Sunday, November 25, 2018

Juniper Firewall အကြောင်းသိကောင်းစရာ



ကဲ...ဒီတစ်ခေါက်လည်း နောက်ထပ် Hardware Firewall တစ်ခုအကြောင်း ပြောပြပါ့မယ်။ အရင် Article တွေမှာလည်း Cisco ရဲ့ Hardware Firewall တွေကို ဗဟုသုတအနေနဲ့ သိရှိသွားပြီ။ အခုလည်း Cisco ဆိုတဲ့ကုမ္ပဏီမဟုတ်တဲ့ တစ်ခြားကုမ္ပဏီရဲ့ Hardware Firewall တစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ ကဲ...ဒီနေရာမှာ Firewall အကြောင်းကိုတော့ မပြောပြတော့ပါဘူးနော်။ ဘာကြောင့်လဲဆိုရင် သင်တို့ကိုယ်တိုင် Firewall အကြောင်းကို အသေးစိတ်သိနေလို့ပါပဲ။ အကယ်၍ သင်သည် Firewall အကြောင်း မသိသေးခဲ့သည်ရှိသော် YOUTH Computer ကုမ္ပဏီကနေ ရေးသားထုတ်ဝေခဲ့တဲ့ ISA Server 2006 စာအုပ်ကို ၀ယ်ဖတ်ဖို့ရန်လိုအပ်နေပါပြီ။ ဘာကြောင့်လဲဆိုရင် ၎င်းစာအုပ်ထဲမှာတော့ Firewall အကြောင်းကိုအသေးစိတ်ဖော်ပြပေးထားလို့ပဲဖြစ်ပါတယ်။ ကဲ...ဒီတော့ Firewall မှာ ၂ မျိုးရှိပါတယ်။ ဒါကတော့ Hardware Firewall နဲ့ Software Firewall တို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Software Firewall ကတော့ ISA Server တို့ Enterprise Network မှာသုံးတဲ့ Check Point Next Generation တို့ဖြစ်ပါတယ်။ ဒါတွေကတော့ Software Firewall တွေပါ။ Hardware Firewall အကြောင်းကိုတော့ သင်သည် အရင်အပတ်က Cisco ရဲ့ Hardware Firewall တွေ လေ့လာပြီးပါပြီ။ ယခုဆောင်းပါးမှာ လုံးဝအသုံးများတဲ့ နောက်ထပ် Hardware Firewall ကိုပြောပြမယ်။ တကယ့် Enterprise Network တွေရယ်၊ Local Service Provider တွေမှာပါ အသုံးများတဲ့ Hardware Firewall ပါ။ ကောင်းပြီ...ဒီတော့စပြီးပြောပြမယ်နော်။

















Juniper Firewall
 

ကဲ..အခုပြောပြမယ့် Firewall ကိုတော့ဖြင့် Juniper Network ကနေ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။
။ပြောပြမယ့် Firewall နာမည်ကိုတော့ မှတ်ထားရမယ်နော်။ ၎င်း Firewall ရဲ့နာမည်ကတော့ Netscreen Firewall ပဲ ဖြစ်ပါတယ်။ Juniper Network ကနေ Hardware Firewall ကို အဓိကအားဖြင့် Product ၂ ခုအနေနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဒါကတော့_
(1)Juniper Netscreen Firewall
(2)Secure Service Gateway (SSG) Firewall တို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံး ၎င်းကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တဲ့ Firewall တစ်ခုကတော့ IDP (Intrusion Detection Prevention) ဆိုတဲ့ Device ဖြစ်ပါတယ်။ 










Juniper Netscreen Firewall


အခုပြောပြမှာက Netscreen Firewall ပါ။ ၎င်း Firewall ကတော့ သေးငယ်လှတဲ့ SoHo (Small Office/Home Office) ကနေကြီးမားလှတဲ့ Enterprise Network တွေနဲ့ Telecommunication Service Provider တွေ၊ ISF တွေနဲ့ LSP(Local Service Provider) တွေအထိကို အသုံးများပါတယ်။ဒါကတော့ ၎င်း Firewall ကို သုံးတဲ့နေရာတွေပါ။၎င်း Firewall သည်အဓိကလုပ်ဆောင်ချက်တွေကတော့ဖြင့်
(1)VPN Connection ကိုချိတ်ဆက်နိုင်ခြင်း။
(2)Local Network ကို လုံခြုံမှုအပြည့်အ၀ရနိုင်အောင် ကာကွယ်ပေးခြင်း။
(3)SSL(Secure Sockets Layer) VPN ကိုSupport လုပ်ပေးခြင်း။ တစ်နည်းအားဖြင့် VPN ကို SSL မှတစ်ဆင့်ဝင်ရောက်သုံးစွဲနိုင်ခြင်း။
(4)ပြင်ပ WAN Connection တွေကို ထိန်းချုပ်ပေးနိုင်ခြင်း။
(5)NAT ဆိုတဲ့ (Network Address Translation) ကို Support လုပ်ပေးနိုင်ခြင်းတို့ ဖြစ်ပါတယ်။    ဒါတွေကတော့၎င်း Netscreen Firewall ရဲ့ အဓိက လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒါ့အပြင် ၎င်း Hardware Firewall ၏အဓိကနည်းပညာမှာ Stateful Inspection Technology ကို အခြေခံထားတာ ဖြစ်ပါတယ်။  ဒါ့အပြင် ၎င်းFirewall က မြင့်မားလှတဲ့ လုပ်ဆောင်ချက်တွေကိုတော့ Processor ကိုအသုံးမပြုတော့ဘဲနဲ့ သီးခြားပါဝင်လာတဲ့ Chips ကို အဓိကထားပြီး အသုံးပြုလာပါတယ်။ဒါကတော့ စွမ်းဆောင်ရည်မြင့်မားလှတဲ့ASIC ဆိုတဲ့ (Application Specific Integrated Circuit) ပဲ ဖြစ်ပါတယ်။ ၎င်း ASIC ဆိုတဲ့ Chip သည် ၎င်းFirewall မှာပါဝင်လာတဲ့ Interface တွေကို High-Speed Bus ကနေမှတစ်ဆင့် Core Processorဆီသို့ချိတ်ဆက်ပေးပါတယ်။
ဒါ့အပြင် ကြီးမားလှတဲ့ Firewall တွေရဲ့လုပ်ဆောင်ချက်ကို ASIC Chip အနေပဲ ထိန်းချုပ်လုပ်ဆောင်ပေးပါတယ်။ကောင်းပါပြီ။ ဒီတော့ အရေးကြီးတာ တစ်ခုကျန်ပါသေးတယ်။ ဒါကတော့ ၎င်း Hardware Firewall ကိုသင်ဘယ်လိုပုံစံမျိုးနဲ့ ထိန်းချုပ်မလဲ။ ဒါသည် အဓိကပါ။ ကဲ..ဒီတော့ အောက်မှာ ၎င်း Firewall ကိုထိန်းချုပ်နိုင်မယ့် ပုံစံ (၃)မျိုးကို ဖော်ပြပေးပါမယ်။ လေ့လာကြည့်ပါ။
(1)Command-Line Interface(CLI)
(2)Web User Interface(WebUI)
(3)Netscreen Security Manager (NSM) တို့ပဲ ဖြစ်ပါတယ်။










Netscreen Security Manager user interface

ကဲ...ကောင်းပါပြီ။ကျွန်တော်တို့Netscreen Firewallကိုဘယ်လိုဝင်ရောက်ထိန်းချုပ်နိုင်သလဲဆိုတာ
သင်သိသွားပြီ။ဒီတော့ သင်ကဘာကို ၀င်ရောက်ထိန်းချုပ်တာလဲ သိလား.... အရေးကြီးတယ်နော်။ အဓိက
Firewall Administrator ၀င်ရောက်ထိန်းချုပ်တာက ၎င်း Firewall ရဲ့ Operating System ပဲ ဖြစ်ပါတယ်။ဟုတ်ပါတယ်။ ၎င်းO/S ရဲ့ Name ကတော်တော်လေး လှပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။နာမည်ကိုတော့ သေချာစွာ မှတ်ထားပေးပါ။ ၎င်း O/S ရဲ့နာမည်ကတော့ Screen OS ပဲ ဖြစ်ပါတယ်။
ကဲ..အောက်မှာ Juniper Networks Firewall Product Line ကိုဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။





















ကဲ...ဒီတော့ သင်၎င်း Netscreen Firewall ကြောင့်အခြေခံအားဖြင့် နားလည်သွားပါပြီ။ နောက်ထပ်လည်းသင်တို့ကို ၎င်း Firewall ရဲ့အကြောင်း အလျဉ်းသင့်သလို ဖော်ပြဦးမှာပါ။ ဒါပေမယ့် ၎င်း Firewall တွေကကျွန်တော်တို့ နိုင်ငံနဲ့ ကုမ္ပဏီတွေအကြား နည်းနည်းအလှမ်းမြင့်သလိုဖြစ်နေပေမယ့် နိုင်ငံတကာမှာထိပ်တန်းစာရင်းဝင် Hardware Firewall ဖြစ်နေတာမို့လို့ စာဖတ်ပရိတ်သတ်တို့ကို ပြောပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။



No comments:

Post a Comment