Tuesday, November 20, 2018

Internet Connection ကို NAT ဖြင့် Share ပေးသုံးခြင်း

NAT ( Network Address Translation ) ဆိုတာ ဘာလဲ။ ပြောရမယ်ဆိုရင်တော့ သူဟာ ကိုယ့်ရဲ့ Private Internal Network ထဲက Computer တွေကို ISP ကချပေးတဲ့ IP Address တစ်ခုတည်းနဲ့ပဲ  Internet Connection အသုံးပြုလို့ရအောင် IP Address တွေနဲ့ TCP/UDP Port No. တွေကို Translation လုပ်ပေးတဲ့ Server တစ်လုံးပါပဲ။ IP Address တွေ  TCP/UDP Port No. တွေကို ဘာလို့ Translation လုပ်ပေးရတာလဲ ဘယ်လိုလုပ်ပေးတာလဲ။ ကျွန်တော်တို့အနေနဲ့ IP Address တွေကို အမျိုးအစားအားဖြင့် နှစ်ပိုင်းခွဲထားပါတယ်။ Global IP Address နဲ့ Local IP Address ဆိုပြီးတော့ပါ။ အဲဒီထဲကမှ Local IP Addressဆိုတာက အသေသတ်မှတ်ပြီးသား ရှိပါတယ်။  Class A အတွက်ဆိုရင် Net ID 10.0.0.0 Subnet Mask 255.0.0.0၊ Class B အတွက်ဆိုရင် Net ID 172.16.0.0 Subnet Mask 255.240.0.0 ၊ Class C အတွက်ဆိုရင် Net ID 192.168.0.0 Subnet  Mask 255.255.0.0 ဆိုတာတွေဟာ Local Private IP Address တွေပါလို့ IP Address တွေကို ချမှတ်သတ်မှတ်ပေးနေတဲ့ ICANN အဖွဲ့ကြီးကသတ်မှတ်ထားပါတယ်။ ICANN ဆိုတာ Internet Corporation for Assigned Names and Numbers ဖြစ်ပါတယ်။ဒီအဖွဲ့ကြီးက Internet ပေါ်မှာ IP Address  တွေတစ်ခုနဲ့တစ်ခုမထပ်အောင် မတိုက်အောင်စနစ်တကျထိန်းချုပ်ခန့်ခွဲပေးနေတဲ့ အဖွဲ့ကြီးပါ။ခုနကပြောခဲ့တဲ့ Local Private Network တွေဟာ Internet နဲ့ တိုက်ရိုက်မချိတ်ဆက်ထားတဲ့ Networkတိုင်းမှာသုံးနိုင်ပါတယ်။ Internet နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Network တွေမှာတော့ သုံးစွဲခွင့်မရှိပါဘူး။ ဒါဟာ ICANN ကချမှတ်ထားတာပါ။ ကျန်တဲ့ IP Address တွေကတော့ Global IP Addressတွေပါပဲ။ သူတို့ကိုတော့ Internet နဲ့တိုက်ရိုက်ချိက်ဆက်ထားတဲ့ နေရာတိုင်းမှာ Computer တိုင်းမှာအသုံးပြုနိုင်ပါတယ်။ အဲဒီမှာ ရှိလာပါတယ်။ဘာပြဿနာလဲ။ Internet ပေါ်မှာ IP Addressတွေဟာ တစ်ခုနဲ့တစ်ခု လုံးဝ ထပ်လို့မရပါဘူး။ Unique ဖြစ်ရပါမယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့

IP Address ဟာ IPv4 (IP version 4) ဖြစ်ပါတယ်။ သူ့မှာ binary (0 and 1) ကိန်းလုံးပေါင်း 32
လုံး (32 bits) နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတော့ Address ပေါင်းက ( 2 Power 32) အရေအတွက်
ရပါတယ်။ (အကျယ်တ၀င့်ကိုတော့ IP Address ပိုင်း IP Subnetting ပိုင်းတို့မှာ လေ့လာပေးပါနော်။
ကျွန်တော်ကတော့ ရှည်နေမှာစိုးလို့ မပြောတော့ဘူး။) ရုတ်တရက် ကြည့်လိုက်ရင် (2 Power 32) ဆိုတော့ ဟာ..အများကြီးလားလို ထင်စရာရှိပါတယ်။
ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့အသုံးပြုနေကြတာဆိုတော့ အချိန်ကြာလာတာနဲ့အမျှ Address တွေကတဖြည်းဖြည်း နည်းပါးလာပါတယ်။ Companyကြီးတွေကလည်း Internet ရဲ့ ကောင်းကျိုးကို သိလာတာနဲ့အမျှ သူတို့ရဲ့Company အတွင်းမှာ Internet Connection ရအောင် အလျင်အမြန် ကြိုးစားလာကြပါတယ်။ Company ကြီးတစ်ခုတည်းအတွင်းမှာတင် Company ခွဲပေါင်း ထောင်နဲ့ချီပြီး ရှိနေတတ်ပါတယ်။ သူတိုအားလုံး Internet ကိုတိုက်ရိုက်ချိတ်မယ်ဆိုရင်
Global IP Address တွေဟာ ပိုပြီး မြန်မြန်ဆန်ဆန် ကုန်သွားမှာပေါ့။ ဒါဆိုရင် သူတို့ကို Global IP
Address (၄) (၅)ခု လောက်ပေးပြီး အလှည့်နဲ့ Internet ကို သုံးခိုင်းရမှာလား။ ကဲ... ဘယ်လိုလုပ်ကြမလဲ။
အဲဒီ ပြဿနာကို NAT ဆိုတဲ့ Network Address Translation က ဖြေရှင်းပေးလိုက်ပါတယ်။ သူက Local IP Address ကနေ Global IP Address၊ Global IP Address ကနေ Local IP Address အပြန်အလှန်
Translation လုပ်ပေးနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့က Internet Service Provider လို့ခေါ်တဲ့ ISP
ကနေ Global IP Address တစ်ခုကို ယူလိုက်ပါမယ်။ ပြီးရင် ကျွန်တော်တို့ရုံးက Computer တစ်လုံးမှာ NIC(Network Card ) နှစ်ကဒ်ဆိုက်ပြီးတစ်ကဒ်ကို အဲဒီ Global IP ပေးလိုက်ပါမယ်။ ပြီးရင် အဲဒီကဒ်ကို Internet နဲ့ ချိတ်ပေးပါမယ်။  ကျန်တဲ့ကဒ်ကိုတော့ Local IP Address တစ်ခု ပေးလိုက်ပါ။ အဲဒီစက်မှာ

NAT Service Run လိုက် ပါမယ်။ ဒါဆိုသူက NAT Server ဖြစ်သွားပြီနော်။ကျန်တဲ့ တစ်ရုံးလုံးက Computer တွေကိုလည်း NAT Server က Local IP Address နဲ့ Subnet တူတဲ့ IP Address တွေပေးလိုက်ပါ။ ပြီးတော့ အရေးအကြီးဆုံးက သူတိုရဲ့ Default Gateway နေရာမှာ NAT Serverရဲ့ Local IP Address ကိုထည့်ကိုထည့်ပေးရပါမယ်။ ဒီလိုဆိုရင် တစ်ရုံးလုံး Internet Connection ရသွားပြီပေါ့။ ဘယ်လောက် အဆင်ပြေသလဲ။ တစ်ရုံးလုံးစာအတွက် Global IP Address တစ်ခုပဲ လိုတယ်။ဒီလောက်ဆိုရင် NAT Server ဆိုတာ ဘယ်လို Server ဆိုတာ နည်းနည်းတော့ သိလောက်ပြီ ထင်ပါတယ်။ပိုပြီး သိလာအောင် ထပ်ပြောပြပါဦးမယ်။ ကျွန်တော်တို့တွေ Network ပေါ်မှာ Data တွေ ဟိုဘက်ဒီဘက်ပို့ကြယူကြတဲ့အခါမှာ ပုံသေပုံစံ(Frame) လေးတွေနဲ့ ပို့ကြယူကြပါတယ်။ ဒါမှ စံတစ်ခု အနေနဲ့ရှိပြီးComputer တွေကြားကချိတ်ဆက်မှုတွေကို ပိုမိုလွယ်ကူစေမှာပေါ့။ အဲဒီ ပုံစံလေးတွေထဲမှာ မပါမဖြစ်ပါတာက Source IP Address (ပို့သူ/တောင်းသူလိပ်စာ) နဲ့ Destination IP Address
(လက်ခံမယ်သူ / တောင်းဆိုတာကိုပြန်ကြားမယ့်သူ လိပ်စာ) တွေပါမယ်။ပြီးတော့ Source TCP/UDP Port နဲ့ Destination TCP/UDP Port တို့တွေလည်း ပါပါတယ်။တစ်ခါတည်း ပြောရဦးမယ်။  NAT ကို အလုပ်လုပ်ပုံပေါ် မူတည်ပြီး Basic NAT နဲ့ PAT ဆိုပြီး Level ခွဲနိုင်ပါတယ်။ Basic NAT ဆိုတာကတော့ ရိုးရိုး Network Address Translation ပါပဲ။ သူက Local Source IP Address တွေကို Internet Connection ပေါ်တက်တဲ့အခါကြရင် Global Source IP Address ဖြစ်ပြောင်းလဲပေးပါတယ်။ ဥုံဖွဆိုပြီးမန်းလိုက်တာတော့ မဟုတ်ဘူးနော်။ သက်ဆိုင်ရာ ISP တစ်ခုကနေရယူထားတဲ့ Global IP Address ကို အဲဒီ NAT Server မှာ နဂိုကတည်းက သတ်မှတ်ပေးထားရမှာ။ ဒါမှသူက ပြောင်းလဲပေးနိုင်မှာ။ သူကိုယ်တိုင်မှာမှ Global IP တစ်ခုမရှိရင်တော့ ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါကိုတော့ သိထားရမယ်နော်။ ရုံးတွင်း Computer သွားလိုတဲ့နေရာ၊ လိုချင်တာကို အဲဒီComputer အစား NAT Server က သွားယူပေးတဲ့ပုံစံမျိုးပါပဲ။ Destination IP Address ကတော့အစောကတည်းက Global IP ဖြစ်နေမှာဆိုတော့ NAT Server က ဘာမှလုပ်ပေးစရာမလိုတဲ့အတူတူဒီတိုင်းကြည့်နေမှာဘဲ။ ခုနက ရုံးတွင်း Computer သွားလိုတဲ့နေရာ၊

လိုချင်တာရှိတဲ့နေရာ ဆိုတာကလဲ ဒီ Destination IP Address ပိုင်ရှင်ဆိုတော့ NAT Server အနေနဲ့ဘာမှပြုပြင်ပေးစရာမလိုဘဲ အဲ့ဒီ Address ကိုသာ ရောက်အောင် သွားပေးမှာပါ။ ကဲ...ကဲ... ဒါကအသွားပိုင်း လိုချင်တာသွားယူတဲ့ အပိုင်းပေါ့နော်။ လိုချင်တာရလို့ ပြန်လာပြီဆိုပါတော့ Networkပေါ်မှာက အသွားဖြစ်ဖြစ်၊ အပြန်ဖြစ်ဖြစ် Data စီးဆင်းမှုတိုင်းက ခုနကပြောခဲ့သလို ပုံစံလေး အတိုင်းသာစီးဆင်းပါတယ်၊၊ ဒီတော့ သူမှာလည်း Source IP Address တို့ Destination IP Address တို့ ပါဝင်တာပေါ့။Port တွေ ခဏလေးနေဦးနော်။ သူတို့က PAT နဲ့ ကျမှ ဆိုင်မှာမို့  ခဏလေး။
 အဲ...အပြန်လမ်းမှာကျတော့ Source IP Address က Global IP Address ဖြစ်သွားပြီ။ သူက Internetပေါ်က လာတဲ့သဘောမျိုး ဖြစ်သွားပြီကိုး။ ဒီတော့ NAT Server က သူ့ဆီရောက်လာတဲ့အခါမှာ ဘာမှပြောင်းလဲ ပေးမနေတော့ပါဘူး။ဒီအတိုင်းပဲ ဆက်သွားခွင့်ပြုခဲ့ပါတယ်။ အဲ... ဒီတစ်ခါပြုပြင်ပေးရမှာက Destination IP Address ပါ။ သူက Internet ကိုဖြတ်သန်းလာရတဲ့အတွက် Global IP Address နဲ့လာပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ NAT Server မှာသတ်မှတ်ထားတဲ့ Global IP Address ပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တယ်နော်။ တကယ်လိုချင်တာက NAT Server ကိုယ်တိုင် မဟုတ်ပဲ ရုံးတွင်းက Computer လေးတစ်လုံးဖြစ်ပေမယ့် တကယ်သွားယူတာက NAT Server ဖြစ်နေလို့ ဟိုကပြန်အကြောင်းကြားတော့ NAT Server လိပ်စာတပ်ပြီး NAT Server ဆီ ရောက်လာတာပါ။
သူ့ဆီရောက်လာတော့ NAT Server က ဒီ Data ကို လိုချင်တာ ဘယ်သူဆိုတာ သိပြီးသား ဖြစ်တာနဲ့အညီအဲဒီရုံးတွင်း Computer လေးရဲ့ လိပ်စာကို ခုနက Destination IP Address မှာ ပြောင်းထည့်ပြီး ဆက်လက်လမ်းညွှန်ပေးလိုက်ပါလိမ့်မယ်။ ဒါဟာ Basic NAT ရဲ့လုပ်ဆောင်ပုံပါ။ ပုံလေးနဲ့ဆိုရင် ပိုမြင်မလားလို့ပုံဆွဲပေးလိုက်ပါတယ်။














ပြီးတော့ နောက်တစ်မျိုးဖြစ်တဲ့ PAT (Port Address Translation)လာပါပြီ။သူကBasic NAT လုပ်ပေးနိုင်တာ အားလုံးလုပ်ပေးနိုင်တဲ့အပြင် Protocol တွေရဲ့ Port Number တွေအထိပါလိုက်ပြီး လိုအပ်ရင် ပြောင်းလဲမှုတွေ လုပ်ပေးနိုင်ပါတယ်။Protocol အများစုဟာလည်း ကိုယ်ပိုင် Port Number တွေရှိတတ်ကြပါတယ်။ ဒါပေမယ့် ICMP (Internet Control Message Protocol) လို Protocol မျိုးတွေကျတော့ခြွင်းချက်အနေနဲ့ Port Number မရှိပါဘူး။ အဲဒီလို Protocol မျိုးတွေနဲ့ ဆက်သွယ်မှု ပြုကြတဲ့အခါမှာတော့PAT မလိုဘူးပေါ့ဗျာ။ Port Number တွေမှာလည်း Source TCP/UDP Port Number တွေနဲ့ Destination TCP/UDP Port Number တွေရှိကြပါတယ်။ သူတို့ဆီမှာတော့ Global တွေ Local တွေရယ်လို့ခွဲထားတာမရှိပါဘူး။Protocol တွေပေါ်မှာမူတည်ပြီးတော့သာခွဲခြားသွားတာပါ။ ဟာ...ဒါဆို သူ့ကိုပြောင်းလဲ ပေးနေစရာ လိုသေးလို့လား။ ကျွန်တော်တို့အနေနဲ့ Source IP Address နဲ့ Source TCP/UDP Port Number တွေက အတွဲပုံစံမျိုးတွေပါ။ TCP/UDP Port Number တွေဆိုတာ သက်ဆိုင်ရာ IP Address ပိုင်ရှင် Computers တွေ အပေါ်မှာသာ ရည်ညွှန်း သက်ရောက်တာ ဖြစ်ပါတယ်။ အဲဒီတော့ IP Address ပြောင်းရင် TCP/UDP Port Number တွေဟာလည်း သက်ဆိုင်ရာ IP Address ပိုင်ရှင်အသစ်ပေါ်မှာ ပြောင်းလဲရည်ညွှန်းရပြန်ပါတယ်။ဆိုလိုတာက တန်ဖိုးမပြောင်းပေမယ့် သူတို့ရည်ညွှန်းရာ Computer ပြောင်းလဲပေးရတဲ့သဘောပါ။ဥပမာပြောရရင် ပထမဦးဆုံး အသွားလမ်းကို ပြန်ကြည့်ရအောင်။ ပထမဆုံး Source TCP/UDP Port Number ဟာ ရုံးတွင်း Computer A ကို ရည်ညွှန်းပါတယ်။ အဲ...ဒါပေမယ့် ဒုတိယအဆင့်ရောက်တော့ Source TCP/UDP Port Number ဟာ NAT Server ကို ပြောင်းလဲ ရည်ညွှန်းရပါတယ်။ ဒါကိုပြောတာပါ။ ရှင်းရှင်းပြောရရင်တော့ IP Address မပြောင်းမချင်း TCP/UDP Port Number ရည်ညွှန်းချက် ပြောင်းစရာ မလိုဘူး။ IP Address ပြောင်းသွားရင်တော့ TCP/UDP Port Number ရည်ညွှန်းချက်လည်း လိုက်ပြောင်းရမယ် ဆိုတာပါပဲ။ Destination ပိုင်းမှာလည်း ဒီလိုပါပဲ။
ကဲ...ဒီလောက်ဆိုရင်တော့NATLevel နှစ်မျိုးလုံးအကြောင်းကို တော်တော်လေးသဘောပေါက်လောက်ပြီ
ထင်ပါတယ်နော်။

သြော်...တစ်ခု ထပ်ပြောပြရဦးမယ်။ NAT Server က Internet Connection ကို Sharing လုပ်ပေးတဲ့ Server အမျိုးအစားတွေထဲမှာ အကောင်းဆုံးတော့ မဟုတ်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူက Network Traffic ကို မထိန်းနိုင်လို့ပဲ။အဲ...ကောင်းတာလေးတွေလည်းရှိသေးတယ်။ Security ပိုင်းမှာပေါ့။ သူကလုံးဝ Outbound သီးသန့်ပဲဆရာ။ Internalကနေ External ကို ထွက်လို့ရနိုင်ပါတယ်။ အဲဒါပေမယ့် External ကနေ Internal ထဲကို လှမ်းဝင်ဖို့ ကြိုးစားတာတို့ Internal ထဲက Resource တွေကို External လှမ်းယူတာမျိုးတို့ကို လုံးဝ လုံးဝ ခွင့်မပြုပါဘူး။ပြောရရင်တော့ Unidirectional လို့လဲ ပြောလို့ရပါတယ်။
ကဲ...ကဲ...ဘာပဲပြောပြော Global IP Address တစ်ခုလေးနဲ့Computer များများကို ချိတ်ချင်တယ် ဆိုရင်တော့ အသုံးပြုစရာ ရွေးချယ်စရာ Server တွေထဲမှာ NAT Server ကို ထည့်သွင်း စဉ်းစားကြပေါ့ဗျာ...။
NAT Server Step by Step Installation ပြုလုပ်ပုံ 

NAT Server ကို Install လုပ်မယ်ဆိုရင်Windows 2003 ပေါ်မှာလုပ်ပြမှာဖြစ်ပါတယ် ။NAT Server ထိုင်မယ်ဆိုရင် Network Card နှစ်ကတ်ရှိရပါမယ် တစ်ကတ်က WAN IP ပေးရပါမယ်။
နောက်တစ်ကတ်က LAN အတွက်ပေါ့..အောက်ပါပုံလေးကိုကြည့်လိုက်ပါဦးနော်။
  













NAT Server စပြီး Install လုပ်မယ်ဆိုရင် အ၇င်ဦးဆုံး Ip တွေကိုလည်း သတ်မှတ်ပေးထားပါ။


 












ဒါဆိုရင် NAT Server ကိုစပြီး  Install လုပ်လို့ရပါပြီးဗျာ…..….
Start > Administrative Tools > Routing and Remote Access ကိုဖွင့်ပါ။


 
 















ပြီးရင် Routing and Remote Access Console ပွင့်လာပါမယ်။ ၎င်း Routing and Remote Access Consoleထဲက (Local) ပေါ်မှာ Right Click လုပ်ပြီး Configure and Enable Routing and Remote Access ကိုဖွင့်ပါ။

 

Routing and Remote Access Server Setup Wizard Page Box ပေါ်ပြီး Welcome to the Routing and Remote Access Server Setup Wizard ကို မြင်တွေ့ရပါလိမ့်မယ်။ Next ကို နှိပ်ပါ။


Configuration Page ကို မြင်တွေ့ရပါမယ်။ ၎င်း Configuration Page ထဲက Network Address Translation Service (NAT) ရဲ့ Check Box ကို On ပေးရပါမယ်။ ပြီးရင် Next ကိုနှိပ်ပါ။
 

NAT Internet Connection Page ကိုမြင်တွေ့ရပါလိမ့်မယ်။ ဒီအဆင့်က အရေးကြီးတယ်နော်။
ဒီအဆင့်က ဘာကိုပြောချင်တာလဲဆိုရင် Internet နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Network Interface Card ကိုရွေးခိုင်းနေတာ။ ဒီတော့ ကျွန်တော်တို့က Internet နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Network Interface Card ကိုရွေးချယ်ထားပြီး Next ကို နှိပ်ပြီးဆက်သွားရပါမယ်။

မှတ်ချက်။    ။၎င်း NAT Internet Connection Page တွင် မိမိရွေးချယ်ပေးလိုက်တဲ့ Network Card မှားသွားရင် Client Computer များအားလုံး Internet ကို လက်ခံအသုံးပြုလို့ရမှာမဟုတ်တော့ပါ
 



Name and Address Translation Services Page ပေါ်မယ်။ အဲဒီနေရာမှာ Enable Basic Name and Address Services Check Box ကိုပဲ On ပြီးဆက်သွားရပါမယ်။ Next ကိုနှိပ်ပါ။ 


Address  Assignment Range Page ပေါ်ပါမယ်။ မိမိ Local Area Network ရဲ့ Network Address နှင့် Network Mask ကို မြင်ရပါမယ်။ Next ကိုနှိပ်ပါ။ 


Completing the Routing and Remote Access Server Setup Wizard ပေါ်လာပါလိမ့်မယ်။Finish ကိုနှိပ်ပါ။ ဒါဆိုရင် Routing and Remote Access Service ကို Start လုပ်ပြီး NAT Service ကို Install လုပ်တာပြီးဆုံးသွားပြီဖြစ်ပါတယ်။ NAT Service ကို Install လုပ်ပြီးသွားပြီဆိုရင်တော့ Client Computer တွေအားလုံး Internet ကို အသုံးပြုလို့ရသွားပါပြီ။





















အော်..........Client Computer တွေအားလုံး Internet ကိုအသုံးပြုကိုအသုံးပြုခြင်ရင် ၄င်း Client Comptuer တွေရဲ့ Gateway Address မှာ NAT Server ရဲ့ LAN  IP Address ကို ထည့်ပေးရအုံးမှာနော်။ အဲဒါလေးလည်းမေ့နေမှာစိုးလို့။ထည့်ဖြစ်အောင် ထည့်ပေးလိုက်ပါအုံး။


Client Computer တွေမှာIP Setting သတ်မှတ်ပေးပြီးပြီဆိုရင်တော့ Internet ကို
စတင်အသုံးပြုလို့ရပါပြီးဗျာ….
အားလုံးအိုကေပါစေဗျာ..အဆင့်ဆင့်ဖော်ပြပေးထားလို့အားလုံးအိုကေမှာပါနော်……

No comments:

Post a Comment