Mail
Server ဆိုတာဘာလဲဆိုတာကို သိပြီးတဲ့နောက် ၄င်း Mail Server ကို ဘယ်လို Install
လုပ်တယ်ဆိုတာကို
ရော သိချင်ကြမှာပဲလို့ တွေးမိပြီးတော့ အခု Mail Server ကို Install လုပ်ပုံကို
ပြောပြပေးလိုက်ပါတယ်နော်။
Mail Server ကို Install လုပ်မယ်ဆိုရင် -
Start>Administrative
Tools>Manage Your Server ထဲကိုသွားပါ။
Preliminary
Steps Page ဖြစ်ပါတယ်။ ၎င်းအဆင့်သည် မိမိရဲ့ Computer ထဲမှာ Cable တွေ၊ Modem,
Network တွေကို စစ်ဆေးမယ်လို့ပြောတဲ့ အဆင့်ဖြစ်ပါတယ်။ Next ကို Click လုပ်ပါ။
Server
Role Page ပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အခု Install လုပ်မယ့် Server သည် Mail Server
(POP3, SMPT) ကိုပဲ ရွေးပြီး Next Button ကို နှိပ်ပါ။
Configure
POP3 Service Page ပေါ်မည်။ Authentication Method တွင် Local Windows Accounts
ပဲ ထားခဲ့ပါ။ Email Domain Name နေရာမှာတော့ မိမိကြိုက်တဲ့ Email Domain Nameကို
သတ်မှတ်ပေးလို့ရ ပါတယ်။ ဥပမာ- youth.com လို့ ပေးခဲ့ပါမယ်။ ၎င်း Domain Name သည်"username@youth.com"
ဆိုပြီး မိမိရဲ့ Email Domain ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Next
Button
ကို နှိပ်ပါ။
Page တွင် POP3 နှင့် SMTP Service ကို Installလုပ်မယ်လို့ ပြောတာ ဖြစ်ပါတယ်။ Next Button
ကိုပဲ Click လုပ်ပါ။ ဒါဆိုရင် POP3 Service ကိုInstall လုပ်ပါမယ်။
၎င်းသည်
POP3 Service Component ကို Install လုပ်ဖို့ရန်အတွက် Windows Server 2003 CD ကို
ပြန်တောင်းတာဖြစ်သည်။ မိမိ Windows တင်ထားတဲ့ Windows Server အခွေကို
ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဆက်ပြီး POP3 Service ကို Install လုပ်သွားပါလိမ့်မယ်။
POP3
Service ကို Install လုပ်တာ ပြီးသွားပြီ ဖြစ်ပါတယ်။ ကဲ...ဒီလိုဆိုရင် အခု
ကျွန်တော်တို့အသုံးပြုနေတဲ့
Server ကြီး ဖြစ်သွားပါပြီ။ Finish Button ကို နှိပ်လိုက်ပါ။
Mail
Server ကြီး ဖြစ်သွားပြီဆိုတော့ POP3 နှင့် SMTP Service Run သွားပြီပေါ့နော်။
ဒါဆိုရင်
Client
Computer တွေသည် တစ်လုံးနဲ့တစ်လုံး အပြန်အလှန် E-Mail ပို့လို့ရဖို့ရန်အတွက်
ကျွန်တော်တို့
Mail Server ထဲမှာ Mail Account တွေကို ဖန်တီးပေးထားမှ Client Computer
တွေက
တစ်လုံးနှင့်တစ်လုံးအပြန်အလှန် Mail ပို့လို့ရမှာ ဖြစ်ပါတယ်။
ကဲ...အဲဒီတော့
Client Computer တွေ Mail ပို့လို့ရအောင် E-Mail Account
ဖန်တီးပေးပုံလေးကတော့
ဒီလိုပါ။
Mail
Server ၌ Mail Account ဖန်တီးပုံ
Start>Administrative Tools>POP3 Service ကို ဖွင့်ပါ။
ဒါဆိုရင် POP3 Service Console
ဖွင့်လာပါလိမ့်မယ်။ ပြီးရင် Server Node ကို ဖြန့်ချလိုက်ပါ။
youth.com ဆိုတဲ့ Domain Name ကို တွေ့ရပါလိမ့်မယ်။ ၎င်း Domain Name ပေါ်မှာ Select လုပ်ပါ။ ပြီးရင် Add Mail Box ကို Click လုပ်ပါ။
Add Mailbox ပေါ်လာပါလိမ့်မယ်။ Mail Box Name ကို Client 1 လို့ပေးပြီးရင် Password ပေးပါ။
ပြီးရင် OK ကို နှိပ်ပါ။
ထိုအခါ Mail Box Uses Successfully Added ဆိုတဲ့ Message ကို တွေ့ရပါမယ်။ OK Button ကိုပဲ
နှိပ်ပါ။
ဒါဆိုရင် Client1 ဆိုတဲ့ Mail Account
ကို Create လုပ်ပြီးပါပြီ။
မှတ်ချက်။ ။ အထက်ပါအဆင့်အတိုင်းပဲ Client2 ဆိုတဲ့ Mail Account တစ်ခုထပ်ဖွဲ့ပေးပါ။ Mailအပြန်အလှန်ပို့ ရန်အတွက် ဖြစ်သည်။
Client
Computer များတွင် Mail Account Setting ထည့်ပုံ
Client
Computer များမှာ Mail Account Setting ထည့်ပေးရတာကတော့ Mail Server
နဲ့ချိတ်ထားတဲ့
Client တွေ၊ Email ပို့လို့ရဖို့ရန်အတွက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Client Computer တွေသည် Email ပို့လို့ရဖို့ရန်အတွက် Email Setting သတ်မှတ်ထားမှ Computer
တွေဟာ
တစ်လုံးနဲ့တစ်လုံး အပြန်အလှန် Mail ပို့လို့ရမှာပဲ ဖြစ်ပါတယ်။ ကဲအခု
ကျွန်တော်ကClient1
မှာ
Mail Account Setting ဘယ်လိုထည့်ပေးရမယ်ဆိုတာ ဖော်ပြပေးပါမယ်။
Client1
Computer ကို သွားပါ။ ပြီးရင် Start>Outlook Express ကို ဖွင့်ပါ။ ၎င်း Outlook
Express
Program
သည် Mail Server နှင့် Network မိနေပါက ၎င်း Mail Server မှ ပေးတဲ့ Mail Service ကို
လက်ခံရန်
အသုံးပြုရတဲ့ Program ဖြစ်ပါတယ်။ အခြား Email Service ကို လက်ခံပေးတဲ့ Program
များလည်း
ရှိပါတယ်။ ကောင်းပြီ..
ဒါဆိုရင်
အခု Outlook Express Program ထဲမှာ ဆက်လက်ပြီး လုပ်ရမှာကတော့...
.အောက်မှာပြထား
တဲ့ပုံကိုကြည့်လိုက်ပါနော်။
Outlook Express Program ထဲက Tools
ကို နှိပ်ပါ။ ပြီးရင် Accounts ကို နှိပ်ပါ။
Internet Accounts Box ထဲက Mail Tab ကို Click လုပ်ပါ။ ပြီးရင် Add Button ကို နှိပ်ပါ။
၎င်း Add Button ထဲက Mail Button ကို နှိပ်ပါ။
ဒါဆိုရင် Internet Connection Wizard Box ပေါ်လာပါမယ်။
Name
သည် Mail Server မှာ ဖွဲ့ထားတဲ့ Client 1 Mail Account Name ဖြစ်သည်။ ပြီးရင် Next
ကို
နှိပ်ပါ။
Internet Email Address Page ပေါ်မယ်။ Email Address နေရာတွင် Client 1@youth.com ဆိုပြီး မိမိရဲ့ Email Address အပြည့်အစုံကို ရိုက်ထည့်ပေးပါ။ ပြီးရင် Next ကို နှိပ်ပါ။
Email Server Name Page တွင် Incoming Mail (POP3, IMAP or HTTP) Server: နေရာတွင်
192.168.10.1
(Mail Server ရဲ့ IP Address) ကို ရိုက်ထည့်ပေးရမယ်။ နောက်ပြီး Outgoing Mail
(SMTP)
Server နေရာတွင်လည်း 192.168.10.1 (Mail Service IP Address) ကိုပဲ
ရိုက်ထည့်ပေးရမှာ
ဖြစ်ပါတယ်။ ပြီးရင် Next ကို နှိပ်ပါ။ Internet Mail Logon တွင် Account
Name:Client1@youth.com
နှင့် Password နေရာတွင် မိမိရဲ့ Email Server မှာ ဖွဲ့ခဲ့တဲ့ Client1
Account
ရဲ့ Password ကို ပြန်ထည့်ပေးရပါမယ်။ ပြီးရင် တော့ Next Button ကို နှိပ်ပါ။
Congratulations Page ပေါ်ပါမယ်။ ၎င်းသည် မိမိ Mail Account ကို ဖန်တီးတာ ပြည့်စုံသွားပြီလို့
ပြောတာ
ဖြစ်ပါတယ်။ Finish Button ကို နှိပ်ပါ။ ဒါဆိုရင်တော့ Email Account Setting
ဖန်တီးတာ
ပြီးသွားပြီဖြစ်လို့
အောက်ပါပုံအတိုင်း တွေ့ရပါမယ်။
ကဲ အားလုံးပဲ Client 1 အတွက် Email Account Setting ချတတ်သွားပြီဆိုရင် မိမိနဲ့ Network အတူတူ ချိတ်ဆက်ထားတဲ့ အခြား Client Computer များမှလည်း Mail Server ဖွဲ့ထားတဲ့ Mail Account Setting များကို လိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျန်တဲ့ ကွန်ပျူတာတွေကိုလည်း
အထက်ပါအတိုင်းလိုက်လုပ်ပေါ့ဗျာ။
အားလုံး ပြီးရင်တော့ Computerတစ်လုံးနဲ့တစ်လုံးအပြန်အလှန် Email
ပို့လို့ရသွားပါပြီ။
No comments:
Post a Comment