Thursday, October 11, 2018

ဖြစ်ရမယ် ...


တကယ်ဆို ဒီကလေးအတွက် ကလေးလက်မှတ်ဝယ်ရမှာ -
အဖေဖြစ်တဲ့သူက သူ့ကလေးကလက်မှတ်ဝယ်ရမယ့် အရွယ်ထက်
နည်းနည်းပဲ အသက်ပိုကြီးတာရယ်၊ ကလေးကလည်းနည်းနည်းညှပ်နေတာရယ်ကြောင့်
ကလေးလက်မှတ်မ၀ယ်ခဲ့ဘူး။
ဘူတာတစ်ခုရောက်တော့ တွဲပေါ်ကိုတက်လာတဲ့လူတစ်ချို့က
အဖေနှင့် စကားတစ်ချို့ပြောကြတယ်။ တကယ်တော့ အဲဒီလူတွေက ရထားလက်မှတ်
စစ်တွေလေ။ ဒီမြင်းခြံရထားက မန်္တလေးတွဲတွေလို တစ်တွဲနှင့် တစ်တွဲကူးလို့မရဘူး။
ဒါကြောင့် ဘူတာရောက်မှ လက်မှတ်စစ်တွေကတက်လာကြတာ။
ဒီအချိန်မှာ ကလေးဖြစ်တဲ့သူက သူ့ အဖေဒီလူတွေနှင့် ဘာတွေပြောနေသလဲဆိုတာကို
အနားမှ ဆော့နေရင်း နားစွင့်နေလေရဲ့  ...
အဖေဖြစ်တဲ့သူက အဲ့ဒီ လူတွေကို “မဟုတ်ဘူးဗျ ကလေးက အခုမှ ၄ နှစ်ပဲရှိသေးတယ်”
လို့ပြောတော့  ...
ကလေးက ရုတ်တရက် စိတ်ထဲ ၀င်းဝင်းလက်ဖြစ်သွားတယ်။
ဟ ဒီအဖေ ကိုယ့်ကလေးအသက်တောင် ကိုယ်မှတ်မထားဘူးပေါ့။ ကြည့်ရတာ ရှေ့ကပြောတဲ့ စကားတွေသူမကြားလိုက်ဘူးနဲ့တူပါတယ်။ ဒါနဲ့ပဲ  ...
“မဟုတ်ဘူးအဖေ သားအသက် ၅ နှစ်ပြည့်ပြီးပြီလေ” လို့ပြောလိုက်ရော  ...

အဲ့ဒါ ဘယ်သူလည်း သိတယ်မဟုတ်လား  ..
မောင်ဇော်လင်းလေ  လုပ်တာလုပ်တာ ငယ်ငယ်ကတည်းက အဲ့သလို  ...

No comments:

Post a Comment