လောကမှာဘာအရေးကြီးဆုံးလဲ . . ဆိုတာကို တော်တော်များများတွေးဖူးကြမှာပါ . .
တစ်ချို့ကလည်း ပြောကြမယ် ကျန်းမာရေးပေါ့ တစ်ချို့ကျတော့လည်း မေတ်္တာတရား . .
တစ်ချို့တစ်ချို့ကတော့ လောကမှာ ငွေသာလျှင် အဓိက စသဖြင့် တစ်ယောက်နဲ့တစ်ယောက်
အယူအဆတွေ၊ အမြင်တွေ၊ သဘောထားတွေ မတူနိုင်ကြပါဘူး . .
ကျွန်တော့်အတွက်ဆိုရင်ရော . . ကျွန်တော့်ကိုမေးခဲ့ရင်တော့ . .
လောကမှာအရေးအကြီးဆုံးက ပတ်ဝန်းကျင်ပဲလို့ ဖြေမိမှာပဲဖြစ်ပါတယ်။
လောကမှာ အရေးကြီးတာတွေအများကြီးပါပဲ ဒီလို အရေးကြီးတာတွေကို ပိုင်ဆိုင်နိုင်ဖို့
သင်ဟာ ပတ်ဝန်းကျင်ကောင်းမှာ ရှိနေရမှာဖြစ်ပါတယ်။
ဒါဟာ လက်လွတ်စပယ်ပြောကြားလိုက်တာမဟုတ်ပါဘူး။
မြတ်ဗုဒ္ဓါရဲ့ ၃၈ ဖြာမင်္ဂလာတရားတော်အရ “အသေ၀နာ စ ဗလာနံ၊ ပဏ္ဍိတာနဉ်္စ သေ၀နာ” တဲ့
လူမိုက်ကို မပေါင်းသင်းပါနှင့်၊ ပညာရှိ လူလိမ်္မာကို ဆည်းကပ်ပါ ဆိုတာကို ကျွန်တော်က
ပတ်ဝန်းကျင်ဆိုပြီး ယူလိုက်တာဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ကိုယ့်ကိုလမ်းညွှန်ပြသနိုင်တဲ့ အသိုင်းအ၀ိုင်းကောင်း ပတ်ဝန်းကျင်ကောင်းမှာ
ရှိနေပြီဆိုရင် လောကမှာအရေးကြီးတာတွေဆိုတာကို
ပိုင်ဆိုင်ဖို့ သူ့အားထုတ်မှုပဲလိုတော့မှာဖြစ်ပါတယ်။ အားမထုတ်တောင် ဒီလူရဲ့ ဘ၀ဟာ အဆိုးကြီး
ဖြစ်ဖို့ အခွင်အရေးနည်းသွားပါပြီ။ ညတိုင်း လူဆိုးတွေရဲ့ ဆဲဆိုတိုင်ပင်မှုကို ကြားနေရတဲ့ ဆင်ဖြူတော်
စိတ်ရိုင်းဝင်တာကို ကုစားဖို့ ပညာရှိတွေရဲ့ စကားကို ပြန်နာကြားအောင်စီမံခဲ့နိုင်လို့ ဆင်ဖြူတော်
ပုံမှန်ပြန်ဖြစ်လာတာဟာ ဒီ သာဓကတွေပါပဲ။ ဒါကြောင့်ထင်ပါရဲ့ မိဘတွေဟာ သားသမီးကို
အသိုင်းအ၀ိုင်းကောင်းတဲ့ ကျောင်းမှာထားချင်ရတာနဲ့၊ ကြီးလာတော့လည်း လူတွေဟာ Network
ကောင်းကောင်းရဖို့ ကြိုးစားအားထုတ်ရနဲ့ပေါ့ . . ဒါဆို ဒီလိုမျိုးမတတ်နိုင်တဲ့သူကျတော့
ပတ်ဝန်းကျင်ကောင်းကောင်းရအောင်ဘယ်လိုလုပ်မလဲ . .
စာဖတ်ပါ . . စာကောင်းပေကောင်းကိုဖတ်နေခြင်းကိုက သင်ဟာ ပတ်ဝန်းကျင်ကောင်းမှာရှိနေတာပါပဲ
နိင်ငံတွင်းမှာ Better Learning Environment တွေများလာတာနဲ့အမျှ ပတ်ဝန်းကျင်ကောင်းတွေ
ပေါ်ထွက်လာပြီး ဒီလိုများများပေါ်ထွက်လာအောင် အားလုံး ၀ိုင်ဝန်းဆောင်ရွက်ကြပါစို့လားဗျာ . .
No comments:
Post a Comment