Saturday, November 24, 2018

RADIUS Server ကို Install ပြုလုပ်ခြင်း



ကဲ... Online ICT Reader ပရိသတ်ကြီးရေ....အခုတစ်ခါဖော်ပြပေးမှာကတော့ RADIUS Server ရဲ့Installation ပြုလုပ်ပုံအကြောင်းပဲ ဖြစ်ပါတယ်။ Radius Server အကြောင်းကိုတော့ သိပြီးဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုရင် Radius Server အကြောင်းသိကောင်းစရာဆိုတဲ့နာမည်နဲ့ ရှေ့အပတ်က
တင်ဆက်ပြီးလို့ပါပဲ။ ဒါကြောင့် အခုတစ်ခါမှာတော့ Radius Server အကြောင်းကို အကျယ်တ၀င့်
ပြောမပြတော့ပါဘူးနော်။

ဒါဆိုလို့ရှိရင် Radius Server ကို Install လုပ်ပုံလေးကို စလိုက်ကြရအောင်လား။ Radius Server က ADနဲ့တွဲပြီးမှ အလုပ်လုပ်တာဆိုတော့ AD ကိုတော့ အရင်တင်ထားပြီးသား။ Radius Server ကို Microsoft OSတွေမှာကျတော့ Internet ဖြစ်ရမယ်။ Authentication Service လို့ ခေါ်ကြပါတယ်။ ဒါကြောင့် ၎င်း Internet Authentication Service ကို Run ပေးရမှာပါ။ ထုံးစံအတိုင်း Service တွေ Run တော့မယ်ဆိုရင်တော့

Start>All Programs>Control Panel>Add or Remove Programs ကို သွားရပါလိမ့်မယ်။



Add or Remove Programs Box ကျလာတဲ့အခါ Add/Remove Windows Components ဆိုတာကိုနှိပ်လိုက်။ ၎င်းနောက် Please Wait ဆိုပြီး ခေတ္တစောင့်ခိုင်းပါလိမ့်မယ်။












Windows Component Box ကျလာပြီနော်။ ၎င်းထဲကမှ Networking Service ကို Selective မှတ်ပြီးDetail ကိုသွားလိုက်ပါ။
















Networking Service တွေထဲကမှ Internet Authentication Service ကို ရွေးပြီး ၎င်းဘေးက Check Box လေးကို "On" ပေးရမှာပါ။ "On" ပေးပြီးရင် OK ကိုနှိပ်ပါ။
















Networking Service ပါ "On" ပြီးသားတွေ့ပါလိမ့်မယ်။


















အခုဆိုရင် ကျွန်တော်တို့ "On" ပေးလိုက်တဲ့ Internet Authentication Service ကို Run နေပါပြီ။











ကဲ... Finish Box ကျလာပြီဆိုတော့ Service Run လို့တော့ပြီးသွားပြီပေါ့။ Finish Button ကို
နှိပ်လိုက်နော်။








အခုဆိုရင် Radius Server ခေါ် Internet Authentication Service ကို သွားလို့ရပြီပေါ့။ အောက်မှာ
ပြထားတဲ့အတိုင်း သွားလိုက်ပါ။



Internet Authentication Service ထဲကို ရောက်ပြီဆိုရင်တော့ ၎င်းကို AD (Active Directory) ထဲကို Register လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Internet Authentication Service ဆိုတဲ့အပေါ်မှာ Right Click နှိပ်ပြီး Register Server in Active Directory ဆိုတာကို နှိပ်ပေးပါ။











Radius Server နဲ့ပတ်သက်ပြီး Server ကို Register လုပ်ပြီးသွားရင် ဒီ Radius Server ကို လှမ်းဝင်
အသုံးပြုမယ့် Radius Client တွေအတွက် Radius Client အသစ်တွေကို ဖန်တီးပေးရမှာပါ။ အဲဒီလို
ဖန်တီးပေးဖို့အတွက် Internet Authentication Service အောက်က Radius Client ပေါ်ကို Right Click နှိပ်ပြီး New Radius Client လို့ပြောပါ။










New Radius Client Box ကျလာတဲ့အခါမှာတော့ Friendly Name နေရာမှာ မိမိ Radius Client နဲ့
ပတ်သက်တဲ့အမည်ကို ထည့်ပေးရမှာပါ။ ၎င်း Client Address မှာ ၎င်း Client ရဲ့ IP Address ကို
ထည့်ပေးပါ။









အခုမိမိထည့်လိုက်တဲ့ Client ရှိ၊ မရှိကို Verify လုပ်လို့ရပါတယ်။




ကဲ...အောက်မှာပေါ်လာတဲ့ Box ထဲမှာ Client Vendor မှာ Radius Standard လို့ ရွေးပေးပြီး Shared Secret ကို ထည့်ပေးပါ။ Password လိုသဘောပါ။









Radius Client တစ်ခုတည်ဆောက်လိုက်ပါ။


















နောက်ထပ် Radius Client တွေကိုလည်း အထက်ကလိုပဲ ပြုလုပ်ရမှာပါ။












ကဲ........နောက်ထပ် Remote Access Policy တွေကို သတ်မှတ်ကြရအောင်ဗျာ။ ဘာမှမခက်ပါဘူး။
Remote Access Policies ကို Right Click နှိပ်ပြီး New Remote Access Policy ကို နှိပ်လိုက်ရုံပါပဲ။









Welcome Page ကျလာတဲ့အခါ Next ကိုနှိပ်၊ ရှေ့ဆက်သွားပါ။ ၄င်းနောက် Policy Configuration
Method box ကျလာတဲ့အခါမှာ Policy Name နေရာမှာ မိမိ Access လုပ်မယ့် Policy name ကိုပေးပါ။







Access Method မှာလည်းပဲ မိမိအသုံးပြုမယ့် Access Method ကိုရွေးပေးပါ။









User or Group access page မှာတော့ Radius server ဆီကို Access လုပ်ခွင့်ပေးမယ့် user and
group တွေကိုထည့်ပေးပါ။



Authentication Method box မှာတော့ ကိုယ်အသုံးပြုမယ့် Authentication ကိုရွေးပေးပါ။









Policy Encryption Level မှာလည်းပဲ ယခု Policy ကို Support လုပ်မယ့်ဟာတွေကို Select မှတ်ပါ။
















ပြီးသွားပြီဆိုရင်တော့ Finish ကိုနှိပ်လိုက်ပါ။









Remote Access Policy သတ်မှတ်ပြီးလို့ရှိရင် ၄င်းကို configure လုပ်ကြရအောင်ပါ။ Allow VPN
Connection ပေါ်ကို Right Click နှိပ်ပြီး properties ကိုနှိပ်ပါ။










၎င်းနောက် မိမိ VPN ကို Access လုပ်ခွင့်ပြုမယ့် User တွေကို ထည့်ပေးပါ။















ပြီးရင် OK ပြောပေးပါ….ကဲ တစ်ဆင့်ခြင်းဖော်ပြပေးပြီးပါပြီး အားလုံးအစဉ်ပြေပါစေလို့မျှော်လင့်ပါတယ်
ခင်ဗျာ………….






No comments:

Post a Comment