အခုကျွန်တော်ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့
RAID 5 ကို Install လုပ်မယ့် အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ RAID ရဲ့အရှည် ကတော့
Redundant Array of Inexpensive Device လို့ခေါ်ပါတယ်။ ကျွန်တော်တို့တွေ RAID 5 ကို
အသုံးပြုရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့သိမ်းဆည်းမယ့် Data တွေကို
စိတ်ချမှုရှိဖို့ရန် အတွက် ပျောက်ဆုံးပျက်စီးမှုမဖြစ်စေဖို့ရန်အတွက်
အသုံးပြုရခြင်းပဲဖြစ်ပါတယ်။ ကောင်းပြီ။ ဒါဆိုရင် RAID 5 ကို Install
လုပ်လိုက်ကြရအောင်......အဲအဲ ပြောဖို့မေ့နေတယ်။ RAID 5 ကို Install လုပ်မယ်ဆိုရင်
ကျွန်တော်တို့ဆီမှာ အနည်းဆုံး HDD ၃လုံးရှိနေမှ RAID 5 ကို Install
လုပ်လို့ရမှာဖြစ်ပါတယ်။ ကဲ ဒါဆိုရင်ဖြင့် RAID 5 ကို Install
လုပ်ကြရအောင် နော်....။
RAID 5 ကို Install လုပ်ဖို့ရန်အတွက်
My Computer ကို Right Click နှိပ်ပြီးရင် Manage ထဲကို သွားပါ။ ပုံ(၁)
တွင်ကြည့်ပါ။
My Computer ရဲ့ Manage ထဲကိုရောက်ရင် Computer Management Box ပေါ်လာပါ့မယ်။ ပုံ (၂) တွင် ကြည့်ပါ။
အဲဒီ Computer Management Box ထဲက Disk Management ကို နှိပ်ပါ။ ပုံ (၃) တွင် ကြည့်ပါ။
Disk Management ထဲကို ရောက်သွားပြီဆိုရင်တော့
ကျွန်တော်တို့ RAID 5 လုပ်ဖို့ရန် အတွက် တပ်ထားတဲ့ Hard Disk တွေကို မြင်တွေ့ရပါလိမ့်မယ်။ ကောင်းပြီ အခုကျွန်တော်တို့ RAID 5 လုပ်မယ် HDD တွေကတော့
Disk 1, Disk 2 နဲ့ Disk 3 တို့ ဖြစ်ပါတယ်။ ၄င်း Hard Disk တွေကို
သေသေချာချာကြည့်ပါ။ Basic Disk ဆိုပြီး ဖော်ပြထားပါလိမ့်မယ်။ အဲဒီမှာ
ကျွန်တော်တို့က Basic Disk တွေကို Dynamic Disk သို့ပြောင်းပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိ Dynamic Disk ပြောင်းမယ့် Hard Disk ရဲ့နေရာမှာ Right Click
နှိပ်ပြီးရင် Convert to Dynamic Disk ကို နှိပ်ပါ။ ပုံ (၄) တွင် ကြည့်ပါ။
Convert
to Dynamic Disk Box ပေါ်လာပါ့မယ်။ အဲဒီမှာ Dynamic Disk ပြောင်းမယ်။ Disk တွေရဲ့
Check Box " On " ပေးပါ။ပြီးရင် Ok နှိပ်ပါ။
ပုံ
(၅) တွင် ကြည့်ပါ။
အခုဆိုရင် Disk 1, Disk 2, Disk 3 Hard Disk ၃ ခုစလုံး Dynamic Disk ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။ပုံ (၆) တွင် ကြည့်ပါ။
ဒါဆိုရင်ဖြင့် RAID 5 Volume ကို စတင်ဖန်တီးလို့ ရပါပြီ။ ဒါကြောင့် ပုံမှာပြထားတဲ့အတိုင်း RAID 5 လုပ်မယ်။ Hard Disk တစ်ခုပေါ်မှာ Right Click နှိပ်ပြီး New Volume ကို ရွေးပေးပါ။ ပုံ (၇) တွင် ကြည့်ပါ။
Welcome
to the New Volume Wizard ပေါ်လာပါမယ်။ Next ကိုနှိပ်ပါ။ ပုံ (၈) တွင် ကြည့်ပါ။
Select
Volume Type Page ပေါ်လာပါမယ်။ အဲဒီမှာ RAID 5 ကို Select မှတ်ပေးရပါမယ်။ ပြီးရင်
Next ကို နှိပ်ပါ။ ပုံ (၉) တွင် ကြည့်ပါ။
Select
Disks Page ပေါ်မယ်။ အဲဒီမှာ Avaliable နဲ့ Selected ဆိုပြီး View ၂ခု မြင်ရပါမယ်။
ကျွန်တော်တို့က RAID 5 လုပ်ရမှာဖြစ်တဲ့အတွက်
Avaliable ဖြစ်နေတဲ့ Disk တွေကို Selected ထဲသို့ရောက်အောင် Add Button
ကိုနှိပ်ပြီး ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Next ကိုနှိပ်ပါ။ ပုံ (၁၀ ၊ ၁၁)
တွင် ကြည့်ပါ။
Device Letter (or) Path Page ပေါ်လာပါ့မယ်။
အဲဒီမှာ Assign the Following Device Letter ကို D: အနေနဲ့ Assign လုပ်မယ်လို့
ဖော်ပြပါလိမ့်မယ်။ Next ကို နှိပ်ပါ။ ပုံ
(၁၂) တွင် ကြည့်ပါ။
Format
Volume Page ပေါ်မယ်။ Perform a quick format check box ကို "on" ပေးပြီး
Next ကို နှိပ်ပါ။ ပုံ (၁၃)
တွင် ကြည့်ပါ။
Completing the New Volume Wizard
Page ပေါ်ပါမယ်။ Finish ကို နှိပ်ပါ။
ကောင်းပြီ အခုဆိုရင်တော့
ကျွန်တော်တို့လိုချင်တဲ့ RAID 5 Volume ကြီးကို ဖန်တီးပြီးသွားပြီဖြစ်ပါတယ်။
ဒါကြောင့် RAID 5 Install ကို ဒီမှာပဲ ရပ်နားလိုက်ပါတော့မယ်။
No comments:
Post a Comment