Sunday, November 25, 2018

Web Server ကို Install လုပ်ခြင်း


Web Server တွေကတော့ မိမိတို့ရဲ့ Operating System အလိုက်အမျိုးမျိုးရှိကြပါတယ်။ ဘာတွေလဲဆိုတော့ Apache Web Serverတို့ ၊ IIS Web Server တို့ ၊ Sun Java Web Server တို့ အစရှိသဖြင့် အများကြီးရှိပါတယ်။ Microsoft Windows OS တွေအတွက်က IIS (Internet Information Services) ကိုပဲ အသုံးပြုကြတာအများဆုံးပါပဲ။ IIS ကို Microsoft ကနေ Microsoft Windows တွေအတွက်အသုံးပြုဖို့ ဖန်တီးထားတာပါ။ IIS Web Server ဟာဆိုရင် Popular အဖြစ်ဆုံး Web Server တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ IIS Services ထဲမှာ FTP, FTPS, SMTP, NNTP နဲ့ HTTP/HTTPs ဆိုတဲ့ Services တွေ ပါဝင်ပါတယ်။ IISမှာလည်း Version အမျိုးမျိုးရှိပါတယ်။ အခုလက်ရှိဆိုရင် IIS Version 1.0 ကနေ Version 7.5 အထိရှိပါတယ်။  IIS Version 1.0 ကနေ 4.0အထိဟာ Windows NT တွေအတွက် ၊ IIS Version 5.0 က Windows 2000 အတွက် ၊ IIS 5.1က Windows XP Professional နဲ့ Windows XP Media Center Edition အတွက် ၊ IIS 6.0 က Windows Server 2003 နဲ့ Windows XP Professional x64 Edition အတွက် ၊ IIS 7.0 က Windows Server 2008 နဲ့ Windows Vista အတွက် ၊ IIS 7.5 က Windows Server 2008 R2 နဲ့ Windows 7 အတွက်ဆိုပြီး အသီးသီးထုတ်လုပ်ထားပါတယ်။ အခု ကျွန်တော်တို့က  Windows Server 2003 တွေအတွက်အသုံးပြုတဲ့ IIS 6.0 ကို Installation လုပ်ပြမှာ ဖြစ်ပါတယ်။ ကဲ....IIS Web Server Installation စလိုက်ကြရအောင်။ IIS ကို Windows Server 2003 မှာ Control Panel ကိုအသုံးပြုပြီး Install လုပ်လို့ရသလို Manage Your Server ကနေလည်း Install လုပ်လို့ရပါတယ်။ Manage Your Server ကိုအသုံးပြုမယ်ဆိုရင်တော့ Start ကနေ Administrative Tools ကနေ Manage Your Server ကိုနှိပ်လိုက်ပါ။ Manage Your Server Windows box ထဲက Add or remove a role ကိုနှိပ်လိုက်ပါ။ ၄င်းနောက် Next ကိုနှိပ်လိုက်ပါ။ အဲဒီနောက် ကိုယ် Install လုပ်ချင်တဲ့ IIS ကိုရွေးပြီး Next ကိုထပ်နှိပ်လိုက်ပါ။ နောက်တစ်နည်းကတော့ အခုကျွန်တော်ပြုလုပ်ပြမဲ့  Control Panel ကို အသုံးပြုထားတဲ့ IIS ကို Installation လုပ်တဲ့နည်းပဲဖြစ်ပါတယ်။
          ပထမဦးဆုံး Start menu ကနေ Control Panel ကိုဖွင့်လိုက်ပါ။























Control Panel Windows Box ကျလာပါပြီ။ ၄င်း Box ထဲက Add or Remove Programs ကို နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။
















အခုတစ်ခါ Add or Remove Programs Windows Box ပေါ်လာပါပြီ။ 

  













၎င်း Add or Remove Programs Windows Box ထဲက Add/Remove Windows Components ကို နှိပ်လိုက်ပါ။ အဲဒီအခါမှာ Please Wait ဆိုပြီး ခဏစောင့်ခိုင်းပါလိမ့်မယ်။






ကဲ.....ဒီတစ်ခါတော့ Windows Componet Wizard Box ပွင့်လာပါပြီ။ အောက်ကပုံကိုကြည့်လိုက်ပါနော်။




















၎င်း Windows Component Wizard Box ထဲမှာ Application Server ဆိုတာကို တွေ့တယ်မဟုတ်လား။ ၄င်း Application Server ကို Select မှတ်ပြီးတော့ Details ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။



 

  













Application Server Windows Box ကျလာပါလိမ့်မယ်။
 










၎င်း Application Server Windows box ထဲမှာ Internet Information Services (IIS) ဆိုတဲ့ဘေးက Check Box လေးကို On ပေးလိုက်ပါ။ ၄င်း IIS ကို On ပေးလိုက်တာနဲ့ တစ်ပြိုင်တည်း Enable Network COM+ Access ရဲ့ဘေးက Check Box ကလည်းပဲ အလိုအလျောက် Onပြီးသား ဖြစ်သွားပါလိမ့်မယ်။ ၄င်းနောက် OK ကိုနှိပ်လိုက်ပါ။












ဒီတစ်ခါ Windows Component Wizard Box ထဲမှာ Application Server ဟာ အလိုအလျှောက် On ပြီးသားဖြစ်သွားပါလိမ့်မယ်။ အောက်က ပုံကို ကြည့်လိုက်ပါ။







ဒါဆိုရင်တော့ ၄င်း Windows Component Wizard Box ထဲက Next ဆိုတဲ့ Button ကို နှိပ်လိုက်လို့ရပါပြီ။ Next ကို နှိပ်ပြီးတာနဲ့ IIS ကို စတင် Run နေပါပြီ။




















အဲဒီလို Run နေတဲ့အချိန်မှာ မူလက Windows OS ကို Install လုပ်ထားတဲ့ Windows Server 2003 CD တောင်းပါလိမ့်မယ်။
 






၎င်း CD အခွေကို CD Driverထဲမှာ ထည့်ပြီး Ok ကိုနှိပ်လိုက်ပါ။ မိမိက Ok မနှိပ်လည်းဘဲ CD ထည့်ပြီးရင် သူ့ဘာသာအလိုအလျောက်ဆက်ပြီး Run သွားပါလိမ့်မယ်။ Run လို့ပြီးသွားပြီဆိုရင်တော့ Finish Boxကျလာပါလိမ့်မယ်။













ကဲ......Finish Button ကို နှိပ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ IIS Web Server ကို Installation လုပ်လို့ပြီးသွားပါပြီ။ မိမိရဲ့ Computer မှာ Web Server ကို အသုံးပြုလို့ ရသွားပါပြီပေါ့ဗျာ။

No comments:

Post a Comment