Tuesday, December 11, 2018

Bus အကြောင်းသိကောင်းစရာ



Bus ဟာ motherboard ပေါ်မှာရှိတဲ့  Hardware Components တွေတစ်ခုနဲ့ တစ်ခုဆက်သွယ်နိုင်ဖို့  အတွက်သုံးပါတယ်။ Bus ဆိုတာ physical connections ဖြစ်တဲ့ Cable နဲ့  Circuit ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးလုပ်ဆောင်မှုအပိုင်း၌ Data တွေသယ်နိုင်မဲ့ Bus ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ Bus တွေဟာ Data တွေကို ပို့ဆောင်ပေးသော အစိတ်အပိုင်းများဖြစ်ကြပြီး အဓိကအားဖြင့် Processorနှင့်အခြား Component များအကြား Bus မှတစ်ဆင့် Data များ ပို့ဆောင်ပေးပါတယ်။ တစ်ခါတစ်ရံကွန်ပျူတာနှစ်လုံးကြား ဆက်သွယ်မှုအပိုင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။




Figure .. Parallel Databuses ပုံ

အစောပိုင်းကာလ ကွန်ပျူတာ Bus များဟာ Parallel Electrical Bus အမျိုးအစားဖြစ်ပြီး ၎င်းဟာ Connection များစွာဖြင့် ချိတ်ဆက်ထားပါတယ်။  ဒါပေမယ့် ယနေ့ခေတ် မှာတော့ Busတည်ဆောက်ပုံကို ပြင်ဆင်ခဲ့ပြီး ကွန်ပျူတာအတွင်းရှိ Bus များဟာ Parallel အနေဖြင့်ရော Bit-Serial Connection အနေဖြင့် ပါအသုံးပြုလာနိုင်ပ
ါတယ်။ 
Bus များဟာMotherboard ပေါ်ရှိ (Electrical Pathway) တွေဖြစ်ကြပြီး ၎င်းအစုအဝေးများကို Trace ဟုလည်း ခေါ်ဆိုနိုင်ပါတယ်။ Bus များဟာ Parallel အနေဖြင့် Data များကို သယ်ဆောင်ပေးနိုင်သလို Serial အနေဖြင့်လည်း Data များအား Bit-Serial ပုံစံဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ထို့ပြင် Bus များဟာ Motherboard ပေါ်တွင် Video Card, Sound Card စသည်ဖြင့် Extra Card များချိတ်ဆက်တပ်ဆင် ရာမှာလည်း Bus များဟာ အဓိကလုပ်ဆောင်ပေးရပါတယ်။

Serial Bus အများစုတွင် Conductor အများအပြားပါဝင်ကြပြီး ၎င်းတို့ပို့ဆောင်နိုင်သော Data Rate ဟာလည်း မြန်ဆန်ကြပါတယ်။ Serial Bus ဟာ Data လွှဲပြောင်းရာ၌ Parallel Bus ထက် ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ပါတယ်။Parallel Bus များကတော့ လုပ်ဆောင်ချက်Function များပြားလာသောအခါတွင် အဆင်မပြေတာကြောင့် နောက်ပိုင်းParallel Bus တွေနေရာမှာ Double Pump Bus များကို အစားထိုးအသုံးပြုခဲ့ကြပါတယ်။
ကွန်ပျူတာထဲမှာ Internal နှင့် External Bus ဆိုပြီး Bus နှစ်မျိုးရှိပါတယ်။ Internal Bus ကတော့ ကွန်ပျူတာအတွင်းရှိ Component များအားလုံးကို ထို Motherboard ဆီသို့ ပို့ဆောင်ပေးပါတယ်။ ထို့ကြောင့် Internal Bus အား Local Bus ဟုခေါ်ဝေါ်ပြီး ကွန်ပျူတာအတွင်းရှိ Local Device များကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ External Bus ကတော့ ပြင်ပမှ လာရောက် ချိတ်ဆက်အသုံးပြုသည့် Device များနှင့်ဆက်သွယ်ရာတွင် အဓိကလုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုက Expansion Bus တွေဟာလည်း External Bus လို့ပြောလို့ရပါတယ်။ Network နှင့် Busများ အကြားကြားခံအနေဖြင့် လုပ်ဆောင်ပေးနိုင်သည့် နည်းပညာနှစ်မျိုးကိုတော့ Infini Band နှင့် HyperTransport ဟုခေါ်ဆိုကြပါတယ်။



Figure.. 32 Bits Data Bus ပုံ
Bus ကို တစ်ကြိမ်မှာ ထုတ်လွှတ်နိုင်တဲ့  Data ပမာဏပေါ်မူတည်ပြီး Width အမျိုးအစား ခွဲခြား နိုင်ပါတယ်။သူ့ ကို Bits တွေနဲ့ ဖော်ပြပါတယ်။ Bus ရဲ့ ပို့ လွှတ်နိုင်တဲ့ Data အကျယ်အ၀န်းဟာ Bus ပေါ်မှာပါတဲ့  Cable အရေအတွက်နဲ့ တိုက်ရိုက် အချိုးကျပါတယ်။ဆိုလိုတာက 32 Wires ရှိရင် 32 Bits ပေါ့။
နောက်တစ်ချက်ကတော့  Bus Speed ကို Frequency နဲ့ ဖော်ပြပါတယ်။ တစ်စက္ကန့် မှာ ပို့ နိုင်တဲ့  Packets အရေအတွက်ပေါ်မူတည်ပြီးတိုင်းတာတာပါနော်။ ပို့ တဲ့ ဒါမှမဟုတ်လက်ခံရရှိတဲ့  Dataတွေကို Cycle လို့ ခေါ်ပါတယ်။

Figure.. Address , Data , Control Buses ပုံ
Bus တစ်ခုချင်းဟာ သိသာထင်ရှားတဲ့  Line တွေ 50 ကနေ 100 အထိပါဝင်ပြီး အပိုင်း 3 ပိုင်းနဲ့ ဖွဲ့ စည်း ထားပါတယ်။ ဒါတွေကတော့ 
(1) Address Bus
(2) Data Bus
(3) Control Bus တို့ ပဲဖြစ်ပါတယ်။
Address Bus ကို Memory Bus လို့လည်းခေါ်ပါတယ်။ Memory Address တွေနဲ့  Processor က data တွေကို read/ write လုပ်ဖို့ အတွက် ဆက်သွယ်ချင်တဲ့ အခါသုံးပါတယ်။သူက direction တစ်ဖက်တည်းသွားနိုင်တဲ့  Bus ပါ။
Data Bus ကတော့  Processor ဆီကိုသွားတဲ့  , Processor ဆီကလာတဲ အမိန့် တွေကို လက်ခံပေးတာပါ။သူက Direction နှစ်ဘက်သွားနိုင်တဲ့  Bus ပါ။

Control Bus ကို Command Bus လို့ လည်းခေါ်ပါတယ်။ သူက Control Unit တွေဆီကလာတဲ့  Orders တွေနဲ့  Singal တွေကို တခြား Hardware Components တွေ ကို ပို့ ဆောင်ပေးပါတယ်။ သူက Direction အပြန်အလှန်သွားနိုင်တဲ့  Bus ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် Bus တွေအကြောင်း အရေးကြီးတာလေးတွေသိရှိလောက်ပြီထင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။




No comments:

Post a Comment