Sunday, November 25, 2018

RAID အကြောင်းသိကောင်းစရာ


RAID ဆိုသည်မှာ Redundant Array of Independent Disk လို့ခေါ်ပါတယ်။ Disk တွေအများကြီးကို Redudant အပိုထားပြီး Array ပုံစံပြုလုပ်ထားတာကို RAID လို့ပြောတာပါ။ RAID ဆိုတာက Computerရဲ့ Fault Toleranceနဲ့ Preformanceတွေ အတွက် Disk၂ ခု(သို့) ၂ခု ထက်ပိုတဲ့ Disk တွေကို ပေါင်းစည်းထားတဲ့ Disk Driveကိုပြောခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Disk တွေဟာ Basic Disk အဖြစ်ရပ်တည်ကြပါတယ်။ ဒါပေမယ့်လို့ RAID အသုံးပြုဖို့အတွက်တော့ Dynamic Diskတွေကိုပဲ သုံးကြပါတယ်။ ဒါကြောင့် RAID အသုံးပြုတော့မယ်ဆိုရင် Basic Disk တွေကို Dynamic Diskတွေအဖြစ် ပြောင်းပေးရပါတယ်။ RAID အမျိုးအစားအများအပြား ရှိပါတယ်။ ၄င်းတို့မှာ RAID-0, RAID-1, RAID-2, RAID-3, RAID-4, RAID-5, RAID-6, RAID-7, RAID-10 နဲ့ RAID-53 တို့ဖြစ်ကြပါတယ်။ Windows Server 2003 က RAID-0, RAID-1 နဲ့RAID-5ကိုပဲ Supportလုပ်ပါတယ်။



RAID-0



            RAID-0 ကို တစ်နည်းအားဖြင့် Striped Volume လို့လည်း ခေါ်ပါတယ်။ RAID-0 မှာ Data တွေကို အပိုင်းပိုင်းဖြတ်ပြီးတော့ Hard Disk တွေအများကြီးမှာ ခွဲခြားပြီး သိမ်းတာပါ။ RAID-0မှာ Parity မပါရှိပါဘူး။ Parity မပါရှိတဲ့အတွက် Fault Tolerance မရပါဘူး။ ဆိုလိုတာက RAID-0 ထဲမှာ Disk တစ်ခုခုပျက်စီးသွားလျှင် ၄င်း RAID ထဲမှာရှိတဲ့ Data တွေအားလုံး ပျက်စီးသွားမှာပါ။ RAID-0 မှာ Parity မပါရှိတဲ့အတွက် Hard Diskရဲ့ Read Write Head များဟာ Parity ဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကြီးကို မထမ်းဆောင်ရခြင်းကြောင့် Performance အရမ်းကောင်းပါ တယ်။ Windows မှာရနိုင်တဲ့ RAIDတွေထဲမှာ RAID-0 ဟာ Performance အကောင်းဆုံးဖြစ်ပါတယ်။RAID-0 ကိုအသုံးပြုမယ်ဆိုရင် Hard Disk ၂ ခု(သို့) ၂ခု အထက် လိုအပ်ပါတယ်။ RAID-0 မှာ Disk ၂ ခုအသုံးပြုပြီဆိုရင် Dataတွေဟာ ၄င်း Disk ၂ ခုလုံးပေါ်မှာ Data တွေကို တစ်ပြိုင်ထဲ သိမ်းနိုင်ပါတယ်။ ဒါပေမယ့် RAID-0 မှာ Protection ပိုင်းမရတဲ့အတွက် အန္တရယ်များပါတယ်။



















RAID-1

            RAID-1 ကို တစ်နည်းအားဖြင့် Mirror Volume လို့လည်းခေါ်ပါတယ်။ RAID-1ဆိုတာ Physical Disk ၂ ခုပေါ်မှာ Data တွေကို ပုံတူ ကူးတဲ့ RAID ဖြစ်ပါတယ်။ ရှုပ်မသွားနဲ့နော်။ ပုံတူကူးတယ်ဆိုတာဗျာ Data A ကို သိမ်းမယ်ဆိုလို့ရှိရင် Disk 1 မှာရော Disk 2 နှစ်ခုစလုံးမှာ သွား သိမ်းတဲ့အတွက်ကြောင့် Disk 1 ပျက်သွားရင်လည်း ကျွန်တော်တို့က Disk 2 ကို သုံးလို့ရတာပေါ့။ ဟုတ်တယ်နော်။ အဲဒါကြောင့်ပြောတာ RAID-1ကို Fault Tolerance အတွက် အသုံးပြုတာလို့။ ပြန်ပြောမယ်နော်။ RAID-1မှာ RAID ထဲက Disk တစ်ခုခုပျက်စီးသွားလို့ရှိရင် ၄င်း RAID ထဲက Data တွေဆုံးရှုံးမသွားပဲနဲ့ ကျန်ရှိတဲ့ Disk တွေကို အသုံးပြုပြီး ဆက်လက်အလုပ်လုပ်လို့ ရပါတယ်။ အဲ....RAID-1ကို အသုံးပြုမယ် ဆိုရင်တော့ အနည်းဆုံး Disk ၃ ခုလိုအပ်တာပေါ့။ Disk ၃ ခုထက်ပိုသုံးချင်ရင်လည်း ရတယ်နော်။ RAID-1ဟာ RAID တွေထဲမှာ အခြေခံအကျ ဆုံးနည်းလမ်းဖြစ်ပါတယ်။ RAID-1 ဟာ ရိုးရှင်းတယ်၊ အသုံးပြုရတာလွယ်ကူတယ်။ အနှစ်ချုပ်ပြောတော့မယ်။RAID-1ဟာ 100% Data Redundancy ရှိတယ်။ High Performance ရတယ်။ အဲ.....သူရဲ့အားနည်းချက်ကတော့ Disk Storage Capacity မှာ တစ်ဝက်ပဲအသုံးပြုလို့ ရတယ်။ ဟုတ်တယ်လေ Disk နှစ်ခုသုံးမှ Disk တစ်ခုစာပဲ သိမ်းလို့ရသာမဟုတ်လား။



















RAID-2
            RAID-2 ဆိုတာတစ်နည်းအားဖြင့် RAID Level 2 ကိုပြောခြင်းဖြစ်ပါတယ်။ RAID-2ဟာ Bit-Level Striping ဖြစ်ပါတယ်။ RAID-2 မှာ Parity အစား ECC (Error Correcting Code) Information တွေကို သိမ်းတာပါ။ ဆိုလိုတာက Data တွေသိမ်းတဲ့အခါမှာ RAID-2 ဟာ Data တွေကို Bit-Level မှာ Split လုပ်ပြီး ၄င်း Split လုပ်ထားတဲ့ Data တွေကို Data Disk နဲ့ ECC Diskတွေပေါ်မှာ ဖြန့်ပြီး သိမ်းပါတယ်။ ECCဟာ Data တွေရေးတဲ့အခါရော ပြန်ဖတ်တဲ့အခါမှာပါ အမှားရှိမရှိစစ်ဆေးပေးပါတယ်။ ECC ဟာSingle-Bit Error ကိုပဲ Correct လုပ်နိုင်ပြီး  Multiple-Bit Errorကို Correctedမလုပ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ RAID-2 ဟာProtection ပိုင်း သိပ်မကောင်းပါဘူး။Performance ပိုင်းမှာ လည်း RAID-2 ဟာ Bit-Level ဖြစ်တဲ့အတွက် Multiple Access လုပ်လို့ မရပါဘူး။ ဒါကြောင့် Performance ပိုင်းလည်းအရမ်းမကောင်းပါဘူး။
 RAID-2 ကို အသုံးပြုမယ်ဆိုရင် အနည်းဆုံး Hard Disk ၆ လုံး လိုအပ်ပါတယ်။ Hard Disk ၅ လုံးက Data အတွက်ကျန်တဲ့ Hard Disk တစ်လုံး က ECC အတွက်ပါ။ ဥပမာ- Hard Disk ၁၄ လုံး ချိတ်မယ်ဆိုရင် ၁၀ လုံးက Data အတွက် ကျန်တဲ့ Hard Disk ၄ လုံးက ECC အတွက် ဖြစ်ပါတယ်။ RAID-2 မှာ Disk တွေအများကြီး လိုအပ်တဲ့အတွက် ဈေးကြီးတာရယ်၊ လိုအပ်တဲ့ Controller ကရှုပ်ထွေးတာတွေရယ်ကြောင့် အခု နောက်ပိုင်းစနစ်တွေမှာ RAID-2 ကို အသုံးမပြုကြပါဘူး။




RAID-3
            RAID-3 ဟာ Byte-Level Striping ဖြစ်ပါတယ်။ RAID-3 ဟာ Data တွေကို Hard Disk အားလုံးမှာ ခွဲပြီးသိမ်းခြင်းဖြစ်ပါတယ်။ RAID-3 မှာ Parity ပါရှိပါတယ်။ ဒါပေမယ့် Parity နဲ့ Data တွေကို ပေါင်းပြီးမ
သိမ်းပါဘူး။ သီးခြားစီးသိမ်းခြင်းဖြစ်ပါတယ်။ ဆိုလိုတာက Data တွေကို Data Disk တွေမှာသိမ်းပြီး
Parity ကိုသီးခြားHard Disk ပေါ်မှာ သိမ်းတာပါ။ RAID-3 ကို အသုံးပြုမယ်ဆိုရင် အနည်းဆုံး Hard Disk ၃ လုံး လိုအပ် ပါတယ်။ RAID-3 မှာ အသုံးပြုမယ့်  Hard Disk တွေဟာ Size ရော အမျိုးအစားပါ တူရပါမယ်။ RAID-3 မှာ Parity ပါရှိတဲ့အတွက် Fault Tolerance ရပါတယ်။ ဥပမာ RAID-3 ထဲမှ Hard Disk တစ်လုံးပျက်စီးသွားလျှင် ၄င်းRAID ထဲမှ Data များ ဆုံးရှုံးသွားခြင်းမရှိဘဲ ဆက်လက်ပြီး Access လုပ်လို့ရပါတယ်။ ၄င်းဆုံးရှုံးသွားတဲ့ Disk ကို Rebuild လုပ်လို့ရပါတယ်။ လက်တွေ့မှာ RAID-3 ဟာ အရမ်းရှားပါးပါတယ်။ RAID-3 ဟာ Technologyပိုင်း အနည်းငယ်ရှုပ်ထွေးတာရယ်၊ Random နဲ့ Small I/O Operation မှာ Performance နှေးတာတွေရယ်ကြောင့်ပါ။


















RAID-4
            RAID-4 ဟာ Block-Level Striping ဖြစ်ပါတယ်။ RAID-4ဟာ RAID-3 နဲ့ပုံစံတူပါတယ်။ RAID-4မှာလည်းပဲ Data တွေကို Hard Diskအားလုံးမှာဖြန့်ပြီး သိမ်းပါတယ်။ Parity ပါရှိပါတယ်။ Dataတွေကို Data Diskမှာ သိမ်းပြီး Parity ကို သီးခြားDisk မှာ သိမ်းပါတယ်။ RAID-4 မှာ RAID-3နဲ့ မတူညီတဲ့အချက်က RAID-3 မှာကဲ့သို့ Byte-Levelမှာ မဟုတ်ပဲ Block-Levelမှာ အလုပ်လုပ်တာဖြစ်တဲ့အတွက် Performance ပိုကောင်းပါတယ်။ Parity ပါရှိတဲ့အတွက် Fault Tolerance လည်းရပါတယ်။ RAID-4 ထဲမှာ Disk တစ်ခုခု Fail ဖြစ်သွားရင် ၄င်းRAIDထဲမှ Dataများ ဆုံးရှုံးသွားခြင်းမရှိဘဲ ၄င်း Fail ဖြစ်သွားတဲ့ Diskကို ပြန်ပြီး Rebuild လုပ်ပေးလို့ရပါတယ်။ RAID-4 ကို အသုံးပြုလျှင် အနည်းဆုံး Disk ၃ ခု လို အပ်ပါမယ်။ Data Disk က ၂ ခုနဲ့ Parity အတွက် Disk ၁ ခု ဖြစ်ပါတယ်။ RAID-4 ကိုလည်းပဲ လက်တွေ့မှာ အသုံးနည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ RAID-4 မှာ Read Request တွေကို တစ်ပြိုင်နက်တည်းရေးတဲ့အခါမှာ Parity က Disk တစ်ခုဖြစ်တဲ့အတွက် Bottle Neckဖြစ်လာတဲ့အ တွက် Write Performance အားနည်းလို့ပါပဲ။

















RAID -5

                      RAID -5 ဟာလည်း striped volume ကဲ့သို့data တွေအပိုင်းပိုင်းဖြက်ပြီးHard disk တွေအများကြီးမှာ ခွဲခြားပြီး သိမ်းခြင်းပါပဲ။RAID-5 ဟာ Striped volume နဲ့ ကွာခြားတဲ့အချက်ကတော့ parity ပါရှိခြင်းပဲဖြစ်ပါတယ်။RAID-5 ဟာ RAID-3 နဲ့ RAID-4 တို့နဲ့လည်း Parity ပါရှိတာခြင်းတူပါတယ်။မတူညီတဲ့အချက်ကတော့ RAID-5  မှာ parity ကိုသီိးခြားမသိမ်းပါဘူး။ data တွေနဲ့ parity ကိုရောပြီးသိမ်းပါတယ်။ ဆိုလိုတာက RAID -5 မှာ parity ပါရှိတဲ့အတွက် faull Tolerance ရပါတယ်။parity ရဲ့တာဝန်ကိုထမ်း ဆောင်နေ၇တဲ့အတွက်ကြောင့် Stripel volume ကဲ့သို့ performance အားမကောင်းပါဘူး။RAID -5 မှာအနည်းဆုံး Hard disk(3) လုံးကနေ (3) လုံးအတက်လိုအပ်ပါတယ်။Real World မှာတော့ Hard disk (5) လုံးအထက် အသုံးပြုကြပါတယ်။ RAID -5 ဟာ RAID တွေထဲမှာ popular အဖြစ်ဆုံး RAID ပါပဲ ။ RAID -5 မှာHard disk (5) လုံးတပ်ဆင်ပြီး အ သုံးပြုမယ်ဆိုရင် အမှန်တကယ်data သိမ်းလို့ရတာက Hard disk (4)လုံးစာပဲရမှာပါ ။Hard disk (1)လုံးစာက parity အတွက်နေရာပေးရပါတယ်။ RAID - 5 ဟာ Mirror Volume ကဲ့သို့ Fault Tolerance ရပါတယ်။ ဆိုလိုတာက RAID - 5 မှာ  RAID - 5 ထဲမှ disk တစ်ခုခုပျက်စီးသွားသော်လည်းပဲ ၎င်း Volume ထဲမှ data များပျက်စီးသွားခြင်းမရှိပါဘူး။ ၎င်းပျက်စီးသွားတဲ့ disk ကို ကျန်ရှိတဲ့ disk များထဲမှ data တွေနဲ့ Parity information တွေအသုံးပြုပြီးပြန်လည်တည်ဆောက်လို့ရပါတယ်။  အနှစ်ချုပ်ပြောရမယ်ဆိုရင် RAID -5 ဟာ performance လည်းကောင်းတယ။် protection ပိုင်းလည်းကောင်းတယ်။RAID-5 ရဲ့အားနည်းချက်က RAID-0 လောက်မမြန်ဘူး RAID -1လောက် protectionပိုင်းမကောင်းဘူး။





2 comments: