Thursday, October 11, 2018

သူ .. သိပ်ဆိုးတာပဲ


ဒါလေးက ဘန်းစကားလေးပါ။
တကယ်တော့လည်းရုပ်ရှင်တွေထဲပြသလို အရက်သောက်၊ ဖဲရိုက်မှ ဆိုးတာမဟုတ်ဘူး။
ဥပမာပြောရရင်   
-    ချိန်းပြီးမှအသလွတ်ရောက်မလာတာမျိုး၊ တော်တော်လေးနောက်ကျတာမျိုး
-    ဆရာလုပ်ဆိုလည်းဆရာကောင်းမဖြစ်၊ နောက်ကလည်းကောင်းကောင်းမလိုက်
-    ကားပါကင်နှစ်နေရာစာလောက်မှာ သူ့ကားတစ်စီးထဲ ကန့်လန့်ထိုးလိုထိုး
-    အမှိုက်ပုံ က နှစ်လမ်းလောက်ဝေးလို့ လမ်းထိပ်မှာတင်အမှိုက်တွေပုံလိုပုံ
-    ရှေ့မှာလမ်းကမရှင်းရတဲ့အထဲ နောက်ကနေ မီးထိုးလိုထိုး၊ Taxi နဲ့ Company ကားတွေ
-    အပေါ်ထပ်ကနေ နောက်ဖေးလမ်းကြားမပြောနဲ့ အိမ်ရှေ့တောင်အမှိုက်ပစ်ချလိုပစ်ချ
-    လုပ်ငန်းခွင်မှာ တလွဲ မာနတွေထားလိုထား၊ ဆားနဲ့ပဲ စားတော့မယ်လို့ပြောလိုပြော
ပြောရရင်တော့အများကြီးပေါ့။ တကယ်တော့ သူတို့တွေလည်း ပျော့ပျော့လေးနဲ့ဆိုးတာပဲ။
စည်းလေးကမ်းလေး အသိတရားလေးနဲ့ဆို ပိုကောင်းတာပေါ့ဗျာ။
သြော် - လောကကြီးမှာက လူ ဆိုတာအမျိုးမျိုးမဟုတ်လား
အကုန်လုံးတော့လည်း ခေါင်းထဲမထည့်နဲ့ပေါ့ဗျာ။ ကိုယ်ပဲ စိတ်ညစ်ရမယ်။
ကိုယ်ကသည်းခံစရာရှိလည်းသည်းခံ၊ လစ်လျူရှု့စရာရှိလည်း လစ်လျူရှု့ရမှာပေါ့လေ။

No comments:

Post a Comment