ငယ်စဉ်ကျောင်းသားဘ၀က လုံလလည်းထူငါလည်းကူ ကိုကျွန်တော်တို့ သင်ခဲ့ ကြဖူးသည်။ အကျဉ်းဆိုရသော လှည်းသမားသည် သစ်ပင်ခြေရင်း၏ နွံ၌လှည်းသည် နစ်၏။ လှည်းကိုနွံကနေလွတ်စိမ့်သော်ငှာ လှည်းသမားသည် မည်သည့်လုံလမျှမထုတ်ဘဲ သစ်ပင်၏နတ်မင်းအား လှည်းကို နွံ၌လွတ်စေရန်ဆုပန်၏။ ထိုအခါ သစ်ပင်စောင့်နတ်သည် လှည်းသမားအား သင်ကိုယ်တိုင်ကတော့ဖြင့်မည်သည့်လုံလမျှမထုတ်ဘဲ ကျွန်ုပ်အား လှည်းကိုနွံမှလွတ်စေရန်ကြိုးပမ်းခိုင်း၏။ သင်ကိုယ်တိုင်လည်း လုံလထုတ်ပြီးအားစိုက်ဦး မှပေါ့ စသည်ဖြင့်ဆို၏။ စာဖတ်ပရိသတ်များအားလုံး မှတ်မိကြမည်ထင်ပါသည်။ ထိုကဲ့သို့ပင် လူငယ်များသည် ဤစာအုပ်ကိုဝယ်ပြီးသကာလ အားမစိုက်ဘဲ ပေါ့ပေါ့ ဖတ်မူ မည်သို့မျှ နားမလည်နိုင်ပါ။ အားစိုက်၍သာဖတ်ကြလေကုန်။
ခေတ်သစ်ပုံပြင်
လမ်းမတွင် ကျောက်တုံးကြီးတစ်တုံးပိတ်နေ၏။ လူတစ်ယောက်သည် လမ်းသွား လမ်းလာများ သွားလာရေးကောင်းမွန်စေရန်အလို့ငှာ မနက်စောစောကပင် ခွန်အားစိုက်၍ ကျောက်တုံးကိုဖယ်၏။ ညနေ စောင်း၍ ချွေးဒီဒီကျကာ အားအင်ကုန်ခမ်း သော်လည်း ကျောက်တုံးမှာမူ မနက်ကအတိုင်းပင် နေရာမှ စိုးစင်း မျှပင်မရွေ့ရှိ၏။ ၎င်းင်းကို Physics သဘောဖြင့်ပြောမူ Work done (အလုပ်ပြီးမြောက်မှု) သည် ၀ ဖြစ်၏။ မည်မျှပင် အချိန်ကုန် လူပင်ပန်းစေကာမူ သင်သည် တစ်ခုခုတော့ရအောင်လုပ်ရမည်။ ဤစာအုပ်ကို ဖတ်ပြီး သင်၏ခေါင်းထဲတွင် စာများရောက်သွားရမည်။ ရောက်သွားအောင်လည်းသင်ခန်းစာ များကိုံငါူ့ငါ့အ Highlight လုပ်၍ ဆည်းပူးနိုင်ရမည်။ မဟုတ်မူကား သင်လည်း Work done = ၀ ဖြစ် လိမ့်မည်။ ဤသို့မဖြစ်စေလင့်။
ဤ စာ ၂ ပိုဒ်သည် ကျွန်ုပ်၏ ဤစာအုပ်အတွက် လူငယ့်စကားလက်ဆောင်ဖြစ်ပါသည်။
No comments:
Post a Comment