TCP/IP ကို Transmission Control Protocol/Internet Protocol လို့ ခေါ်တယ်။ TCP/IP လို့ ပြောလိုက်ပြီဆိုတာနှင့် အဲ့ဒီ Protocol ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ Computer တွေ တော်တော်များများဟာ Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Protocol လို့ သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။ Protocol ရဲ့အဓိပ္ပာယ်ကို လွယ်လွယ်ပြောရမယ်ဆိုရင်တော့ Computer တွေ တစ်လုံးနှင့်တစ်လုံနားလည်အောင် ပြုလုပ်ထားတဲ့ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီလိုပါပဲ TCP/IP Protocol က Computer တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်ရာတွင် အသုံးပြုဖို့ရန် ပြုလုပ်ပေးထားသော ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ ကောင်းပြီ....ဒီတော့ TCP/IP Protocol ကို အသုံးပြုပြီး Computer တွေ တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်မယ်ဆိုရင် IP Address ကို အသုံးပြုပြီး ချိတ်ဆက်ရတယ်။ ဘာကြောင့် TCP/IP Protocol ကို သုံးတာနဲ့ Computer တွေသည် Network ချိတ်ဆက်ဖို့ရန် IP Address ကို အသုံးပြုရတာလဲဆိုရင် TCP/IP Protocol ဆိုတာက IP Address နဲ့ အလုပ်လုပ်တဲ့ Protocol တစ်ခုဖြစ်နေလို့ပါပဲ။ အခု ကျွန်တော်ပြောပြမယ့် ခေါင်းစဉ်လေးဖြစ်တဲ့ TCP/IP ၏အားနည်းချက်၊ အခြား Protocol နှင့် ကွာခြားချက်ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း TCP/IP မှာသူ့ရဲ့ အားနည်းချက်တွေရှိတယ်ဗျ။ TCP/IP ရဲ့ အားနည်းချက်က ဘယ်လိုလဲဆိုရင် TCP/IP က Network ကို ပိုပြီးကြီးထွားစေနိုင်တယ်။ အဲ့ဒီလို Network က ကြီးထွားလာရင် အသုံးပြုတဲ့ User တွေအတွက် အဆင်မပြေမှုလေးတွေ ရှိလာနိုင်ပါတယ်။ TCP/IP က ဘာကြောင့် Network ကို ကြီးထွားလာစေနိုင်တာလဲဆိုရင် TCP/IP Protocol က IP Address ကို အသုံးပြုပြီး အလုပ်လုပ်နေလို့ပဲ ဖြစ်ပါတယ်။ စဉ်းစားကြည့်ရအောင်နော်။ Computer တွေ တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်ဖို့ရန် TCP/IP Protocol ကို အသုံးပြုပြီဆိုတာနဲ့ Network ချိတ်ဆက်မယ့် Computer တိုင်းမှာ IP Address တွေ လိုက်ထည့်ပေးရတယ်။ Network ချိတ်ဆက်မယ့် Computer တွေရဲ့ အလုံးအရေအတွက် နည်းသေးတဲ့ အချိန်မှာတော့ ပြဿနာ သိပ်မရှိဘူးပေါ့ဗျာ။ သို့သော် Network ချိတ်ဆက်တဲ့ Computer အလုံး အရေအတွက်တွေ များလာပြီဆိုရင်တော့ IP Conflict ဖြစ်တာတွေ၊ Network ချိတ်ဆက်ဖို့ရန် Computer အလုံးအရေအတွက် များပြီး IP Address တွေ ခွဲထုတ်ပေးရတာတွေ စတဲ့ ပြဿနာတွေ ဖြစ်လာတော့တာပေါ့။ ခုဆိုရင် TCP/IP ကို တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ အသုံးပြုနေကြတာ Computer တစ်လုံးချင်းစီမှာ လိုက်ပြီးပေးရတဲ့ IP Address တွေ မနည်းတော့ဘူး။ နောက်ပြီး TCP/IP မှာ Computer တွေ တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်မယ့် IP Address တွေ ပေးတဲ့နေရာမှာလည်း Class တူတဲ့ IP မှ Network မိတာ။ Class မတူဘူးဆိုရင်လည်း Network က မမိပြန်ဘူး။ ဒီတော့ ဘာတွေလုပ်ကြရသလဲဆိုတော့TCP/IP Class မတူတဲ့ Network တွေ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖို့ရန် အတွက် Gateway Server တွေကို အသုံးပြုရတယ်။ TCP/IP အသုံးပြုတဲ့ IP Address တွေကို မမှတ်ထားနိုင်ကြတော့ DNS Server တွေကို အသုံးပြုကြရတယ်။ အဲ့ဒီလိုနဲ့ TCP/IP Protocol ကို အသုံးပြုတဲ့ Network ကြီးက ကြီးမားလာတာပဲ ဖြစ်တယ်။ ဒါတွေကတော့ TCP/IP Protocol ရဲ့ အားနည်းချက်တွေပါ။ ဒါပေမယ့်
ဒီလိုအားနည်းချက်တွေရှိပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနေနဲ့ကတော့ TCP/IP Protocol ကိုပဲ အသုံးပြုကြပါတယ်။ ဘာကြောင့် TCP/IP Protocol ကိုပဲ အသုံးပြုကြတာလဲဆိုတော့ TCP/IP Protocol မှာ အခြားအားသာချက်တွေ အများကြီးရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ TCP/IP Protocol ရဲ့ အားနည်းတဲ့ အဓိကအကြောင်းရင်းကို ကြည့်မယ်ဆိုရင် IP Address ကို အသုံးပြုတဲ့နေရာကနေစတာပဲ မဟုတ်လား။ ဒါပေမယ့် TCP/IP မှာ Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ IP Address ကို မိမိကိုယ်တိုင် လိုက်မသတ်မှတ်ပဲ DHCP Server ထိုင်ပေးလိုက်ခြင်းအားဖြင့်လည်း Network ကြီးထွားလာမှုကိုတော့ အတန်အသင့် ထိန်းထားနိုင်ပါတယ်။ Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Protocol တွေကတော့ အများကြီးပါပျဲ။ ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင်တော့ TCP/IP, IPX/SPX, NetBEUI, AppleTalk စတဲ့ Protocols တွေဟာဆိုရင် Computer တွေ တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Protocol တွေပဲ ဖြစ်ပါတယ်။ IPX/SPX Protocol ကို Internet Packet Exchange/ Sequence Packet Exchange လို့ခေါ်တယ်။ အဲ့ဒီ IPX/SPX Protocol ကို Novel Network က ထုတ်လုပ်တာ ဖြစ်ပါတယ်။ Apple Talk Protocol ကတော့ Apple Macintosh က ထုတ်လုပ်တာ ဖြစ်ပါတယ်။ NetBEUI Protocol ကို(Network Input/Out System Extended User Interface) လို့ ခေါ်တယ်။ သူ့ကို IBM နှင့် Microsoft တို့ ပူးပေါင်းပြီး ထုတ်ထားတာ ဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက TCP/IP ကို ဘာကြောင့် တစ်ကမ္ဘာလုံး အသုံးပြုနေကြတယ်။ အခြား Networking Protocol တွေကို ဘာကြောင့် အသုံးမပြုကြတာလဲဆိုရင်တော့ အဲ့ဒါက ဒီလိုရှိပါတယ်။ TCP/IP Protocol က Network တွေ အများကြီးချိတ်ဆက်ပေးနိုင်ပါတယ်။ Workgroup Network Level ကနေစပြီး Enterprise Network Level အထိကို Computer တွေအမြောက်အများ ချိတ်ဆက်ပေးနိုင်ပါတယ်။ ဒါကြောင့် TCP/IP Protocol ကို တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် အသုံးပြုနေကြရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်ခုနက ပြောပြခဲ့တဲ့ Networking Protocol တွေဖြစ်တဲ့ NetBEUI, Apple Talk စတဲ့ Protocol တွေကတော့ Enterprise Network Level ထိကို ချိတ်ဆက်မှု မပြုလုပ်ပေးနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ Apple Talk, NetBEUI Protocol တို့ဟာ Workgroup Network Level Protocol အဆင့်ပဲရှိလို့ ဖြစ်ပါတယ်။ ကဲ... ဒီလောက်ဆိုရင် TCP/IP Protocol ရဲ့ အားသာချက်၊ အားနည်းချက်၊ အခြား Protocol တွေနှင့် ဘယ်လိုကွာခြားမှုရှိတယ်ဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် TCP/IP Protocol ရဲ့ အားနည်းချက် အခြား Protocol တွေ နှင့် ကွာခြားချက်အကြောင်းများကို ဒီမှာပဲ ရပ်နားလိုက်ပါတော့မယ်။ ဒါလောက်ဆိုရင်တော့ TCP/IP ရဲ့အားနည်းချက်ကိုသိလောက်ပြီလို့ထင်ပါတယ်။

No comments:
Post a Comment