Intel
မှ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ၊ ၂၀ ရက်နေ့တွင် Dual-Core Celeron E 1200 Processor အသစ်ကို
စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၎င်း Processor ဟာ Allendale Core ကို အခြေခံအသုံးပြုထားပြီး
800 MT/s FSB အမြန်နှုန်းရှိကာ 2 MB L2 Cache ပါဝင်ပါတယ်။ ၎င်း၏ TDP မှာ 65 W ရှိပြီး
Intel Speed Step နည်းပညာကို အသုံးပြုထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ထို Processor၏
Clock Rate မှာ 1.6 GHz မှ 2.4 GHz အထိရှိပြီး Motherboard အမျိုးအစားမြောက်မြားစွာဖြင့်
အသုံးပြုနိုင်ပါတယ်။
ထို့နောက်
E 3200 နှင့် E 3300 Series များ ထပ်မံပေါ်ထွက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဩဂုတ်လအတွင်း
စတင်ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ထို့အပြင် Wolfdale-3M Core အသုံးပြုထားသော Pentium
Dual-Core E500, Pentium E 6000 နှင့် Core 2 Duo E 7000 Series များလည်း ပေါ်ထွက်ခဲ့ပြီး
Performance ကတော့ အတော်လေးမြင့်မားကောင်းမွန်ကြပါတယ်။
Mobile
Celeron နှင့် Celeron M (P6)
Mendocino
Mobile
၎င်း Processor ဟာ Mendocino (Celeron-A) နှင့်
ဆင်တူပြီး 32 KB L1 Cache နှင့် 128 KB L2 Cache ပါဝင်ပါတယ်။ ဒါပေမယ့် ၎င်း၏ Voltage မှာ
(1.5V-1.9V) သာရှိပြီး စွမ်းအင်ပိုမိုလျော့ချပေးနိုင်ပါတယ်။ ထို့ပြင် မြန်ဆန်ခြင်း၊
သေးငယ်ခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းအပြင် Package (6.5-Pin BGA2 (သို့) Micro-PGA2 Package) ဟာလည်း သေးငယ်ပါတယ်။
Tualatin-256
၎င်း Processor များကတော့ ပထမဆုံး Mobile
Celeron အမျိုးအစားဖြစ်ပြီး Tualation Core ကို အခြေခံတည်ဆောက်ထားပါတယ်။ ထို
Tualation-256 ဟာ Mobile နှင့် Desktop နှစ်မျိုးကွဲပြားပြီး Mobile Series များမှာတော့
100 MHz နှင့် 133 MHz FSB အမြန်နှုန်းရှိကာ 256 KB L2 Cache ပါဝင်ပါတယ်။
Northwood-256
Northwood-256 ကတော့ Laptop များအတွင်း ထည့်သွင်းအသုံးပြုစေရန်ဖြစ်ပြီး
Northwood-Core ကို အခြေခံပြီး တည်ဆောက်ထားပါတယ်။ ၎င်းတွင် 256 KB L2 Cache ပါဝင်ပြီး
အခြား Processor များထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပါတယ်။ ထို့ပြင် Celeron M
နေရာတွင် အစားထိုးအသုံးပြုနိုင်စေရန်ဖြစ်ပြီး ဒီဇိုင်းကတော့ Pentium M နှင့် တူညီပါတယ်။
Banias-512
Banias-512 Celeron ဟာ Banisa Pentium M
ကို အခြေပြုတည်ဆောက်ထားခြင်းဖြစ်ပေမယ့် L2 Cache ပမာဏကတော့ ထက်ဝက်ခန့်လျော့နည်းပါတယ်။
Pentium M နှင့် နှိုင်းယှဉ်ရာမှာတော့ အသင့်အတင့်ကောင်းမွန်ပေမယ့် Notebook များအတွင်း
ထည့်သွင်းအသုံးပြုရာမှာတော့ ဘက်ထရီစွမ်းအင်ကို ပိုမိုအသုံးပြုပါတယ်။
Shelton
Shelton Core ကတော့ Banias Core အမျိုးအစားဖြစ်ပြီး
၎င်းတွင် L2 Cache နှင့် Speed Step မပါဝင်ပါဘူး။ ၎င်းအား Intel ၏ အရွယ်အစားသေးငယ်သော D
845 GVSH Motherboard အတွင်း အသုံးပြုစေလို၍ဖြစ်ပြီး အာရှနှင့်တောင်အမေရိက ဈေးကွက်အတွင်း
အဓိကရောင်းချခဲ့ပါတယ်။ ၎င်း Processor ဟာ Intel Celeron 1.0B GHz အမြန်နှုန်းရှိပြီး ယခင်
Coppermine-128 နှင့် Tualeron 1.0 GHz Processor တို့နှင့် ကွဲပြားပါတယ်။
ထို Shelton 08 ဟာ ဈေးနှုန်းသက်သာသော
Notebook များအတွက်ဖြစ်ပြီး Intel မှ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်လုပ်ခဲ့တာပဲ
ဖြစ်ပါတယ်။ ၎င်းဟာ Intel ၏ Single-Core Diamondville CPU နည်းပညာကို အသုံးပြုထားပြီး
Clock Frequency ကတော့ 1.6 GHz နှင့် 533 MT/s FSB ရှိပါတယ်။ Power အသုံးပြုနှုန်းဟာ
3.5 W ရှိပြီး 945 GSE Chipset ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ထို့ပြင် Direct X
9 Graphic အား Support လုပ်ပြီး DDR 2 Memory နှင့် တွဲဖက်သုံးနိုင်ပါတယ်။
Dothan-1024
Dothan Celeron Ms ကတော့ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလတွင်
ပေါ်ထွက်လာတာဖြစ်ပြီး XD Bit ကို Support လုပ်ပါတယ်။ ၎င်းဟာ စွမ်းအင်သုံးစွဲမှုနှုန်းအနည်းငယ်သာရှိပြီး
ASUS Eee PC များအတွင်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ၎င်း၏ L2 Cache ပမာဏဟာလည်း
Celeron M ထက် နှစ်ဆပိုမိုများပြားမြန်ဆန်ပြီး Product Code ကတော့ 80536 ဖြစ်ပါတယ်။
No comments:
Post a Comment