Tuesday, November 6, 2018
Address Resolution Protocol ( ARP ) အကြောင်း
ကဲဒီတစ်ခေါက်တော့ ( ARP ) ဆိုတဲ့ အကြောင်းလေးဗျ။ ၎င်း ( ARP ) အကြောင်းကတော့ ပြောရရင် အဓိပ္ပါယ်က တိုတိုလေး။ သူ့ရဲ့အဖြေကလည်း အရမ်းကို ရိုးစင်းပါတယ်။ ကဲ ဒီလိုမျိုးရိုးစင်းလှတဲ့ အဖြေကို အောက်မှာ တစ်ဆင့်ချင်း ပြောပြပေးသွားမယ်နော်။
၎င်း ( ARP ) ဟာ Service ( ဝန်ဆောင်မှု ) တစ်ခုလို့ ပြောရင်လည်းမမှားပါဘူး။ ကဲ.... ဟုတ်ပါပြီ။ ၎င်း ( ARP ) ဟာ Internet Layer ဖြစ်တဲ့ Layer 3 မှာပါဝင်တဲ့ အုပ်စုဝင် ဖြစ် ပါတယ်။ အခုကျွန်တော် အလွန်တရာ ရိုးစင်းလှတဲ့ Network Type (2) မျိုးကို ပြောပြပေး မယ်။ အဲ....ဒါကတော့ Internal Network နဲ့ External Network တို့ပဲ ဖြစ်ပါတယ်။
External Network ဆိုတာကမတူညီတဲ့ Network တွေအကြား စွမ်းအင်မြင့်မားတဲ့ Router တွေကိုအသုံးပြုပြီး(Routing ) ဆိုတဲ့ဝန်ဆောင်မှုကို ပြုလုပ်ပေးပါတယ်။ တစ်နည်းအားဖြင့် ၎င်း Network ကို ( L3 Network ) လို့ခေါ်ရင်လည်းမမှားပါဘူး။ ၎င်း  Network မှာ Data တွေသည်။ Packets အနေဖြင့်သွားနေကြပါတယ်။ အဲ..... Internal Network ကျပြန်တော့ ( Layer 2 Network ) လို့လည်းခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်း Network ဟာ အဓိက ( Switching ) Service ကိုပြုလုပ်ပေးပြီး Data များဟာ Frame Type အနေနဲ့ သွားပါတယ်။
ကဲ ဒါဆိုဟုတ်ပြီ။ ဒီလိုမျိုး Frame Type အနေနဲ့ သွားဖို့ရန်ကိုပဲ ( Media Access Control) MAC ( ဒါမှဟုတ် ) Physical Hardware address ကူညီပေးပါတယ်။ ၎င်း Physical Hardware Address ဆိုတာက Network Card ရဲ့ Address ကိုပြောခြင်းဖြစ်ပါတယ်။ ၎င်း ( MAC )Address တွေဟာတစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ ( MAC ) Address တွေဟာ 48 bit ရှိပြီးတူညီတဲ့ Subnet အတွင်းမှာ Network Card တွေအချင်းချင်း ချိတ်ဆက်ပြီး အလုပ်လုပ် ပေးပါတယ်။
ကဲ ဒီတော့ စဉ်စားစရာ တစ်ခု ပေါ်လာပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြောခဲ့တာဘဲ Network မှာရှိတဲ့ Computer တွေအတွင်းမှာ ပါဝင်တဲ့ Resources တွေသုံးချင်ပါက IP Address (or) Name နဲ့ ခေါ်မှရပါမယ်လို့ပြောခဲ့တာအမှန်တကယ်တော့ ၎င်း IP တွေ ဒါမှမဟုတ် Name တွေက Network ပေါ်ရောက်သွားရင်အဲလို IP တွေ၊ Name တွေနဲ့ အလုပ်မလုပ်တော့ပါဘူး။ ( MAC ) Address နဲ့ပဲ အလုပ်လုပ်ပါတယ်။
ဒါဆို ဒီလိုမျိုး IP to MAC Address ပြောင်းပေးတဲ့နေရာမှာ ( ARP ) က လုပ်ဆောင်ပေး ပါတယ်။ ဒါကြောင့်မို့ .... (ARP)သည် IP Address to MAC ကိုပြောင်းလဲပေးပါတယ်။
ဆိုလိုချင်တာက တစ်စုံတစ်ယောက်က အခြားသူရဲ့ IP ကိုတော့ သိပါရဲ့ သူ့ရဲ့ MAC ကို မသိတဲ့ အခါမှ arp ကိုအသုံးပြုတာဖြစ်ပါတယ်။
ဒီတော့ တစ်ခုသိထားရမှာက Netwrok ချိတ်ဆက်ထားတဲ့ ကွန်ပျူတာရဲ့ ( RAM ) ပေါ်မှာ ( ARP Table ) လေးဟာ အမြဲတမ်း ပါဝင်ပါတယ်။ ၎င်း ( ARP Table) မှာ IP Address ရယ် MAC Address တွေကို Mapping လုပ်ပေးထားပါတယ်။ တနည်းအားဖြင့် cache လုပ်ထားတယ်ပေါ့။ ဆိုလိုတာက သူက ip ကနေ MAC ကို မပြောင်းခင် အဲ့ဒီ Arp Cache ကို အရင်ကြည့်လိုက်တယ်။ ရှိနေပြီးသားဆို သူပြောင်းစရာမလိုတော့ဘူး။ အဲ့ဒီ Cache ထဲက ထုတ်ပေးလိုက်တယ်။ မရှိသေးတဲ့ Ip ကိုမှ Broadcast လုပ်ပြီး သက်ဆိုင်ရာ IP ကိုပိုင်ဆိုင်တဲ့ ကွန်ပျူတာက သူ့ရဲ့ MAC ကို ပြန်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။
ကဲ ( ARP ) Table ကိုသင်ကြည့်ချင်သပဆိုရင် CMD မှတစ်ဆင့် ( arp-a ) ဆိုတဲ့ Command ကိုအသုံးပြုနိုင်ပါတယ်။
အကယ်၍ များဖျက်ချင်ပါက ( arp -d) ဆိုတဲ့ Command ကိုအသုံးပြုနိုင်ပါတယ်။
အပေါ်ကပုံမှာဆိုရင် arp –d ကိုသုံးလိုက်တဲ့အတွက်ကြောင့် arp ကို cache လုပ်ထားတဲ့ Table မရှိတော့ပါဘူး။ ဒါကြောင့် arp –a ကိုပြန်ရိုက်လိုက်တဲ့အချိန်မှာ Arp ထဲမှာဘာ Entries မှ မရှိရတော့ ခြင်းဖြစ်ပါတယ်။
ကဲ ဒါဆို စာဖတ်သူတို့ ARP အကြောင်းနားလည်သွားလောက်ပါပြီနော်။
Monday, November 5, 2018
Active Directory ထဲတွင် User Account တည်ဆောက်ခြင်းနှင့် Log on ၀င်ရောက်ခြင်း
Server မှာ AD တင်ပြီးသွားပြီဆိုတော့ Client ဘက်က user တွေက Server ထဲကို   Log on ၀င်ရောက်နိုင်ရန်အတွက် AD ထဲမှာ User Account တွေဖန်တီးပေးရမှာဖြစ်ပါတယ်။ Server ရဲ့ Active Directory ထဲမှာ User Account မရှိပဲနဲ့ Client ဘက်ကနေ Server ဆီကိုဝင်ရောက် Access လုပ်လို့မရပါဘူး။ ဒါကြောင့် AD ထဲမှာ User Account ဖန်တီးဖို့အတွက် Start > Programs >
Administrative Tools > Active Directory Users and Computers ဆီကိုရောက်အောင်သွားပြီး
Click ကိုနှိပ်ပါ။
Active Directory Users and Computers Box ကျလာပါပြီ။
Server ကို Expand (ဖြန့်ချလိုက်) ပါ။ User ဆိုတာကိုတွေ့ပါလိမ့်မယ်။ ၎င်း User ပေါ်ကို Right Click
နှိပ်ပြီး New>User ကိုသွားပါ။
New Object User Box ကျလာပြီဆိုတော့ User Account တစ်ခုကို Create လုပ်လို့ရပါပြီ။
First name တွေ ၊ Last name တွေ ကိုရိုက်ထည့်ပါ။ ဒီနေရာမှာအရေးကြီးတာက User Log on ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ရိုက်ခဲ့တဲ့ User Log on name ကိုအသုံးပြုပြီး Client user တွေက Server  ဆီကို Log on ၀င်ရမှာဖြစ်ပါတယ်။ အခုကျွန်တော်ကတော့ Client01 အတွက် User Account ဖန်တီးမှာဖြစ်ပါတယ်။ အားလုံးပေးပြီးသွားပြီဆိုလို့ရှိရင် Next ကိုနှိပ်လိုက်ပါ။
Password ပေးရမယ့် Box ကျလာပါပြီ။ မိမိပေးချင်တဲ့ Password ကိုပေးလိုက်ပါ။ ၄င်းနောက် Next ကိုနှိပ်ပါ။
နောက်ဆုံး Finish box ကျလာပြီဆိုတော့ Finish button  ကိုနှိပ်လိုက်လို့ရပါပြီ။
Active Directory မှာ Client01 ဆိုတဲ့ User ရောက်ရှိသွားပါပြီ။
ကဲ.......အခုဆိုရင် Client01  အတွက် User Account ဖန်တီးပြီးသွား ပြီဆိုတော့ ၄င်း User က Server ထဲကို Log on ၀င်လို့ရသွားပြီပေါ့။ ဒါပေမယ့် အဲဒီလို Client ဘက်ကနေ  Server ဆီကို Log On 
ဝင်ရောက်နိုင်ဖို့အတွက် Server ရဲ့လက်အောက်ခံ member အဖြစ်အရင်ဦးဆုံး 
ဝင်ရောက်ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဒါဆိုကျွန်တော်တို့ Client01 ကို Server ဆီ Log on 
ဝင်ရောက်ကြရအောင်။ ပထမ Client computer ဘက်ကိုသွားပါ။ Desktop ပေါ်မှာရှိတဲ့ My computer ပေါ်ကို Right Click နှိပ်ပြီး properties ကိုထပ်နှိပ်ပါ။
System Properties box ကျလာပါလိမ့်မယ်။ computer name tab ကိုသွားပါ။
၎င်း box ထဲက Change ဆိုတဲ့ button ကို နှိပ်ပါ။ Computer name change box ကျလာပါပြီ။
အခုဆိုလို့ရှိရင် ဒီ client ဟာ Workgroup level ပဲရှိပါသေးတယ်။ သူ့ကို Domain member ဖြစ်အောင်ပြုလုပ်ဖို့အတွက် Domain ကိုရွေးလိုက်ပါ။ ၄င်းနောက် Domain name ပေးရမှာဖြစ်ပါတယ်။ အခုကျွန်တော်ရဲ့ Domain name က youth ဖြစ်တဲ့အတွက် youth လို့ပေးလိုက်ပါမယ်။ ပြီးရင် ok ကိုနှိပ်ပါ။
ဒီတစ်ခါ user name နဲ့ password တောင်းတဲ့ box ကျလာပါပြီ။ ၄င်း user name နဲ့ password မှာ server ရဲ့ administrator အမည်နဲ့ administrator ရဲ့ password  ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် ok ကိုနှိပ်ပါ။
Welcome to the youth domain box ကျလာတဲ့အခါ ok နှိပ်လိုက်ပါ။
အခုတစ်ခါတော့ မိမိ change ထားတဲ့အရာတွေ သက်ရောက်မှုရှိရန် Restart ချရမဲ့ box ကျလာပါပြီ။ ok နှိပ်ပြီး Restart ချပေးလိုက်ပါ။
Computer ပြန်တက်လာတဲ့အခါမှာ Log on box တက်လာပါပြီ။
၎င်း Log on box ရဲ့ user name နေရာမှာ client01 လို့ရိုက်ပါ။ နောက် Log on to နေရာမှာ မိမိ Computer ထဲကို Log on ၀င်မှာလား ၊ youth ဆိုတဲ့ Server ဆီကို Log on ၀င်မှာလားရွေးလို့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီ client ဟာ domain member ဖြစ်သွားပါပြီ။ အခု Server ထဲကိုဝင်မှာဖြစ်တဲ့အတွက် youth ကိုရွေးပေးလိုက်ပါ။ ok ကိုနှိပ်လိုက်လို့ရှိရင် ဒီ user ဟာ Server ဆီကို ၀င်ရောက်ပြီး Server ထဲမှာရှိတဲ့ Resources တွေကို Access လုပ်နိုင်ပါပြီ။ ကဲ.............ဒီလောက်ဆိုရင်တော့ Server Based Network တစ်ခုတည်ဆောက်တတ်ပါပြီနော်။ နောက်ပြီး User Account တစ်ခုတည်ဆောက်ပြီး Domain ကို Logon ၀င်ရောက်ခြင်းကိုလည်း လုပ်တတ်သွားပြီပေါ့။
Active Directory ထဲ၌ မိမိ User ၏ Email Address ကို Configure ပြုလုပ်ခြင်း
ဒီတစ်ခါတော့စာဖတ်ပရိသတ်ကြီးရေ Active Directory ထဲမှာ Email Address တွေကို Configure ပြုလုပ်ပုံကိုနားထောင်ကြည့်ကြပါအုံး ။ကဲဟုတ်ပါပြီ။      Email တွေတစ်ခု (သို့မဟုတ်) များပြားလှတဲ့ Email တွေးကို User အသီးသီးအတွက် ၎င်း Email တွေကို လက်ခံဖို့ ပြုလုပ်လို့ရပါတယ်။ ဒါကြောင့် အဲဒီလို တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့ Email တွေကို ထည့်သွင်းနိုင်ဖို့အတွက် User အသစ်တည်ဆောက်တဲ့အခါ လိုအပ်တဲ့ Setting တွေကိုတော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဥပမာ.... ကျွန်တော်တို့က John Galt ဆိုတဲ့ New User တစ်ခုတည်ဆောက်မယ်ဆိုကြပါစို့။
သို့ပေသိ အဲ့ဒီ Server မှာတော့ Exchange Server တင်ထားဖို့တော့လိုပါတယ်။ ဒီဆောင်းပါးကို ဖတ်တဲ့သူဟာ အဲ့ဒီ Server 2003 ကြီးမှာ Exchange Server တင်ထားမှသာလျှင်ဖတ်လို့ရမှာဖြစ်ပါတယ်။
ဒါဆိုပထမဆုံ့း  Active Directory ထဲကို အရင်သွားပါ။ Active Directory Users and Computer Box ထဲမှာ User ဆိုတာကို Right Click နှိပ်ပြီး New ကနေ User ကို Click ပါ။
New Object-User Box ကျလာတဲ့အခါမှာတော့ ထုံးစံအတိုင်း First Name ၊ Last Name နဲ့ Full Name တွေ ထည့်ပါ။ ဒီနေရာမှာ အရေးကြီးတာက User Logon Name မှာ အရေးကြီးတာပါ။ 
ဘာဖြစ်လို့လဲဆိုတော့ User Logon Name မှာရိုက်ခဲ့တဲ့ အမည်အတိုင်းပဲ AD ထဲကို ၀င်တဲ့အခါ အသုံးပြုရမှာပါ။ ဒါကြောင့် သေချာစွာ ရိုက်ထည့်ပါ။
           အထက်ကပုံမှာ Server ထဲကို ၀င်ဖို့အတွက် AD User ဖန်တီးနိုင်သလို Exchange Mailbox တွေကို ဖန်တီးနိုင်ပါတယ်။ ၎င်းနောက် Next ကို ဆက်နှိပ်ပါ။ Password ပေးရမယ့် Box ကျလာပါပြီ။ Password ပေးလိုက်ပါ။ Next ကို ဆက်နှိပ်ပါ။
   Exchange User Account ဖန်တီးတာဖြစ်တဲ့အတွက် Create an exchange mailbox ဆိုတဲ့ဘေးက check box ကို "On" ပေးပါ။ ၎င်းနောက် Next ကို နှိပ်ပါ။
Exchange Mail Box ဖန်တီးပြီးသွားတဲ့အခါမှာတော့ Finish Button ကို နှိပ်လိုက်ပါ။
အခုဆိုရင် AD ထဲမှာ Exchange User ကို ဖန်တီးလို့ ပြီးပါပြီ။ ထို့နောက် ၎င်း User ကိုထပ်ပြီး Configure လုပ်ရပါမယ်။ User ပေါ်ကို Right Click နှိပ်ပြီး Properties လို့ ပြောပါ။     User Properties Box ကျလာပါပြီ။
User Properties Box ထဲက Email Address ဆိုတဲ့ Tab ကို သွားပါ။
အဲဒီမှာ John@servolutions.com ဆိုတာကရှိနေပြီးသားဖြစ်နေပါတယ်။ ဒါပေမယ့် သူက Bold မဖြစ်သေးပါဘူး။ ပြီးတော့ Capital Letter မဖြစ်သေးတဲ့အတွက် သူဟာ Primary မဖြစ်သေးပါဘူး။ သူက Primary ဖြစ်ပါမှ သူပို့လိုက်တဲ့ Email တွေက Header ထဲမှာ လက်ခံရရှိပါလိမ့်မယ်။ ဒါကြောင့် John@servolutions.com ကို Select မှတ်ပြီး Set as primary button ကို နှိပ်ပါ။
အခုဆိုရင် John@servolutions.com က Boldလည်းဖြစ်သွားပြီ။ Capital Letter လည်း ဖြစ်သွားပါပြီ။ ဒါကြောင့် သူက Primary ဖြစ်သွားပါပြီ။ ကျွန်တော်တို့နောက်ထပ် Email Address တွေထပ်ထည့်ချင်တယ်ဆိုရင်လည်း ထည့်လို့ရပါသေးတယ်။ New Button ကို အသုံးပြုပြီး ထည့်ပေးရမှာပါ။
 ဥပမာ- info@servolutions.com (သို့မဟုတ်) sales@servolutions.com စသဖြင့်ပေါ့။
 ဒါပေမယ့် Primary ကတော့ တစ်ခုပဲထားလို့ရမယ်နော်။ အထက်က ပြောပြသွားတဲ့အကြောင်းအရာကတော့ AD ထဲမှာ Exchange User တည်ဆောက်တာ၊ သင့်တော်တဲ့ Primary ထည့်သွင်းတာနဲ့ နောက်ထပ် Additional Email တွေထည့်တဲ့ အကြောင်းပါ။ နားလည်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။
Active Directory ဆိုတာ
Active Directory ဆိုတာ Microsoft Windows 2000 Network Operating System အတွက် Directory Serviceတစ်ခုပဲဖြစ်တယ်။ Active Directory မှာ Database နှင့် Service ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ Active Directoryဆိုတာက Network မှာရှိသော Resource တွေအတွက် Information အချက်အလက်တွေကို စုစည်ထားသောDatabase တစ်ခုဖြစ်တယ်။ Network မှာရှိသော Resource တွေဆိုတာက Network မှာရှိသော Computer တို့၊ Userတို့၊ Folder တွေ၊ Printer တွေShare ပေးတာတို့ စသဖြင့်ကိုခေါ်တာဖြစ်တယ်။ နောက်ပြီးတော့ Active Directory ဆိုတာService တစ်ခုလည်းဖြစ်တယ်။ အဲ့ဒီ Information အချက်အလက်တွေကိုပဲ Network မှာရှိသော User တွေနှင့်Application တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးခြင်းကို Service လို့ခေါ်တာဖြစ်တယ်။ ဒီတော့ Active Directory
ဆိုတာက Network မှာ Database လို့လည်းခေါ်သလို Service လို့လည်းခေါ်နိုင်တယ်။ Active Directory ဟာEnterprise-Level Directory Service တစ်ခုအတွက် လိုအပ်သော အခြေခံကျသော Basic Feature တွေကိုပံ့ပိုးပေးပါတယ်။ ဘာတွေပံ့ပိုးပေးတာလဲဆိုတော့ Extensible Information Source အရေးပါသောသတင်းအချက်အလက်တွေ၊ Naming Conventions For Directory Object ဆိုတဲ့ Network မှာရှိသော DirectoryObjects တွေအတွက် နာမည်တွေသတ်မှတ်ပေးခြင်း၊ Policies တွေသတ်မှတ်ခြင်း၊ နောက်ပြီး Administeringလုပ်ရန်အတွက် Tools တွေသတ်မှတ်ပေးခြင်းတို့ပဲဖြစ်တယ်။  Network ကွန်ယက်တစ်ခုအတွင်းမှာရှိသော Resourcesတွေကို User တွေ၊ Application ကယူပြီးတော့အသုံးပြုမှုကို ထိန်းချုပ်ပေးဖို့အတွက် Administrator ကနေမှ ActiveDirectory ကို သတ်မှတ်ပေးရမှာဖြစ်တယ်။
Active Directory မှာ Basic Element အခြေခံကျသော အချက်က Object ပဲဖြစ်တယ်။ ဒီနေရာမှာ Object ဆိုတာကNetwork ကွန်ယက်မှာရှိသော User တစ်ယောက်လည်းဖြစ်နိုင်သလို၊ Computer တစ်လုံးလည်းဖြစ်နိုင်တယ်။ Printerတစ်လုံးလည်းဖြစ်နိုင်တယ်။ Application တွေ၊ File တွေ၊ ဒါမမဟုတ် Network မှာရှိသော တစ်ခြား Resources တွေလည်းဖြစ်နိုင်ပါတယ်။ ဒါတွေကို ခြုံပြီးတော့ Object လို့ခေါ်တာဖြစ်တယ်။ ဒီ Active Directory Object တွေဟာ Attributes တွေကို သတ်မှတ်ပေးတယ်။ Attributes တွေဆိုတာက ၄င်း Objects တွေနဲ့အတူပါလာသော Propertiesပိုင်ဆိုင်မှုတွေဖြစ်တယ်။ ဥပမာပြောရရင်-Network ကွန်ယက်မှာရှိသော တစ်ချို့ User တွေကဆိုရင် သူတို့ရဲ့ Attributesတွေက ဘာတွေလဲဆိုတော့ First Name, Last Name, E-mail Address, နှင့် Phone Number စသဖြင့်ဖြစ်လိမ့်မယ်။
Active Directory Object မှာ အဓိကကျသော အမျိုးအစားတစ်ခုကတော့ OU လို့ခေါ်တဲ့ Organization Unitပဲဖြစ်တယ်။ OU ဆိုတာဟာလည်း Object တစ်မျိုးပါပဲ။ OU မှာကျတော့ တစ်ခြား Objects တွေရှိသေးတယ်။ အဲ့ဒီ OUလို့ခေါ်တဲ့ Organization Unit မှာ User တို့လို၊ Application တို့လို Specific သတ်မှတ်ထားသော Object တစ်ခုလည်းရှိနိုင်သလို၊ နောက်ထပ်တစ်ခြား OU တစ်ခုလည်းရှိနိုင်ပါတယ်။  အဲ့ဒီ OU မှာပဲ User Permission တွေကိုသတ်မှတ်ပေးနိုင်တယ်။
Domain တွေမှာ Organization Unit တွေရှိကြတယ်။ အဲ့ဒီ OU တွေဟာ Domain မှာရှိသော Active Directory အတွက် အခြေခံကျသော Basic Security လည်းဖြစ်သလို၊ Organizational Structure ပုံစံတစ်ခုလည်းဖြစ်တယ်။ Active Directory မှာရှိသော Object တိုင်းဟာ ဒီ Domain တစ်ခုနှင့်ဆက်စပ်သက်ဆိုင်နေရမယ်။ Domain တွေဟာ သင့်ရဲ့ Enterprise လုပ်ငန်းအတွက်  အမြဲတမ်း Organizational Structure ဖွဲ့စည်းပုံတစ်ခုဖြစ်နေမှာဖြစ်သလို၊
သင့်ရဲ့လုပ်ငန်းအတွက် လုံခြုံရေးဆိုင်ရာ Security Boundary တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနေမှာဖြစ်တယ်။ 
ဒါကြောင့် သင့်ရဲ့ ကွန်ယက်မှာရှိနေသော Active Directory မှာရှိသော Object တိုင်းမှာ ဒီ Domainတစ်ခုဆိုတာရှိကိုရှိရမှာဖြစ်တယ်။ ဥပမာပြောရရင်တော့ Domain တစ်ခုမှာ သတ်မှတ်ပေးထားသော၊ 
ချမှတ်ပေးထားသော Privileges အခွင့်အရေးလုပ်ပိုင်ခွင့်တွေဟာ နောက်တစ်ခြား Domain တစ်ခုပေါ်မှာအလိုအလျောက်သက်ရောက်သွားတာမျိုးမရှိတတ်ပါဘူး။ Domain တစ်ခုထက်ပိုသော Domain တွေကိုစုပေါင်းလိုက်မယ်ဆိုရင် Domain Tree လို့ခေါ်ပြီးတော့ အဲ့ဒီ Domain Tree တွေတစ်ခုထက်ပိုသွားရင်တော့ Domain Forests ဟုခေါ်ပါတယ်။
Discretionary Access Control List (DACLs) နှင့် System Access Control Lists (SACLs) တိုမှာ Active Directory Objects တွေကို Protect ကာကွယ်ပေးထားပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ဒီ DACLs နှင့် SACLs တို့ဟာ Active Directory Object မှာရှိသော Attributes တွေကို ဘယ် User တွေ၊ ဘယ် Application တွေက Access လုပ်ခွင့်၊အသုံးပြုခွင့်ရှိတယ်ဆိုတာကိုသတ်မှတ်ပေးတာဖြစ်တယ်။ အလားတူပဲ Windows NT 4.0 မှာအသုံးပြုသော NTFS File System မှာအသုံးပြုသော Access Control List (ACLs) ကိုအသုံးပြုခွင့်ကိုလည်းသတ်မှတ်ပေးတာဖြစ်တယ်။
Directory Objects တွေကိုဆက်သွယ်ရာမှာ ၄င်းတို့ရဲ့ Permission တွေကို Propagate လုပ်ရာမှာ DACLs နှင့် SACLs တို့ကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ DACLs နှင့် SACLs တို့က Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့ရန်အသုံးပြုခွင့်တွေကိုလည်းခွင့်ပြုချက်ပေးဖို့ရန်ကို နည်းလမ်းတွေကိုလည်း သတ်မှတ်ပေးပါတယ်။
ဒီတော့ Administrator တွေက Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့အတွက် DACLs နှင့် SACLs တို့ကချမှတ်ပေးသော နည်းလမ်းတွေအတိုင်းလုပ်ဆောင်ပေးရပါတယ်။
Active Directory မှာ Rules တွေရှိတယ်။ အဲ့ဒီ Rules တွေက သူ့ရဲ့ Directory  ထဲမှာသိမ်းဆည်းထားသော 
Objects တွေကို ထိန်းချုပ်ပေးနိုင်ဖို့အတွက် Rules တွေကိုချမှတ်ထားတာဖြစ်တယ်။ ၄င်းချမှတ်ထားသော Rules 
တွေကို Schema လို့ခေါ်ပါတယ်။ 
Network ကွန်ယက်အတွင်းမှာရှိသော Domain တစ်ခုချင်းစီအတွက် လိုအပ်သော Information သတင်းအချက်အလက်အကြောင်းအရာတွေကို ဒီ Active Directory မှာ Maintain ထိန်းသိမ်းထားတာဖြစ်တယ်။
ပြောရမယ်ဆိုရင် ကွန်ယက်တစ်ခုမှာရှိသော Domain တစ်ခုချင်းစီအတွက်လိုအပ်သော အချက်အလက်တွေကို Active Directory မှာရှိနေမှာဖြစ်တယ်။ အဲ့ဒီ Active Directory Database အချက်အလက်တွေကို အဲ့ဒီ ကွန်ယက်မှာရှိသော Domain Controller ဆိုတဲ့၊ Domain Controller လို့သတ်မှတ်ထားသော ကွန်ပျူတာမှာသိမ်းဆည်းထားတာဖြစ်တယ်။ ဒီသတင်းအချက်အလက် Information တွေဟာ Domain Controller တွေရဲ့ကြားထဲမှာ သူ့အလိုအလျောက် Automatically အရ Replicate ဖြစ်နေမှာဖြစ်တယ်။ Directory ထဲမှာရှိသော Every Portion အစိတ်အပိုင်းမှန်သမျှဟာလည်း အမြဲတမ်း Up-to-date ဖြစ်နေမှာဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ Active Directory ကို Replicate လုပ်တဲ့အခါမှာ ၅ မိနစ်တစ်ကြိမ်လောက်ကို အမြဲတမ်း Update ဖြစ်တယ်။ အဲ့ဒီ Active Directory Information တွေကို Automatic အလိုအလျောက် Replicaton  လုပ်တဲ့အခါမှာ သတ်မှတ်ထားသော Domain တစ်ခုရဲ့ Security Boundary အတွင်းမှာပဲ Replication လုပ်တာဖြစ်တယ်။ Domain တစ်ခုအတွင်းမှာရှိသော Domain Controller
တွေဟာ Information အချက်အလက်တွေကို Automatic Replicate လုပ်တဲ့အခါမှာ တစ်ခြား Domain တွေနှင့် Replicate မလုပ်ပါဘူး။
Sunday, November 4, 2018
Access Point အကြောင်းသိကောင်းစရာ
Access Point ဆိုတာ ကွန်ပျူတာတွေကို Wireless Networkကိုအသုံးပြူပြီးကွန်ယက်ချိတ်ဆက်ရာမှာအသုံးပြုနိုင်တဲ့ ပစ္စည်းတစ်မျိုးဘဲဖြစ်ပါတယ်။
၎င်း Access Point က Local Area Network (LAN) ချိတ်ဆက်ရာမှာသာ အသုံးပြုလို့ရတာဖြစ်တယ်။ Wireless Connection ချိတ်ဆက်ရာမှာ မရှိမဖြစ်သုံးရတဲ့ Wireless Network Deviceတစ်ခုဘဲဖြစ်ပ်ါတယ်။ Wireless Access Point ကို bluetooth , wifi နှင့် တခြားနည်းပညာတွေတော်တော်များများမှာလဲ အသုံးပြုလို့ ရပါတယ်။Wireless Access Point ဟာ IEEE802.11 နည်းပညာကိုအသုံးပြုပါတယ်။
Figure 1
Figure 1 မှာပြထားသလို ပြင်ပကလာတဲ့ အင်တာနက် Connection ကို အတွင်းက ကွန်ပျူတာေ
ထဲမှာ ပြန်ဖြန့် ဝေပေးပြီး Network တစ်ခုဖြစ်ပေါ်လာစေပါတ
ယ်။်ဒီနေရာမှာ ကွန်ပျူတာတွေကို Cable ကြိုးတွေနှင့်မချိတ်ဆက်ဘဲ Access Point ကိုအသုံးပြူပြီး LAN ချိတ်ဆက်လိုက်လို့လည်းရပါတယ်။  
Wireless Network ချိတ်ဆက်ရာမှာ ဒီ Access Pointကို ယေဘုယျအားဖြင့် အလယ်မှာထားပြီးတော့ အသုံးပြုရတာဖြစ်တယ်။ 
တကယ်တော့  Access Point ဆိုတာ Transceiver တစ်ခုပဲဖြစ်ပါတယ်။
ဘာလို Transceiver လို့ ပြောရလဲဆိုရင်  Wireless ကွန်ယက်တွေချိတ်ဆက်ထားသော ကွန်ပျူတာတွေတစ်လုံးနှင့်တစ်လုံး ဆီက Data အချက်အလက်တွေ ကို ဒီ Access Point က Transmit ပို့လွှတ်နိုင်သလို၊ Receive လက်ခံခြင်းကိုလည်းပြုလုပ်ပေးနိုင်လို့ပါ်။
ဥပမာ-ကွန်ပျူတာတွေ တစ်လုံးနှင့်တစ်လုံး Data အချက်အလက်တွေကိုဖလှယ်ကြတော့မယ်ဆိုရင် ကွန်ပျူတာတွေဟာ ဒီ Access Point ကိုအရင်ပို့ပေးရတာဖြစ်တယ်။ အဲ့ဒီ Access Point ကနေမှကွန်ပျူတာတစ်လုံးက ပို့လွှတ်လိုက်သော အချက်အလက်တွေကို Receive လက်ခံလိုက်ပြီးတော့ အဲ့ဒီ Data အချက်အလက်တွေကို နောက်ပို့ပေးရမယ့် ကွန်ပျူတာဆီကို Transmit ပေးပို့လိုက်တာဖြစ်တယ်။ 
အဲ့ဒီလို Transceiver လုပ်တဲ့နေရာမှာ Dataတွေတစ်ခုပြီးတစ်ခုတန်းစီပြီးတော့Transceiver လုပ်နိုင်သလို၊ Spectrum ဆိုတဲ့ နည်းပညာကိုအသုံးပြုပြီးတော့လည်း Transceiver ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် ဒီ Access Point ကိုအသုံးပြုပြီး Mobile ကွန်ပျူတာတွေမှာ Wireless Network ချိတ်ဆက်တဲ့အခါမှာ Wireless ပစ္စည်းတစ်ခုဖြစ်သော PCMCIA Card ကိုသော်လည်းကောင်း Network Interface Card (NIC) ကိုသော်လည်းကောင်းအသုံးပြုပြီးချိတ်ဆက်နိုင်ပါတယ်။၎င်း Access Point မှာပါဝင်သော Station Adapter တွေကို အသုံးပြုပြီးတောလည်း ချိတ်ဆက်နိုင်ပါတယ်။ 
Station Adapter တွေကိုချိတ်ဆက်တဲ့အခါမှာ ကွန်ပျူတာထဲမှာပါရှိသော Ethernet Card ထဲက 10BaseT Port မှာတပ်ပြီးတော့အသုံးပြုရမှာဖြစ်တယ်။ 10BaseT Port ဆိုတာ Ethernet Card ထဲမှာ built in ထဲမှာပါတဲ့  port တစ်ခုဖြစ်ပါတယ်။
2.4 MHz အမြန်နှုန်း ရှိတဲ့ Access Point တွေဟာ 100M ကျော်အကွာအဝေးလောက် အတိုင်းအတာဆိုရင် အမြန်နှုန်း 1Mbps ကနေ 3Mbps ထိ Support လုပ်ပေးနိုင်ပါတယ်။ 100M ပဲရတယ်ဆိုပေမယ့် Wireless Access Point တွေရဲ့ ချိတ်ဆက်မှု့ အကျယ်အ၀န်းကို Repeater များဖြင့် ထပ်မံချိတ်ဆက်ပြီး ချဲ့ ထွင်နိုင်ပါတယ်။ အဲ့လိုမျိုး Access Point ကသွားနေတဲ့ Area ကို Cell လို့ ခေါ်ပ်ါတယ်။ Access Point ကိုသုံးပြီး Wireless Network ချိတ်ဆက်တဲ့အခါမှာ အနည်းဆုံး ကွန်ပျူတာ 15လုံးကနေမှ 25 လုံးထိ Support လုပ်ပေးနိုင်ပါတယ်။
Access Point ရဲ့  security ပိုင်းဆိုင်ရာ ထိန်းချုပ်မှုအနေနဲ့  အသုံးပြုတဲ့  Security key တွေကတော့ WEP, WPA, WPA2, TKIP ဆိုတဲ့  security key တွေကိုအသုံးပြုပါတယ်။ ၄င်း key တွေဟာ access point နဲ့ ချိတ်ဆက်တဲ့  computer တွေကြားမှာ သွားသော Data များကိုမသက်ဆိုင်သောသူများ မကြည့်ရှု့နိုင်အောင် Encrypt လုပ်ပေးပါတယ်။
ယခုခေတ်မှာ Wireless Access Point တွေကိုတွင်ကျယ်စွာ အသုံးပြုလာကြပါပြီ။ ဒါ့ အပြင် routing function ပါတဲ့  Wireless Access Point တွေကိုလည်း အသုံးပြုနေကြပါပြီ။