Thursday, October 11, 2018
သိနေဟ ...
သား ဖြစ်တဲ့သူကို အဖေနှင့်အမေကပြောတယ်
“ သား - မကြာခင် အဖေ့ မိတ်ဆွေ ဦးမြင့်သိန်း ဆိုတဲ့သူလာလိမ့်မယ်။
သူက သားအတွက် ကျောင်းစာအုပ်ဖိုးတွေထောက်ပံ့လိမ့်မယ်။
ဒီတော့ သူက သားကို ကျောင်းစာအုပ်ဖိုးပိုက်ဆံတွေထုတ်ပေးတဲ့အခါ
သားက ချက်ချင်းမယူနဲ့နော်။ ရပါတယ် ဦးရယ် စသဖြင့်ပြောနော်”
၃ တန်းတက်နေတဲ့ သားဖြစ်တဲ့သူကို အဖေဖြစ်တဲ့သူက မှာကြားနေတာဖြစ်ပါတယ်။
သားဖြစ်တဲ့သူကလည်း ကောင်းပါပြီပေါ့။
ဒါနဲ့ပဲ ဦးမြင့်သိန်း ဆိုတဲ့သူရောက်လာပါလေရော ...
လူကြီးချင်း ထွေရာလေးပါး ပြောဆိုကြပြီးတဲ့အခါ -
ဦးမြင့်သိန်းက ကလေးကို “ ဟ ဟေ့ကောင် ဦးဆီလာပါဦးကွ ”
ကလေးဖြစ်တဲ့သူကလည်း ဦးမြင့်သိန်းဆီရောက်သွားပြီး
ခပ်ချွဲချွဲ လေသံလေးနှင့် - ဘာပြောလိုက်တယ်လို့ထင်တုန်း ...
“ရပါတယ် ဦးရယ်” တဲ့
ဒီတော့ ဦးမြင့်သိန်းက “ ဟ ဟေ့ကောင် မင်း ငါဘာပြောရသေးလို့တုန်း” တဲ့
ကဲ ကောင်းရော - ကလေး အဖေနှင့်အမေလည်း လူကြီးရှက်တော့ရယ်တယ်ဆိုသလို
မျက်နှာတွေနီမြန်းပြီး ဟဲ ဟဲ ဟဲ ဖြစ်ကုန်ကြတော့တာပေါ့။
အဲ့ဒါဘယ်သူလည်းသိလား ...
ကျုပ်ပဲပေါ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment