Web
Conferencing ဆိုတာဟာ အင်တာနက်အသုံးပြု၍ စာသင်ကြားခြင်း၊ အစည်းအဝေးပြုလုပ်ခြင်း၊ Persentation
များပြုလုပ်ခြင်းတို့အတွက် အသုံးပြုလျက်ရှိတဲ့ ၀က်ဘ်နည်းပညာတစ်ရပ်ပင်ဖြစ်ပါတယ်။
web conferencing တစ်ခုတွင်ပါဝင်ဆက်သွယ်ထားသော လူများဟာ ကွန်ပျူတာရှေ့မှတစ်ဆင့်
အင်တာနက် ချိတ်ဆက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်များ
မျှဝေခြင်း၊ အစ ရှိတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ထို့ကြောင့်
အလွန်ဝေးလံသောနေရာဒေသရှိ လူပုဂ္ဂိုလ်များဟာ web conferencing
ပြုလုပ်ခြင်းမှတစ်ဆင့်အလွယ်တကူ ဆက်သွယ်လာနိုင်သလို၊ အချိန်ကုန်သက်သာခြင်း၊ ထိရောက်မှုရှိခြင်း
အချိန်နှင့်တပြေးညီညှိနှိုင်းတိုင်ပင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို
ရရှိစေပါတယ်။
web
conferencing ပြုလုပ်ရာတွင် တစ်ခါတစ်ရံ application
များပါဝင်ပက်သက်လာနိုင်ပြီး အထူးသဖြင့် အင်တာနက်မှတစ်ဆင့် စာသင်ကြားခြင်းတို့တွင်
ပိုမိုအသုံးပြုလာကြပါတယ်။ ယေဘူယျအားဖြင့် ဦးဆောင်ဆွေးနွေးမည့်သူတစ်ဦးနှင့်
နားထောင်သူအများ အပြားပါဝင်ကြပါတယ်။ ထို့ကြောင့် web conferencing
ပြုလုပ်ခြင်းအား Webcast ဟုခေါ်ဆိုနိုင်ပြီး မေးခွန်းနှင့် အဖြေများကို
အွန်လိုင်းမှ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ၀က်ဘ်အခြေပြုသင်ကြားခြင်းနှင့်
အစည်းအဝေးပြုလုပ်ခြင်း (web conferencing) နည်းပညာဟာ လူသားတို့အတွက်
အလွန်အကျိုးများသော နည်းပညာတစ်ရပ်ပဲဖြစ်ပြီး တစ်ချို့ကတော့ VoIP နည်းပညာကို
အခြေခံကာ ဖုန်းလိုင်းအသုံးပြုပြီး အသံကို ပို့လွှတ်ဆက်သွယ်ကြပါတယ်။
Web Conferencing နည်းပညာကို Electronic Meeting Systems (EMS) မှ စတင်ထူထောင်ခဲ့ပြီး ၎င်းဟာ ၀က်ဘ်အခြေပြု tool များ၊ ဆွေးနွေးပွဲများ၊ ဆန္ဒမဲပေးစနစ်များအတွက် Web Conferencing ကို အသုံးပြုခဲ့ပါတယ်။ အမှန်တကယ်မှာတော့ EMS မှ web conferencing ကို စီမံပြုလုပ်ပေးခြင်းမဟုတ်ပဲ ၎င်းဟာ web conferencing session ကြီးကို ထိန်းချုပ်ပေးယုံမျှသာဖြစ်ပါတယ်။
ယခင်အစောပိုင်းကာလများမှာတော့ Web Conferencing အားအသင်းအဖွဲ့ အုပ်စုများအလိုက် ဆွေးနွေးပွဲများ အတွက်အသုံးပြုခဲ့ကြပါတယ်။ ၎င်းတို့ဟာတစ်ဦးနှင့်တစ်ဦး message အပြန်အလှန်ပေးပို့ ဆက်သွယ်ခဲ့ကြတာကြောင့် ၎င်းကိုဝက်ဘ်အခြေပြုအစည်းအဝေးပွဲလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၀က်ဘ်အခြေပြု အစည်းအဝေးပွဲများတွင် အဓိကအသုံးပြုကြတာတွေကတော့ PowerPoint project ဖိုင်များ၊ Streaming ဗီဒီယိုများ၊ Webcam များ၊ ဒီဂျစ်တယ်ဗီဒီကင်မရာများနှင့် Multimedia ဖိုင်များစတာတွေဖြစ်ပါတယ်။
ယခင်အစောပိုင်းကာလများမှာတော့ Web Conferencing အားအသင်းအဖွဲ့ အုပ်စုများအလိုက် ဆွေးနွေးပွဲများ အတွက်အသုံးပြုခဲ့ကြပါတယ်။ ၎င်းတို့ဟာတစ်ဦးနှင့်တစ်ဦး message အပြန်အလှန်ပေးပို့ ဆက်သွယ်ခဲ့ကြတာကြောင့် ၎င်းကိုဝက်ဘ်အခြေပြုအစည်းအဝေးပွဲလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၀က်ဘ်အခြေပြု အစည်းအဝေးပွဲများတွင် အဓိကအသုံးပြုကြတာတွေကတော့ PowerPoint project ဖိုင်များ၊ Streaming ဗီဒီယိုများ၊ Webcam များ၊ ဒီဂျစ်တယ်ဗီဒီကင်မရာများနှင့် Multimedia ဖိုင်များစတာတွေဖြစ်ပါတယ်။
Web
Conferencing နည်းပညာတွင် VoIP ဟာလည်းတစ်နည်းအားဖြင့် ပါဝင်ပက်သက်နေပါတယ်။ VoIP
ဟာအချိန်နှင့်တစ်ပြေးညီ အသံပေးပို့ ဆက်သွယ်ခြင်းဖြစ်ပြီး ၎င်းအတွက်
ဖုန်းလိုင်းကိုအသုံးပြုကာ နားကြပ်နှင့်
စပီကာများမှတဆင့်ဆက်သွယ်ပြောဆိုခြင်းဖြစ်ပါတယ်။ Web tour ဆိုတာကတော့ Web Conferencing
နည်းပညာတွင် ပါဝင်တဲ့ URL များ၊ Data များ Cookie များ Scrip များ စတာတွေကို ကွန်ပျူတာတစ်လုံးမှ
အခြားကွန်ပျူတာများသို့ ပိုလွှတ်ပေးတာဖြစ်ပါတယ်။ ထို့ကြောင့် အခြားအသုံးပြုသူ တစ်ဦးမှ
ဝက်ဘ်ဆိုက်မှတစ်ဆင့် အရုပ်နှင့်အသံအပြင် အထောက်အကူပြု ဓာတ်ပုံနှင့်
ဗီဒီယိုများကိုပါကြည့်ရှု လေ့လာနိုင်မှာဖြစ်ပါတယ်။
Text
chat ဆိုတာကတော့ စာသားဖြင့်ပို့လွှတ်ပြီး တစ်ဦးနှင့်
တစ်ဦးစကားပြောဆိုခြင်းဖြစ်ပါတယ်။ Text chat တွင် public (အများနှင့်
ဆက်သွယ်ပြောဆိုခြင်း(သို့) အုပ်စုလိုက်ပြောဆိုခြင်း) နှင့် Private (နှစ်ဦးတည်းပြောဆိုခြင်း)
တို့ပါဝင်ပါတယ်။ ထို့ကြောင့် ၎င်းနည်းပညာဟာလည်း Web Conferencing အတွက် အဓိကအရေးပါသော
နည်းပညာရပ်တစ်ခုဖြစ်ပြီး မိတ်ဆွေအချင်းချင်း ဆက်သွယ်ပြောဆိုရာမှာလည်း ထိရောက်မှုရှိသော
ဆားဗစ်တစ်ခုသာဖြစ်ပါတယ်။
No comments:
Post a Comment