Tuesday, December 11, 2018
Celeron Dual - Core (Core)
အစက Celeron Processor တွေဟာ Budget Processor တွေဖြစ်တဲ့ အတိုင်း Multiprocessing မရပါဘူး။ Japanese Hacker တစ်ယောက်ဖြစ်တဲ့  Tomohiro Kowada က ဒီ Dual Processor Configuration အဖြစ်သုံးလို့ရအောင် Pin တစ်ခုကို Slot Connector တစ်ခုပေါ်မှာတင်ပြီး နောက် Pin တစ်ခုကို CPU Core တစ်ခုပေါ်တင်ပြီး အလုပ်လုပ်ဆောင်ခြင်းဖြင့်  Multiprocessing ကိုဖြစ်အောင်ပြုလုပ်ခဲ့ ပါတယ်။ Celeron Dual Core မှာထပ်ဆောင်းပါဝင်လာတဲ့Features နဲ့  Benefits ကတော့ Shared L2 Cache ဟာ Processor 2ခုကြား Workload ကိုခွဲဝေပေးပါတယ်။ သူက Core တစ်ခုချင်းဆီရဲ့  စွမ်းဆောင်ရည်ကို မြှင့်တင်ထားတာမို့  Core တစ်ခုချင်းဆီဟာ L2 Cache က Data တွေကိုရယူနိုင်ပြီး မကြာခနသုံးတဲ့  Data တွေကို လျှင်မြန်စွာပို့ နိုင်သယ်နိုင်ပါတယ်။
Allendale
Intel မှ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ၊ ၂၀ ရက်နေ့တွင် Dual-Core Celeron E 1200 Processor အသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၎င်း Processor ဟာ Allendale Core ကို အခြေခံအသုံးပြုထားပြီး 800 MT/s FSB အမြန်နှုန်းရှိကာ 2 MB L2 Cache ပါဝင်ပါတယ်။ ၎င်း၏ TDP မှာ 65 W ရှိပြီး Intel Speed Step နည်းပညာကို အသုံးပြုထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ထို Processor၏ Clock Rate မှာ 1.6 GHz မှ 2.4 GHz အထိရှိပြီး Motherboard အမျိုးအစား မြောက်မြားစွာဖြင့် အသုံးပြုနိုင်ပါတယ်။
ထို့နောက် E 3200 နှင့် E 3300 Series များ ထပ်မံပေါ်ထွက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဩဂုတ်လအတွင်း စတင်ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ထို့အပြင် Wolfdale-3M Core အသုံးပြုထားသော Pentium Dual-Core E500, Pentium E 6000 နှင့် Core 2 Duo E 7000 Series များလည်း ပေါ်ထွက်ခဲ့ပြီး Performanceကတော့အတော်လေးမြင့်မားကောင်းမွန်ကြပါတယ်။
MobileCeleronနှင့်CeleronM(P6)
Mendocino Mobile၎င်း Processor ဟာ Mendocino (Celeron-A) နှင့် ဆင်တူပြီး 32 KB L1 Cache နှင့် 128 KB L2 Cache ပါဝင်ပါတယ်။ ဒါပေမယ့် ၎င်း၏ Voltage မှာ (1.5V-1.9V) သာရှိပြီး စွမ်းအင်ပိုမိုလျော့ချပေးနိုင်ပါတယ်။ထို့ပြင်မြန်ဆန်ခြင်း၊သေးငယ်ခြင်း၊ စွမ်းဆောင်ရည် ကာင်းမွန်ခြင်း ပြင် Package (6.5-Pin BGA2  (သို့) Micro-PGA2 ackage) ဟာလည်း သေးငယ်ပါတယ်။
Tualatin-256၎င်း Processor များကတော့ ပထမဆုံး Mobile Celeron အမျိုးအစားဖြစ်ပြီး Tualation Core ကိုအခြေခံတည်ဆောက်ထားပါတယ်။ ထို Tualation-256 ဟာ Mobile နှင့် Desktop နှစ်မျိုးကွဲပြားပြီး Mobile Seriesများမှာတော့ 100 MHz နှင့် 133 MHz FSB အမြန်နှုန်းရှိကာ 256 KB L2 Cache ပါဝင်ပါတယ်။
Northwood-256
Northwood-256 ကတော့ Laptop များအတွင်း ထည့်သွင်းအသုံးပြုစေရန်ဖြစ်ပြီး Northwood-Core ကိုအခြေခံပြီးတည်ဆောက်ထားပါတယ်။ ၎င်းတွင် 256 KB L2 Cache ပါဝင်ပြီး အခြား Processor များထက်စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ပါတယ်။ ထို့ပြင် Celeron M နေရာတွင် အစားထိုးအသုံးပြုနိုင်စေရန်ဖြစ်ပြီး ဒီဇိုင်းကတော့ Pentium M နှင့်တူညီပါတယ်။
Banias-512
Banias-512 Celeron ဟာ Banisa Pentium M ကို အခြေပြုတည်ဆောက်ထားခြင်းဖြစ်ပေမယ့် L2 Cacheပမာဏကတော့ ထက်ဝက်ခန့်လျော့နည်းပါတယ်။ ပြီးတော့ Clock Varying SpeedStep Technology ကိုလည်း Support မလုပ်ပေးနိုင်ပါဘူး။ Pentium M နှင့် နှိုင်းယှဉ်ရာမှာတော့ အသင့်အတင့်ကောင်းမွန်ပေမယ့်Notebook များအတွင်း ထည့်သွင်းအသုံးပြုရာမှာတော့ ဘက်ထရီစွမ်းအင်ကို ပိုမိုအသုံးပြုပါတယ်။
Shelton
Shelton Core ကတော့ Banias Core အမျိုးအစားဖြစ်ပြီး ၎င်းတွင် L2 Cache နှင့် Speed Step မပါဝင်ပါဘူး။ ၎င်းအားIntel ၏ အရွယ်အစားသေးငယ်သော D 845 GVSH Motherboard အတွင်း အသုံးပြုစေလို၍ဖြစ်ပြီး အာရှနှင့်တောင်အမေရိက ဈေးကွက်အတွင်း အဓိကရောင်းချခဲ့ပါတယ်။ ၎င်း Processor ဟာ Intel Celeron1.0B GHzအမြန်နှုန်းရှိပြီး ယခင် Coppermine-128 နှင့် Tualeron 1.0 GHz Processor တို့နှင့် ကွဲပြားပါတယ်။ထို Shelton 08 ဟာ ဈေးနှုန်းသက်သာသော Notebook များအတွက်ဖြစ်ပြီး Intel မှ ၂၀၀၈ ခုနှစ်ဇန်န၀ါရီလတွင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းဟာ Intel ၏ Single-Core Diamondville CPU နည်းပညာကိုအသုံးပြုထားပြီး ClockFrequency ကတော့ 1.6 GHz နှင့် 533 MT/s FSB ရှိပါတယ်။ Power အသုံးပြုနှုန်းဟာ 3.5 W ရှိပြီး 945 GSE Chipsetကို ထည့်သွင်းအသုံးပြုထားပါတယ်။ ထို့ပြင် Direct X 9 Graphic အားSupport လုပ်ပြီး DDR 2 Memory နှင့်တွဲဖက်သုံးနိုင်ပါတယ်။
Dothan-1024
Dothan Celeron Ms ကတော့ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလတွင် ပေါ်ထွက်လာတာဖြစ်ပြီး XD Bit ကို Support လုပ်ပါတယ်။၎င်းဟာ စွမ်းအင်သုံးစွဲမှုနှုန်းအနည်းငယ်သာရှိပြီး ASUS Eee PC များအတွင်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။၎င်း၏ L2 Cache ပမာဏဟာလည်း Celeron M ထက် နှစ်ဆပိုမိုများပြားမြန်ဆန်ပြီး Product Code ကတော့ 80536ဖြစ်ပါတယ်။
No comments:
Post a Comment