Thursday, October 11, 2018
လွမ်းရတာတွေ ရပ်ပါတော့ ...
ကိုဖြိုးရေ -
ဒီနေ့ နင်သိပ်ကြိုက်ခဲ့တဲ့ “ ဗဒင် ” ရဲ့ သီချင်းဟောင်းလေးတွေကို နားထောင်ဖြစ်တယ်။
နင်လည်းမရှိတော့သလို၊ ဗဒင်လည်း မရှိတော့ပါဘူး။
ငါ ဒီရက်ပိုင်း အလွမ်းတွေပိနေတယ်။
အဲ့ဒီ သီချင်းဟောင်းလေးတွေနားထောင်လိုက်တော့ နင့်ကို သတိရလာပြန်တယ်။
နင် ထွက်သွားတာ ကြာခဲ့ပေမယ့် နင့်ကို သတိရနေဆဲပါ။
ငါလေ တကယ်တော့ ဘယ်သူ့ကိုမှ မလွမ်းချင်တော့ဘူး။
တစ်ခုခုဆို လွမ်းနေတတ်တဲ့ ငါ့စိတ်ကိုလည်း မုန်းနေမိတယ်။
မလွမ်းချင်ဘူး ငါ့ စိတ်ကို ပြင်လို့ရခဲ့ရင်ပေါ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment