Thursday, October 11, 2018
အပြစ်မတင်ရက်ပါဘူးအဖေရယ် သို့မဟုတ် အလွတ်
အဖေပေါ့ -
လေဖြတ်ပြီးပုံမှန်ပြန်မဖြစ်သေးခင် မိသားစုဇောနဲ့ အလုပ်ပြန်ဆင်းတယ်။
ဆယ်တန်းဖြေပြီးတဲ့ကျွန်တော်က အဖေ့ကို ရုံးလိုက်ပို့ပေးရတယ်။
တစ်ခါတစ်ရံ အဖေက ရုံးနားက အသုပ်ဆိုင်မှာ နန်းကြီးသုပ်စားပြီးမှ ရုံးထဲဝင်တယ်။
အဖေက နန်းကြီးသုပ် သိပ်ကြိုက်တယ်လေ။
အဖေ မှ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်အိမ်သားလုံး နန်းကြီးသုပ်ကြိုက်ကြတယ်။
ပြောရဦးမယ်။ အဲ့ဒီဆိုင်က နန်းကြီးသုပ်က စားဖူးခဲ့သမျှတော့ အကောင်းဆုံးပဲ။
နန်းကြီးသုပ်ထဲမှာ ပုံမှန် ကြက်သားပဲထည့်စားကြတာမဟုတ်လား။
ဒီဆိုင်က ထူးတယ်။ ကြက်သားအပြင် ကြက်သဲကြက်မြစ်၊ ကြက်အူ၊ ကြက်အရေခွံ
ငါးဖယ်၊ ဘဲဥပေါင်း စသည်ဖြင့်ထပ်ထည့်စားလို့ရတယ်ပေါ့ဗျာ။
အဲ့ဒီ အသုပ်ဆိုင်က အဒေါ်ကြီးက အသုပ်တွေကိုလက်မလည်အောင်သုပ်ရင်း
ဟို အစ်ကိုကြီးဘာနဲ့သုပ်မလဲ၊ ဒီ အဒေါ်ကြီးဘာနဲ့သုပ်မလဲ စသဖြင့်မေးလိုက်သုပ်လိုက်
စားနိုင်သောက်နိုင်တဲ့အရွယ်ဖြစ်နေတဲ့ကျွန်တော်လည်း
အဖေ နန်းကြီးသုပ်ကိုဘာနဲ့များသုပ်ခိုင်းမလဲလို့ လျှာသတ်နေခိုက် -
ဒီလိုနဲ့ အဖေ့အလှည့်လည်းရောက်ရော -
“ ဦးလေး ဘာနဲ့သုပ်မလဲ ” လို့ အဖေ့ကိုမေးရာ . . .
အဖေ့ကို အကောင်းဆုံးနန်းကြီးသုပ် ကျွန်တော်ဝယ်မကြွေးနိုင်ခင်မှာ
အဖေသည် လှေလှော်ရင်းတက်ကျိုးခဲ့ရလေပြီ . . .
သားသမီးတွေကလည်း များမှ၊ ကောင်းမှ ငါ့အဖေနဲ့အမေကို လုပ်ကြွေးမယ်ဆိုတာထက်
ကိုယ့်ရတဲ့လခလေးနဲ့ပဲ မိဘတွေ မသေခင် ကောင်းနိုးရာရာ သင့်တော်တာဖြင့် ပြုစုသင့်သလို
မိဘတွေကလည်း သားသမီးတွေရဲ့ အလုပ်ပြန်ချိန်ကို အိမ်ရှေ့ခန်းကနေ ဆီးကြိုးနိုင်ဖို့
ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှအောင်နေပြီး အသက်ရှည်အောင်ကြိုးစားနေထိုင်သင့်တယ်လို့ ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment