အခု ကျွန်တော်ရှင်းပြမှာကတော့ Map
Network Drive အကြောင်းပဲဖြစ်ပါတယ်။ Map Network Driveကိုဘာကြောင့်အသုံးပြုသလဲ ၊
ဘယ်လိုအသုံးပြုလဲဆိုတာကို ရှင်းပြမှာဖြစ်ပါတယ်။ကျွန်တော်တို့က Network ပေါ်မှာရှိတဲ့Shared
ပေးထားတဲ့အချက်အလက်တွေကို အသုံးပြုတဲ့အခါမှာ နည်းလမ်းနှစ်မျိုးနဲ့
ခေါ်ယူအသုံးပြုလို့ရပါတယ်။တစ်နည်းက My Network Place ကနေ မိမိလိုချင်တဲ့အချက်အလက်(Shared Folder or Drive)တွေရဲ့လမ်းကြောင်းတွေဆီကိုဆင့်ကဲဆင့်ကဲရောက်အောင်သွားပြီးဖွင့်လိုက်လို့ရပါတယ်။
အောက်မှာပုံနဲ့ နမူနာပြထားပါတယ်။
Network အတွင်းမှာရှိတဲ့
ကိုယ်လိုခြင်တဲ့ Pc စီမှာ Dataတွေကိုလှမ်းယူဖို့ရာအဆင့်ဆင့်ဝင်ရမှာဖြစ်ပါတယ်
။နောက်တစ်နည်းကတော့
Network ပေါ်မှာရှိတဲ့မိမိလိုချင်တဲ့အချက်အလက်တွေကို မိမိရဲ့ MyComputer ထဲမှာ Map
Network Drive လုပ်ပြီးတော့ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ Map လုပ်တယ်ဆိုတာကNetwork
ပေါ်မှာရှိတဲ့ အချက်အလက်(Shared Folder or Drive)တွေကို Network လမ်းကြောင်းပေါ်(My
Network Place)ကနေ သွားမယူတော့ဘဲ မိမိရဲ့ My Computer ထဲမှာDriveတစ်ခုအနေနှင့်နေရာချထားလိုက်တာကို
ပြောခြင်းပါပဲ။ Map Network Driveကိုဘယ်လိုအချိန်မှာအသုံးပြုသလဲဆိုတော့
ကိုယ်အမြဲတမ်းနေ့စဉ်အသုံးပြုနေတဲ့
အချက်အလက်တွေကို Network လမ်းကြောင်းပေါ်ကနေ (MyNetwork Place ကနေ)သွားမယူတော့ပဲနဲ့ကိုယ့်ရဲ့
My Computer ထဲမှာပဲ အလွယ်တကူ အသုံးပြုချင်တဲ့အခါတွေမှာ အသုံးပြုခြင်းဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို Map
လုပ်လိုက်မယ်ဆိုရင် ၄င်းအချက်အလက်တွေဟာ (Shared Folder တွေ ၊Drive တွေဟာ) ကိုယ်ရဲ့
My Computer ထဲမှာ Drive တစ်ခုအနေနဲ့ပေါ်လာမယ်။ ကိုယ် ခေါ်ယူအသုံးပြုချင်တဲ့အခါမှာ
၎င်းMap လုပ်ထားတဲ့ Drive ကိုပဲ My Computer ထဲကနေ ဖွင့်လိုက်ရုံပါပဲ။
Network ပေါ်မှာရှိတဲ့ အချက်အလက်တွေကိုMap Network Drive တွေပြုလုပပြီး
အသုံးပြုခြင်းအားဖြင့် ၄င်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာခေါ်ယူအသုံးပြုနိုင်ပါတယ်။
Network ပေါ်မှာရှိတဲ့အချက်အလက်တွေကို
Map လုပ်ပြီးအသုံးပြုတော့မယ်ဆိုရင် Windows Explorer (or) MyComputer (or) My
Document တစ်ခုခုကို အသုံးပြုရပါလိမ့်မယ်။ ပထမဦးဆုံး ၄င်းသုံးခုထဲက တစ်ခုခုကို
ဖွင့်ရပါမယ်။
ကဲ.........အခုကျွန်တော်က My Computer
ကို အသုံးပြုပြီး Map Network Driveကိုလုပ်ပြမှာဖြစ်ပါတယ်။
ဒါဆိုရင်........... စလိုက်ကြရအောင်။
Start ကနေ My Computer ကို ဖွင့်လိုက်ပါ။
အောက်မှာပုံနဲ့ဖော်ပြထားပါတယ်။
၎င်း
My Computer ထဲက Tools Menu
ရဲ့အောက်မှာရှိတဲ့ Map Network Drive ကို နှိပ်လိုက်ပါ။
ဒီတစ်ခါ Map Network Drive Windows
ဖွင့်လာပါပြီ၎င်း Windows Box ထဲမှာ မိမိ Map လုပ်ချင်တဲ့
အချက်အလက်တွေကိုရွေးရမှာဖြစ်ပါတယ်။ ၄င်း Map Network Drive Windows ထဲမှာ Map
လုပ်တဲ့အချက်အလက်တွေအတွက် ရရှိနိုင်မယ့် Drive Letter တွေကို Drive Option မှာDropdown
List နဲ့ဖော်ပြထားပါတယ်။ မိမိ Map လုပ်ချင်တဲ့ အချက်အလက် (Folder (or) Drive)
တွေကို ၄င်းWindows box ထဲက Browse ကို အသုံးပြုပြီး ရွေးချယ်ရမှာ
ဖြစ်ပါတယ်။ကဲ........Browse ကို နှိပ်လိုက်နော်။ Browse For Folder Windows ကျလာပါပြီ။
၎င်း Browse For Folder Windows ထဲမှာ
မိမိ ချိတ်ဆက်ချင်တဲ့ (Map လုပ်ချင်တဲ့) အချက်အလက် (Folder (or)Drive)ကို
ရွေးပြီး Ok ကို နှိပ်လိုက်ပါ။ Map Network Drive Windows ထပ်ပေါ်လာပါလိမ့်မယ်။
၎င်း Windows ထဲက Folder Option မှာ
မိမိ Map လုပ်ထားတဲ့အချက်အလက်( Folder (or) Drive)လမ်းကြောင်းလေးပေါ်နေပါလိမ့်မယ်။
၎င်း Map Network Drive Window ထဲမှာရှိတဲ့ Reconnect at Logonဆိုတာကတော့
ကိုယ့်ရဲ့ Computer က နောက်တစ်ချိန် Logon ၀င်တဲ့အခါမှာ ၄င်း Drive ကို Map ပြန်ပြီးထပ်လုပ်မယ်ဆိုရင်
Reconnect at Logon ဘေးက Check Box လေးကို On ပေးခဲ့လိုက်ပါ။ ဒါမှမဟုတ်ဘဲ Mapလုပ်ထားတဲ့
Driveတွေကို အမြဲတမ်းထားမယ်ဆိုရင်တော့ ၄င်းCheck Box လေးကို ဖြုတ်ထားခဲ့ပါ။
ဆိုလိုတာကအခုတစ်ချိန်ပဲ Map လုပ်မယ်ဆိုရင် Reconnect at Logon ရဲ့ check boxကို on
ပေးခဲ့။ ဒါမှမဟုတ် အမြဲတမ်း Mapလုပ်ထားမယ်ဆိုရင် ၄င်း check box ကို
ဖြုတ်ထားခဲ့လိုက်ပါ။ ကဲ....အားလုံးပြီးပြီဆိုရင် Finish ကို နှိပ်လိုက်ပါ။
ဒါဆိုရင်Network ပေါ်မှာရှိတဲ့ အချက်အလက် (Shared Drive (or) Folder) တွေကို
Map(Connect)လုပ်တာတောပြီးသွားပါပြီ။
မလိုအပ်တဲ့အခါမှာ ၄င်း Map Drive တွေကို ဘယ်လို ပြန်ပြီးဖြုတ်ရမလဲဆိုတာရော မသိချင်ဘူးလား။သိချင်ရင်ပြောပြမယ်နော်။ Map လုပ်ထားတဲ့ Drive တွေကို ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ My computer ထဲက ၄င်း MapDrive ပေါ်မှာ Right Click နှိပ်ပြီး Disconnect ကိုနှိပ်လိုက်ရုံပါပဲ။ ဒါဆိုလို့ရှိရင် Map လုပ်ထားတဲ့ Drive တွေကိုပြန်ဖြုတ်တာပြီးဆုံးသွားပါပြီ။ ဟဲ.....ဟဲ....အရမ်းခက်ခဲတယ်နော်။ သြော် သိတဲ့သူအတွက်တော့
မလိုအပ်တဲ့အခါမှာ ၄င်း Map Drive တွေကို ဘယ်လို ပြန်ပြီးဖြုတ်ရမလဲဆိုတာရော မသိချင်ဘူးလား။သိချင်ရင်ပြောပြမယ်နော်။ Map လုပ်ထားတဲ့ Drive တွေကို ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ My computer ထဲက ၄င်း MapDrive ပေါ်မှာ Right Click နှိပ်ပြီး Disconnect ကိုနှိပ်လိုက်ရုံပါပဲ။ ဒါဆိုလို့ရှိရင် Map လုပ်ထားတဲ့ Drive တွေကိုပြန်ဖြုတ်တာပြီးဆုံးသွားပါပြီ။ ဟဲ.....ဟဲ....အရမ်းခက်ခဲတယ်နော်။ သြော် သိတဲ့သူအတွက်တော့
လွယ်မှာပေါ့ဗျာ...။မသိတဲ့သူတွေကျတော့
ဘယလိုလုပ်လို့လုပ်ရမှန်း မသိတော့ ခက်တာပေါ့။
ကဲဗျာ..ဒီလောက်ဆိုရင်တော့
အခြေအနေကောင်းလောက်ပါပြီထင်ပါရဲ့…အစဉ်ပြေမယ်လို့လဲမျော်လင့်ပါတယ်
Map
Network Drive ပြီးလုပ်တာဒီလောက်ဆိုလုံလောက်မယ်လို့ထင်ပါတယ်နော်….
No comments:
Post a Comment