FTP
ဆိုတာဘာလဲပေါ့။ FTP ဆိုတာကတော့ (File Transfer Protocol) လို့ခေါ်ပါတယ်။ FTP
Serviceကိုသုံးတော့မယ်ဆိုရင်တော့ ဘာအတွက်အသုံးပြုမယ်ဆိုတာကို အရင်သိထားရမယ်လေ။ ကဲ
......ကျွန်တော်တို့ FTP Service ကို ဘာအတွက်အသုံးပြုမလဲ။ FTP Service ကို
အသုံးပြုရတဲ့ အကြောင်းအရင်းကတော့ Computer တစ်လုံးနဲတစ်လုံး Data တွေကို ဖလှယ်ဖို့ရန်
အတွက်အသုံးပြုတာဖြစ်ပါတယ်။ဟ......Computerတစ်လုံးနဲ့တစ်လုံး Data
တွေဖလှယ်ဖို့အတွက်များ FTP Service သုံးနေရသေးလား ဒီအတိုင်းပဲကိုယ်ပေးသုံးချင်တဲ့
Data တွေကို Share ပေးလိုက်ရင်သုံးလို့ရပြီမဟုတ်လား။ အဲဒီလိုလဲမဟုတ်သေးဘူးဗျ။
အဲဒီFTP Service က Computer တစ်လုံးနဲ့တစ်လုံး Data ဖလှယ်ဖို့အတွက်တင်မကဘူး
Platform မတူတဲ့ Computerတစ်လုံးနဲ့တစ်လုံးကြားမှာပါ Dataတွေကိုဖလှယ်လို့ရပါတယ်။
ကျွန်တော်တို့က အဲဒီအတွက် FTP Service ကို သုံးမှာဖြစ်ပါတယ်။
FTP Server ကို တည်ဆောက်မယ်ဆိုရင် Network Operating System ( ဥပမာ- Microsoft Server 2003 ) မှာရော Desktop Operating System ( ဥပမာ- Windows XP, Windows Vista, Windows 7)တည်ဆောက်လို့ ရပါတယ်။ ပြီးတော့  IIS ( Internet Information Service ) ရှိရပါမယ်။ နောက်ဆုံးတစ်ခုကတော့  Install လုပ်ချင်တဲ့  Computerရဲ့  Administrator Password ကိုပိုင်ဆိုင်ရပါမယ်။
အခု
ကျွန်တော်က FTP (File Transfer Protocol) Server ကို ဘယ်လို Installation
လုပ်ရမလဲဆိုတာကို အဆင့်တစ်ဆင့်ချင်း အလိုက် ရှင်းပြပေးမှာ ဖြစ်ပါတယ်။ FTP Server
ကို Installation လုပ်တော့မယ်ဆိုရင်တော့ ပထမဦးစွာ Control Panel ကို သွားရမှာ
ဖြစ်ပါတယ်။ Start Menu အောက်က Control Panel ကိုသွားလိုက်ပါ။
Control Panel Box ကျလာပါလိမ့်မယ်။
Control
Panel Box ကျလာပြီဆိုတော့ ၎င်း Control Panel Box ထဲက Add or Remove Programs ကို နှစ်ချက်နှိပ်ပြီး
ဖွင့်လိုက်ပါ။ Add or Remove Program ကျလာပါလိမ့်မယ်။
Add or Remove Programs Box ထဲကဘယ်ဘက်မှာရှိတဲ့ Add/ Remove Windows Components ဆိုတာကို
နှိပ်လိုက်ပါ။ Please Wait ဆိုပြီး ခဏစောင့်ခိုင်းပါလိမ့်မယ်။
ခဏလောက်ကြာပြီးရင်
Windows Component Wizard Box ပွင့်လာပါပြီ။
Windows Components Wizard Box ထဲကဒုတိယမြောက်မှာရှိတဲ့ Application Server ကို
Select မှတ်ပြီး Detail ကို နှိပ်လိုက်ပါ။
ဒါဆိုလို့ရှိရင်
Application Server Detail Box ပေါ်လာပါပြီ။
Application Server Box ထဲက Internet Information Services (IIS) ကို Select
မှတ်ပြီး Detail ကို ထပ်နှိပ်ပါ။
အခုတစ်ခါ
Internet Information Services (IIS) Detail Box ကျလာပါပြီ။
Internet Information Services (IIS) Box ထဲက File Transfer Protocol (FTP)
Service ရဲ့
ဘေးမှာရှိတဲ့
Check Box ကို On ပေးလိုက်ပါ။
FTP
Service ကို On လိုက်တာနဲ့ တစ်ပြိုင်တည်း Common File နဲ့ Internet Information
Services Manager နှစ်ခုစလုံးရဲ့ ဘေးမှာရှိတဲ့ Check Box တွေဟာ အလိုအလျောက် On
ပြီးသားဖြစ်သွားပါလိမ့်မယ်။ ၎င်းနောက် OK ကို နှိပ်လိုက်ပါ။
၎င်းနောက်
Application Server Box ထဲမှာ ရှိတဲ့ Internet Information Services (IIS) ရဲ့
ဘေးက Checkမှာပါ အလိုအလျောက် On သွားပါလိမ့်မယ်။ ဒီ box မှာဘာမှလုပ်စရာမလိုပါဘူး
OK ကိုနှိပ်ထွက်လိုက်ပါ။
နောက်ဆုံး
Windows Components Box ထဲက Application Server မှာပါ အလိုအလျောက် On ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။
၎င်း Box ထဲက Next ကို နှိပ်ပါ။
အခုဆိုရင်....FTP
Server Installation စတင်နေပါပြီ။
FTP Server Installation လုပ်နေစဉ် လိုအပ်တဲ့ File တွေကို Copy ကူးဖို့အတွက် မိမိ
computer ရဲ့ Windows OS Installation လုပ်တုန်းက အသုံးပြုခဲ့တဲ့ Windows CD ကို
တောင်းပါလိမ့်မယ်။ (ဥပမာ-မိမိစက်က Windows Server 2003 Enterprise Edition တင်ထားတယ်ဆိုရင်
၎င်း Windows Server 2003 Enterprise Edition CD ကို ထည့်ပေးရမှာပါ။) တောင်းတဲ့ CD
ကို CD-ROM ထဲမှာ ထည့်ပြီး OK ကို နှိပ်လိုက်ပါ။
နောက်ဆုံးမှာတော့
Completing the Windows Components Wizard Box ပေါ်လာပါပြီ။
ကဲ...........အခုဆိုရင်
FTP Server ကို Install လုပ်တာတော့ပြီးသွားပါပြီ။
ဟုတ်ပြီ
FTP Server ကို Install လုပ်လို့ပြီးသွားရင် Platform မတူတဲ့ Computer ဆီကို
ဘယ်လိုခေါ်ပြီးအသုံးပြုမလဲ။
လွယ်ပါတယ်။ Browser ကိုအသုံးပြုရမှာပေါ့။ ဒီတော့ FTP Client ဘက်ဆီမှာ Browser
Application ရှိရပါမယ်။ Browser ဆိုတော့ IE တို့ Mozilla Firefox
တို့လိုမျိုးအသုံးပြုရမှာပေါ့ဗျာ။ ကဲ အခု Browser ကိုဖွင့်လိုက်ပါ။
၎င်းနောက် Address Bar မှာ ဥပမာပေါ့ဗျာ ftp://192.168.100.1 လို့ရိုက်ထည့်လိုက်ပါ။ ftp://
ရဲ့နောက်က IP Address ဟာ မိမိ လှမ်းခေါ် အသုံးပြုချင်တဲ့ Computer ရဲ့ IP Address
ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
အခုဆိုရင်
FTP Server ကို Install ဖို့ အတွက်လိုအပ်ချက်တွေ ၊ FTP Client ဘက်က
ယူခေါ်သုံးပုံတွေနဲ့  FTP Server installation အဆင့် ဆင့် ကိုပြောပြလို့ ပြီးပါပြီ။
အဆင်ပြေပါစေ။
No comments:
Post a Comment