Saturday, October 20, 2018

AOpen Silent Power AO400-12AHN 400W Power Supply


AOpen Silent Power AO400-12AHN 400W Power Supply























AOpen Power Supply အတွင်း Standard Cable စုံလင်စွာပါဝင်ပြီး 120 mm အရွယ်အစားပန်ကာ
 













ပါဝင်ပါတယ်။ ထို့ပြင် ပန်ကာနှင့်အတူ LED မီးတစ်ခုပါဝင်ပြီး ပန်ကာ၏အနှေးအမြန်ကို ချိန်ညှိပေးနိုင်သော knob တစ်ခုလည်း ပါဝင် ပါတယ်။ AOpen Power Supply ဟာ 400 Watt အမျိုးအစားဖြစ်ပြီး ဆူညံ သံ များလျော့ ချပေးထား သည့် Silent Type ပဲ ဖြစ်ပါတယ်။
 














AOpen Power Supply ဟာ ကွန်ပျူတာ တည်ငြိမ်မှုရှိစေရန် အဓိကထားပြီး ပါဝါ သုံးစွဲမှုနှုန်း လည်းလျော့နည်းပါတယ်။  ထို့ပြင် Power Supply အား UV Reflective Coat လုပ်ထားပြီး အခြား Power Supplyများထက် အနည်းငယ်ပေါ့ပါးပါတယ်။  AOpen Power Supply တွင် ပန်ကာ လည်ပတ်မှုနှုန်းကိချိန် ညှိပေးနိုင်သည့် Fan Controller စနစ်ကတော့ စိတ်ဝင်စားဖွယ်ကောင်းပြီး Noise နှင့် Cooling အတွက်ချိန်ညှိပေးနို င်စေရန်ပဲ ဖြစ်ပါတယ်။ Power Supply အတွင်း အပူချိန်လွန်ကဲမှုမဖြစ်ပေါ်စေရန်တော့

သတိထားဆောင်ရွက်သင့်ပြီး Fan Speed များပါက Noise ဆူညံမှု အနည်းငယ်တော့ ဖြစ်ပေါ်စေပါတယ်။






















Power Supply အတွင်း Serial ATA Power နှစ်ခုပါဝင်ပြီး Motherboard အတွက်ကတော့ 24-Pin ATX Power Connector ကိုအသုံးပြုထားပါတယ်။ ထို့ပြင်ယခင် 20Pinသို့ ပြောင်းလဲပေးနိုင်စေသည့် Adapter ပါဝင်တာကြောင့် Motherboard အတော်များများနှင့် ကိုက်ညီမှုရှိစေပါတယ်။ ထို့ပြင်AOpen အတွင်း Over-Voltage Protection စနစ်ပါဝင်တာကြောင့် Voltage မြင့်မားမှုကိုကာကွယ်ပေးနိုင်ကာ Power Unit














ပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ Voltage မြင့်မားပါက Power Supply ဟာအလိုအလျောက် Shut Down ပြုလုပ် မည်ဖြစ်ပြီး Power Supply ၏ ကြာရှည်အသုံးခံမှုကို ထိန်းသိမ်းထားပါတယ်။ AOpen Power Supplyဟာ Standard Cable များကိုသာ အသုံးပြုထားပြီး လုံခြုံစိတ်ချရသောFeatureများ ပါဝင်တာေ ကြာင့်ကြာရှည်အသုံးပြုနိုင်မည့် Power Supply တစ်မျိုးပဲ ဖြစ်ပါတယ်။







No comments:

Post a Comment