Saturday, November 10, 2018

Command Line ကို အသုံးပြု၍ System Information ကိုကြည့်ခြင်း

System ဆိုတာက Hardware နဲ့ Software ပေါင်းစပ်ပြီး  မြောက်များစွာသော application များ အသုံးပြုရာ၊ Process လုပ်ရာ အဖြေထုတ်ရာ နေရာကြီးပဲ ဖြစ်ပါတယ်။

System Information ဆိုတာက System ထဲမှာ ပေါင်းစပ်ပြီး အလုပ်လုပ်နေတဲ့ Hardware တွေ OS Software တွေရဲ့ Information သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။

System Information ကြည့်ရတာ အရမ်းလွယ်ကူပါတယ်။ သင်လည်း ကြည့်တတ်မယ်ထင် ပါတယ်။ ဒါပေမယ့် Command Line ကိုအသုံးပြုပြီး System Information ကြည့်နည်းကို ပြောပြပါမယ်။ တစ်ခါတစ်ရံမှာ အလွယ်တကူကြည့်လို့ရတဲ့ နည်းလေးလို့ထင်ပါတယ်။ သင့်အ နေနဲ့ ကွန်ပျူတာတစ်လုံး ၀ယ်ယူတော့မယ်ဆိုပါစို့။ ၀ယ်ယူမည့် ကွန်ပျူတာမှာ ပါဝင်တဲ့ CPU၊ Memory၊ Operation Systemတွေရဲ့ အမျိုးအစားတွေကို သိချင်တယ်ဆိုပါတော့။ ဒါဆိုရင်သင်ဟာ ကွန်ပျူတာထဲက System တွေကို တစ်ခုခြင်းလိုက်ကြည့်နေမလား မကြည့်လောက်ဘူးထင်ပါတယ် ကွန်ပျူတာရဲ့ System Information ထဲမှာကြည့်ရင် ပိုပြီးမြန်တယ်မဟုတ်လား။ System Information ကို ကြည့်တော့မယ်ဆိုလျင် Desktop ပေါ်မှာရှိတဲ့ My Computer ကို Right Click လုပ်ပြီး Properties ကို သွားပါ။



System Properties ဆိုတဲ့ Box လေး တစ်ခုကျလာပါလိမ့်မယ်။  ကျလာတဲ့ Box လေးရဲ့ General မှာ System ရယ်၊Registered to ရယ်၊ Computer ရယ် ဆိုပြီး အပိုင်းလေး(၃)ခု ကိုတွေ့နိုင်ပါတယ်။












System ဆိုတဲ့ နေရာမှာကတော့ Operation Systemဟာ ဘာ OS ကိုသုံးတာလဲဆိုတာ ပြသထားတဲ့နေရာဖြစ်ပါတယ်။ Operation System နဲ့Operation System ရဲ့ Version ကို မြင်ရပါလိမ့်မယ်။ ပုံမှာဆိုရင် Operation system က Microsoft Windows XP Professional ဖြစ်ပြီး၊ Version က Version 2002 (Service Pack 2) ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
Registered to ဆိုတဲ့နေရာမှာ Operation system ကို မှတ်ပုံတင်ထားတဲ့ အမည်တွေ၊ ကုမ္ပဏီတွေ၊ Codeနံပါတ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
Computer ဆိုတဲ့ နေရာမှာတော့ ကွန်ပျူတာရဲ့ CPU အမျိုးအစား၊ CPU ရဲ့ Speed၊ Memory ရဲ့ပမာဏတွေကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှာဆိုရင် CPU က Intel(R) Celeron(TM) CPU 1200 MHz (1.20 GHz)  ဖြစ်ပြီး၊  Memory ရဲ့ ပမာဏကတော့ 120 MB of RAM လို့ ပြထားတဲ့အတွက် 120 MB ရှိတာကိုတွေ့ရပါလိမ့်မယ်။
Windows ထဲက System Information ကို နေရာအများကြီးကနေသွားပြီး ကြည့်လို့ရပါတယ်။ ဥပမာ-Start အောက်က all programs အောက်က accessories အောက်က System tools အောက်က System Information ကို သွားကြည့်တာလည်း တစ်ခုဖြစ်ပါတယ်။



System Information ထဲမှာ  Motherboard ရဲ့ အမည်၊ Motherboard ပေါ်မှာရှိတဲ့ Chipset တွေရဲ့တံဆိပ်နဲ့ Model နံပါတ်တွေကိုလည်း မြင်ရပါမယ်။ BIOS Version တွေလည်းကြည့်လို့ရပါတယ်။
Processor နဲ့ ပတ်သက်လို့ သူရဲ့တံဆိပ်၊ Version၊ Speed အစရှိတာတွေပါ ပါတယ်။ RAM နဲ့ပတ်သက်လို့ သူရဲ့ပမာဏကို တွေ့ရပါမယ်။
Operation System နဲ့ ပတ်သက်တဲ့ Information တွေကတော့ OS name၊ Service Pack နံပါတ်၊ Hard Disk ထဲက  OS ရှိတဲ့နေရာ ၊ Product ID က အစ အသေးစိတ်ပါတယ်။














အခုပြောချင်တာက ဒီ System Information ကို command line ထဲကနေပြီးတော့ ဘယ်လိုသွားမလဲ၊အပေါ်ကပြောခဲ့တဲ့ လမ်းကြောင်းအတိုင်းလဲ သွားလို့ရပါတယ်။ GUI (Graphical User Interface) mode ကနေ System Information ကို ကြည့်ခြင်းလို့ ခေါ်ပါတယ်။
အခုပြောမှာက GUI ကနေ System Information တွေကို မကြည့်ပါဘူး။ GUI က ကိုယ်ကြည့်ချင်တဲ့System Information ကိုလိုက်ရှာ ဖွင့်နေရတာနဲ့ မူးနေတာပဲ။ Command Line ကနေကျတော့လွယ်လွယ်ကူကူပဲ ဖွင့်လို့ရပါတယ်။ ရှိသမျှ Information တွေ တစ်မျက်နှာတည်းမှာ အကုန်မြင်ရတယ်လေ။

ကဲ စဖွင့်လိုက်ရအောင်
Start > Run > cmd  ရိုက်ထည့်ပြီး   Enter တချက်ခေါက်လိုက်ပါ။









 Command Prompt ထဲ ရောက်သွားလိမ့်မည်။Command Prompt ထဲမှာ “systeminfo” လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ System ရဲ့ Information တွေကို Loading လုပ်ပါလိမ့်မယ်။ ပုံမှာ ပြထားပါတယ်။
လိုအပ်တဲ့ Information တွေ အားလုံးကို Loading လုပ်ပြီးသွားပြီဆိုလျင်တော့ System Information တွေကို မြင်ရပါပြီ။
















ကဲဘယ်လောက်လွယ်လဲ။ GUI mode ကို သုံးပြီး System Information ကိုလိုက်ရှာနေစရာမလိုဘဲ ၊ CLI mode ကိုသုံးပြီး System Information တွေသုံးလိုက်တာ အလွန်လွယ်ကူပြီး အချိန်ကုန်သက်သာနိုင်ပါတယ်။
ဒီလောက်ဆိုရင် CLI ကနေ System Information ရှာတာကိုနားလည်လောက်ပြီထင်ပါတယ်။











No comments:

Post a Comment