Active
Directory ဆိုတာ Microsoft Windows 2000 Network Operating System အတွက် Directory
Serviceတစ်ခုပဲဖြစ်တယ်။ Active Directory မှာ Database နှင့် Service ဆိုပြီးတော့
နှစ်မျိုးရှိပါတယ်။ Active Directoryဆိုတာက Network မှာရှိသော Resource တွေအတွက်
Information အချက်အလက်တွေကို စုစည်ထားသောDatabase တစ်ခုဖြစ်တယ်။ Network မှာရှိသော
Resource တွေဆိုတာက Network မှာရှိသော Computer တို့၊ Userတို့၊ Folder တွေ၊
Printer တွေShare ပေးတာတို့ စသဖြင့်ကိုခေါ်တာဖြစ်တယ်။ နောက်ပြီးတော့ Active
Directory ဆိုတာService တစ်ခုလည်းဖြစ်တယ်။ အဲ့ဒီ Information အချက်အလက်တွေကိုပဲ
Network မှာရှိသော User တွေနှင့်Application တွေကို အသုံးပြုနိုင်ဖို့အတွက်
ပြုလုပ်ပေးခြင်းကို Service လို့ခေါ်တာဖြစ်တယ်။ ဒီတော့ Active Directory
ဆိုတာက
Network မှာ Database လို့လည်းခေါ်သလို Service လို့လည်းခေါ်နိုင်တယ်။ Active
Directory ဟာEnterprise-Level Directory Service တစ်ခုအတွက် လိုအပ်သော အခြေခံကျသော
Basic Feature တွေကိုပံ့ပိုးပေးပါတယ်။ ဘာတွေပံ့ပိုးပေးတာလဲဆိုတော့ Extensible
Information Source အရေးပါသောသတင်းအချက်အလက်တွေ၊ Naming Conventions For
Directory Object ဆိုတဲ့ Network မှာရှိသော DirectoryObjects တွေအတွက်
နာမည်တွေသတ်မှတ်ပေးခြင်း၊ Policies တွေသတ်မှတ်ခြင်း၊ နောက်ပြီး Administeringလုပ်ရန်အတွက်
Tools တွေသတ်မှတ်ပေးခြင်းတို့ပဲဖြစ်တယ်။ Network
ကွန်ယက်တစ်ခုအတွင်းမှာရှိသော Resourcesတွေကို User တွေ၊ Application
ကယူပြီးတော့အသုံးပြုမှုကို ထိန်းချုပ်ပေးဖို့အတွက် Administrator ကနေမှ ActiveDirectory
ကို သတ်မှတ်ပေးရမှာဖြစ်တယ်။
Active
Directory မှာ Basic Element အခြေခံကျသော အချက်က Object ပဲဖြစ်တယ်။ ဒီနေရာမှာ
Object ဆိုတာကNetwork ကွန်ယက်မှာရှိသော User တစ်ယောက်လည်းဖြစ်နိုင်သလို၊ Computer
တစ်လုံးလည်းဖြစ်နိုင်တယ်။ Printerတစ်လုံးလည်းဖြစ်နိုင်တယ်။ Application တွေ၊ File
တွေ၊ ဒါမမဟုတ် Network မှာရှိသော တစ်ခြား Resources တွေလည်းဖြစ်နိုင်ပါတယ်။
ဒါတွေကို ခြုံပြီးတော့ Object လို့ခေါ်တာဖြစ်တယ်။ ဒီ Active Directory Object တွေဟာ
Attributes တွေကို သတ်မှတ်ပေးတယ်။ Attributes တွေဆိုတာက ၄င်း Objects တွေနဲ့အတူပါလာသော
Propertiesပိုင်ဆိုင်မှုတွေဖြစ်တယ်။ ဥပမာပြောရရင်-Network ကွန်ယက်မှာရှိသော
တစ်ချို့ User တွေကဆိုရင် သူတို့ရဲ့ Attributesတွေက ဘာတွေလဲဆိုတော့ First Name,
Last Name, E-mail Address, နှင့် Phone Number စသဖြင့်ဖြစ်လိမ့်မယ်။
Active Directory
Object မှာ အဓိကကျသော အမျိုးအစားတစ်ခုကတော့ OU လို့ခေါ်တဲ့ Organization Unitပဲဖြစ်တယ်။
OU ဆိုတာဟာလည်း Object တစ်မျိုးပါပဲ။ OU မှာကျတော့ တစ်ခြား Objects တွေရှိသေးတယ်။ အဲ့ဒီ
OUလို့ခေါ်တဲ့ Organization Unit မှာ User တို့လို၊ Application တို့လို Specific သတ်မှတ်ထားသော
Object တစ်ခုလည်းရှိနိုင်သလို၊ နောက်ထပ်တစ်ခြား OU တစ်ခုလည်းရှိနိုင်ပါတယ်။ အဲ့ဒီ
OU မှာပဲ User Permission တွေကိုသတ်မှတ်ပေးနိုင်တယ်။
Domain
တွေမှာ Organization Unit တွေရှိကြတယ်။ အဲ့ဒီ OU တွေဟာ Domain မှာရှိသော Active
Directory အတွက် အခြေခံကျသော Basic Security လည်းဖြစ်သလို၊ Organizational
Structure ပုံစံတစ်ခုလည်းဖြစ်တယ်။ Active Directory မှာရှိသော Object တိုင်းဟာ ဒီ
Domain တစ်ခုနှင့်ဆက်စပ်သက်ဆိုင်နေရမယ်။ Domain တွေဟာ သင့်ရဲ့ Enterprise
လုပ်ငန်းအတွက် အမြဲတမ်း Organizational Structure
ဖွဲ့စည်းပုံတစ်ခုဖြစ်နေမှာဖြစ်သလို၊
သင့်ရဲ့လုပ်ငန်းအတွက် လုံခြုံရေးဆိုင်ရာ Security
Boundary တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနေမှာဖြစ်တယ်။
ဒါကြောင့် သင့်ရဲ့ ကွန်ယက်မှာရှိနေသော
Active Directory မှာရှိသော Object တိုင်းမှာ ဒီ Domainတစ်ခုဆိုတာရှိကိုရှိရမှာဖြစ်တယ်။
ဥပမာပြောရရင်တော့ Domain တစ်ခုမှာ သတ်မှတ်ပေးထားသော၊
ချမှတ်ပေးထားသော Privileges အခွင့်အရေးလုပ်ပိုင်ခွင့်တွေဟာ
နောက်တစ်ခြား Domain တစ်ခုပေါ်မှာအလိုအလျောက်သက်ရောက်သွားတာမျိုးမရှိတတ်ပါဘူး။
Domain တစ်ခုထက်ပိုသော Domain တွေကိုစုပေါင်းလိုက်မယ်ဆိုရင် Domain Tree လို့ခေါ်ပြီးတော့
အဲ့ဒီ Domain Tree တွေတစ်ခုထက်ပိုသွားရင်တော့ Domain Forests ဟုခေါ်ပါတယ်။
Discretionary Access
Control List (DACLs) နှင့် System Access Control Lists (SACLs) တိုမှာ Active Directory
Objects တွေကို Protect ကာကွယ်ပေးထားပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ဒီ DACLs နှင့်
SACLs တို့ဟာ Active Directory
Object မှာရှိသော Attributes တွေကို ဘယ် User တွေ၊ ဘယ် Application တွေက Access လုပ်ခွင့်၊အသုံးပြုခွင့်ရှိတယ်ဆိုတာကိုသတ်မှတ်ပေးတာဖြစ်တယ်။
အလားတူပဲ Windows NT 4.0 မှာအသုံးပြုသော NTFS File System မှာအသုံးပြုသော Access
Control List (ACLs) ကိုအသုံးပြုခွင့်ကိုလည်းသတ်မှတ်ပေးတာဖြစ်တယ်။
Directory Objects
တွေကိုဆက်သွယ်ရာမှာ ၄င်းတို့ရဲ့ Permission တွေကို Propagate လုပ်ရာမှာ DACLs
နှင့် SACLs တို့ကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ DACLs နှင့် SACLs တို့က
Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့ရန်အသုံးပြုခွင့်တွေကိုလည်းခွင့်ပြုချက်ပေးဖို့ရန်ကို
နည်းလမ်းတွေကိုလည်း သတ်မှတ်ပေးပါတယ်။
ဒီတော့ Administrator တွေက
Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့အတွက် DACLs နှင့် SACLs
တို့ကချမှတ်ပေးသော နည်းလမ်းတွေအတိုင်းလုပ်ဆောင်ပေးရပါတယ်။
Active Directory မှာ Rules တွေရှိတယ်။ အဲ့ဒီ
Rules တွေက သူ့ရဲ့ Directory ထဲမှာသိမ်းဆည်းထားသော
Objects တွေကို ထိန်းချုပ်ပေးနိုင်ဖို့အတွက်
Rules တွေကိုချမှတ်ထားတာဖြစ်တယ်။ ၄င်းချမှတ်ထားသော Rules
တွေကို Schema လို့ခေါ်ပါတယ်။
Network
ကွန်ယက်အတွင်းမှာရှိသော Domain တစ်ခုချင်းစီအတွက် လိုအပ်သော Information သတင်းအချက်အလက်အကြောင်းအရာတွေကို
ဒီ Active Directory မှာ Maintain ထိန်းသိမ်းထားတာဖြစ်တယ်။
ပြောရမယ်ဆိုရင် ကွန်ယက်တစ်ခုမှာရှိသော Domain တစ်ခုချင်းစီအတွက်လိုအပ်သော အချက်အလက်တွေကို Active Directory မှာရှိနေမှာဖြစ်တယ်။ အဲ့ဒီ Active Directory Database အချက်အလက်တွေကို အဲ့ဒီ ကွန်ယက်မှာရှိသော Domain Controller ဆိုတဲ့၊ Domain Controller လို့သတ်မှတ်ထားသော ကွန်ပျူတာမှာသိမ်းဆည်းထားတာဖြစ်တယ်။ ဒီသတင်းအချက်အလက် Information တွေဟာ Domain Controller တွေရဲ့ကြားထဲမှာ သူ့အလိုအလျောက် Automatically အရ Replicate ဖြစ်နေမှာဖြစ်တယ်။ Directory ထဲမှာရှိသော Every Portion အစိတ်အပိုင်းမှန်သမျှဟာလည်း အမြဲတမ်း Up-to-date ဖြစ်နေမှာဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ Active Directory ကို Replicate လုပ်တဲ့အခါမှာ ၅ မိနစ်တစ်ကြိမ်လောက်ကို အမြဲတမ်း Update ဖြစ်တယ်။ အဲ့ဒီ Active Directory Information တွေကို Automatic အလိုအလျောက် Replicaton လုပ်တဲ့အခါမှာ သတ်မှတ်ထားသော Domain တစ်ခုရဲ့ Security Boundary အတွင်းမှာပဲ Replication လုပ်တာဖြစ်တယ်။ Domain တစ်ခုအတွင်းမှာရှိသော Domain Controller
တွေဟာ Information အချက်အလက်တွေကို Automatic Replicate လုပ်တဲ့အခါမှာ တစ်ခြား Domain တွေနှင့် Replicate မလုပ်ပါဘူး။
ပြောရမယ်ဆိုရင် ကွန်ယက်တစ်ခုမှာရှိသော Domain တစ်ခုချင်းစီအတွက်လိုအပ်သော အချက်အလက်တွေကို Active Directory မှာရှိနေမှာဖြစ်တယ်။ အဲ့ဒီ Active Directory Database အချက်အလက်တွေကို အဲ့ဒီ ကွန်ယက်မှာရှိသော Domain Controller ဆိုတဲ့၊ Domain Controller လို့သတ်မှတ်ထားသော ကွန်ပျူတာမှာသိမ်းဆည်းထားတာဖြစ်တယ်။ ဒီသတင်းအချက်အလက် Information တွေဟာ Domain Controller တွေရဲ့ကြားထဲမှာ သူ့အလိုအလျောက် Automatically အရ Replicate ဖြစ်နေမှာဖြစ်တယ်။ Directory ထဲမှာရှိသော Every Portion အစိတ်အပိုင်းမှန်သမျှဟာလည်း အမြဲတမ်း Up-to-date ဖြစ်နေမှာဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ Active Directory ကို Replicate လုပ်တဲ့အခါမှာ ၅ မိနစ်တစ်ကြိမ်လောက်ကို အမြဲတမ်း Update ဖြစ်တယ်။ အဲ့ဒီ Active Directory Information တွေကို Automatic အလိုအလျောက် Replicaton လုပ်တဲ့အခါမှာ သတ်မှတ်ထားသော Domain တစ်ခုရဲ့ Security Boundary အတွင်းမှာပဲ Replication လုပ်တာဖြစ်တယ်။ Domain တစ်ခုအတွင်းမှာရှိသော Domain Controller
တွေဟာ Information အချက်အလက်တွေကို Automatic Replicate လုပ်တဲ့အခါမှာ တစ်ခြား Domain တွေနှင့် Replicate မလုပ်ပါဘူး။
No comments:
Post a Comment