Thursday, October 11, 2018
ခံရခက်လိုက်ပုံများ ...
တစ်နေ့ ကျွန်တော့် ချစ်ညီမလေးက ပြောတယ် သူ့ဖုန်းက ဖုန်းလာလို့ကိုင်လိုက်ရင်
တစ်ဖက်ကပြောနေတဲ့စကားကို မကြားရဘဲ ပလပ် ပလပ် နဲ့ ပျက်တောင်းပျက်တောင်း
အသံတွေပဲ ကြားရတယ်တဲ့ . . . ပြီးတော့ ဖုန်းက လိုင်းကျသွားတယ်တဲ့ . . .
ကျုပ်ကို အဲ့သလို လာပြောမှာတော့ ကျုပ်လည်း တတ်သလောက်မှတ်သလောက်
လုပ်မှာပဲဆိုပြီး သူ့ဖုန်းကို ယူလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ နောက်ထပ်ဖုန်းဝင်လာတော့ အတော်ပဲဆိုပြီး ကိုင်လိုက်တော့ . . .
ဟုတ်တယ်ဗျ သူပြောတဲ့အတိုင်းဖြစ်နေတာ . . .
ဒါနဲ့လည်း ကျုပ်လည်း အထဲက Setting တွေ ၀င်ကလိတော့တာပေါ့ . . .
ဘယ် ပျင်းတောင်ပျင်းသေးတယ် ကွန်ပျူတာတောင် ကလိလာတာ
ဖုန်းထဲက Setting လောက်တော့အပျော့ပေါ့ . . . အယ် တော်တော်ကြာတော့
ကျုပ်လည်း ချွေးပြန်စပြုလာပြီ ဘယ်လိုလုပ်လုပ်မရဘူး . . .
ဒါနဲ့ ဖုန်းကို Reset ချဖို့ပြင်ပါတယ်။ ၀ယ်တုန်းက Manual ကို ပြန်ရှာပါတယ် . . .
စာအုပ်ကလည်း ဘယ်မှာ သိမ်းမိမှန်း မသိပါဘူး . . . စာအုပ်လည်းတွေ့ရော
အမယ် သူက တဟီးဟီး တဟားဟား နဲ့ ဖုန်းပြောနေလိုက်တာ . . .
ဒါနဲ့ သူလည်း ဖုန်းပြောပြီးရော . . မေးလိုက်မိတယ် . . ဖုန်းကောင်းသွားပြီလားပေါ့ . . .
ဒီတော့ . . ကောင်းသွားပြီတဲ့ . . ဘာလိုဖြစ်လို့တုန်းဆိုတော့ . .
ဘာပြောတယ်မှတ်လဲ . .
ပိတ်ပြီ ပြန်ဖွင့်လိုက်တာတဲ့ . . တောက် ဒီ တစ်ချက်ကတော့ အတော်နာသကွာ . .
Subscribe to:
Post Comments (Atom)
No comments:
Post a Comment