂။ Switching
၃။ Polling
၎။ Token
Passing
၅။ Demand
Priority
အဲ့ဒီထဲက Contention ဆိုတဲ့နည်းမှာမှ
CSMA/CD နည်းနှင့် CSMA/CA နည်းဆိုပြီး ၂ ခု ထပ်ခွဲပါတယ်။ Contention ဆိုတာ
ဦးရာလူပို့တဲ့စနစ်လို့ဆိုလိုခြင်းတာဖြစ်ပါတယ်။
Network Collision ဖြစ်တာကို Detect
လုပ်ပေးနိုင်တယ်။ Collision ဖြစ်မဖြစ်ကို စစ်ဆေး ပေးနိုင်တယ်။ အောက်ကပုံက CSMA/CD
ကိုဖော်ပြထားတဲ့ပုံဖြစ်ပါတယ်။

• Carrier Sense
Multiple Access with Collision Avoidance (CSMA/CA) ဖြစ်တယ်။ ဒီ Method ကတော့
AppleTalk Networking တွေမှာအသုံးပြုတဲ့
နည်းလမ်းတစ်ခု ဖြစ်တယ်။ CSMA/CA ကတော့ Network Collision ဖြစ်တာကိုမဖြစ်အောင်
ရှောင်နိုင်သော Method နည်းလမ်းတစ်ခုဖြစ်တယ်။
• နောက်တစ်ခုက
Token Passing ဖြစ်တယ်။ ဒီ Token Passing ကတော့ Token Ring Netwoking နှင့် FDDIလို့ခေါ်တဲ့
Fiber Distributed Data Interface Networking တို့ကိုချိတ်ဆက်တဲ့အခါတွေမှာ
အသုံးပြုတာဖြစ်တယ်။ အောက်ကပုံကတော့ Token Ring ကိုပြထားတဲ့ပုံဖြစ်ပါတယ်။

Polling ကတော့ ရှေးကျတဲ့ Network ချိတ်ဆက်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ သူ့ကိုအသုံးပြုဖို့ အတွက်
Central Device ဆိုတဲ့ Device တစ်ခုရှိရပါတယ်။ အဲ့ဒီကနေမှ Network တွင်း Data ပို့မှုကိုထိန်းချုပ်တာဖြစ်ပါတယ်။
• Switching
ကိုတော့ ယနေ့ခေတ် အများဆုံးအသုံးပြုနေကြပြီ ဖြစ်ပါတယ်။
သူ့ကို အသုံးပြုမယ်ဆိုရင် Switch ဆိုတဲ့ Device
တစ်ခုရှိဖို့တော့လိုအပ်ပါတယ်။ အဲ့ဒီ Switch ကိုအသုံးပြုပြီး Network
ကိုချိတ်ဆက်ရမှာဖြစ်ပါတယ်။
ဒီသင်ခန်းစာမှာတော့ ဒီလောက်ပါပဲ။
တကယ်တမ်းပြောမယ်ဆိုရင် Access Method တစ်ခု ခြင်းစီမှာမှ
အကြောင်းအရာတွေ များစွာကျန်ရှိနေပါတယ်။ ဒါတွေကို ဒီမှာအခုရှင်းပြလည်း
သင်နားလည်မှာ မဟုတ်သေးပါဘူး။ ဒီသင်ခန်းစာက Beginner အတွက်ပဲ ရည်ရွယ်တာ ကြောင့် ဒီမှာ
Access Method အကြောင်းတွေကို အသေးစိတ်မဖော်ပြထားတာဖြစ်ပါတယ်။ အခုလောလောဆယ် Access
Method ၅ မျိုးကိုပဲ သင်ခေါင်းထဲကျန်ခဲ့ရင် ကျေနပ်ပါပြီ။
No comments:
Post a Comment