Thursday, October 11, 2018
မခွဲအတူရှိနေတုန်းပါပဲကွယ် . .
နေ့တွေ လပြောင်းခဲ့သလို လတွေကလည်း နှစ်ကိုပြောင်းခဲ့ပါတယ် . .
အဲ့ဒီလိုပဲ ရာသီတွေကလည်း နွေမှသည်မိုး မိုးမှသည်ဆောင်း အလီလီပြောင်းခဲ့ပြီပေါ့ကွယ်
ခေတ်တွေကတော့ တစ်ခေတ်ပြီးတစ်ခေတ်ကူးပြောင်းနေတာပါပဲ . .
အခုဆိုရင် မင်းနဲ့လက်တွဲခဲ့တာ ၁၀ စု နှစ်တစ်စုကျော်ခဲ့ပြီလေ
မင်းဟာ ငါ့ရဲ့ လက်ထဲမှာ . .
တစ်ခါတစ်ရံ မင်းဟာ ငါ့ရဲ့ ရင်ခွင်ထဲမှာ ရီလေးခိုလို့ . .
တစ်ခါတစ်လေတော့ မင်းဟာ ငါ့ရဲ့ ခါးကိုတွဲဖက်လို့ . .
အမြဲတမ်း မင်းနဲ့ကိုယ်ဟာ မခွဲအတူရှိနေခဲ့တယ်နော်
တစ်ခါတစ်ရံ မင်းရဲ့ မပီမသစကားသံလေးတွေက . . ငါ့အတွက်အဆင်မပြေပေမယ့်
ငါ့အတွက်ကတော့ မင်းမရှိလို့ မဖြစ်အောင် မင်းကိုလိုအပ်နေတာပါ
မင်းနဲ့ လက်တွဲခဲ့ပြီးမှ ငါ့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေလာတယ် . .
နောက်ပြီး တစ်ယောက်တည်းဘ၀ကနေ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ရှိလာတယ်
ပြောရရင် မင်းနဲ့ အိုကေစိုပြေခဲ့တယ်ပေါ့ကွာ . .
ဘယ်လောက်ပဲ ခေတ်တွေပြောင်းပြောင်း . .
ဘယ်လောက်ပဲ အသစ်တွေ့တွေ့ . .
မင်းတန်ဖိုးတက်ခဲ့တာတွေ . .
မင်းနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေ ပေါ်ပေါက်လာတာတွေ . .
နောက်ဆုံး ငါတို့က ၁၅၀၀ စစ်စစ်နဲ့ပါလို့ပြောခဲ့တဲ့ သူတွေကို ပစ်ပယ်ပြီး
ယနေ့ထိ မင်းနဲ့ မခွဲအတူရှိနေတုန်းပါ
၅ သိန်းတန် ခေတ်ဦး ဂျီလေးရယ် . . နော် (ဂျီ=GSM)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment