Saturday, December 8, 2018

Accelerated Graphics Port ကိုခွဲခြမ်းစိတ်ဖြာကြည့်ခြင်း



Accelerated Graphics Port အား အတိုကောက်အနေဖြင့် AGP ဟု ခေါ်ဝေါ်ကြပြီး ၎င်းဟာ Motherboard အတွင်း Video Card များတပ်ဆင်အသုံးပြုရာ၌ High Speed (မြန်နှုန်းမြင့်) Point to Point အနေဖြင့် လုပ်ဆောင်နိုင်ပါတယ်။ မူလက ထို AGP ဟာ 3D Graphic နည်းပညာကို အထောက်အပံ့ပေးနိုင်စေရန် ရည်ရွယ်ထားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ဈေးကွက်အတွင်း PCIe ဟာ အောင်မြင်နေခဲ့ပြီး AGP Card များနှင့် Motherboard များကတော့ဆက်လက်ရောင်းချနေဆဲပဲဖြစ်ပါတယ်။









Advantages Over PCI
ကွန်ပျူတာများအတွင်း Graphic နည်းပညာဟာ တိုးတက်ကောင်းမွန်လာခဲ့ပြီးနောက်မှာတော့ Graphic Adapter များဟာ Limit ဖြစ်နေသော PCI အတွက် သိပ်အဆင်မပြေတော့ပါဘူး။ ထို့ကြောင့် AGP ကို အစားထိုး အသုံးပြုလာကြပြီး Graphic နည်းပညာကို ပိုမိုမြင့်တက်ခဲ့ကြပါတယ်။ AGP ကို အစားထိုးအသုံးပြုခြင်းအားဖြင့် Slot နှင့် Processor ကြား Pathway များအားပိုမိုမြန်ဆန်ကောင်းမွန်လာစေပြီးယခင် PCI Bus များထက်သာလွန်သော နည်းပညာပဲဖြစ်ပါတယ်။ ထို့ပြင် Point-to-Point ချိတ်ဆက်မှုကြောင့် ပိုမိုမြင့်မားသော Clock Speed ကို ရရှိစေနိုင်ပြီး AGP ဟာ Sideband Addressingကို အသုံးပြုလုပ်ဆောင်ပါတယ်။ အဓိပ္ပါယ်ကတော့ Address နှင့် Data Bus များအားခွဲခြားအသုံးပြုထားခြင်းဖြစ်ပြီး Address Information များအားပိုမိုကောင်းမွန်စွာ လုပ်ဆောင်လာနိုင်ပါတယ်။ထို့ပြင် Extra-8 Bit ကို ထပ်မံပေါင်းထည့်ပြီး Graphic Controller မှ AGP Data ပို့ဆောင်နေစဉ်အတွင်းCommand များ တောင်းခံနိုင်စေပါတယ်။ AGP ဟာ 32 Address/Data (AD Lines) ဖြစ်ပြီး Data များပို့ဆောင်ခြင်းအတွက် တိုးတက်မြန်ဆန်လာပါတယ်။ယခင် PCI Graphic Card များဟာ RAM မှတစ်ဆင့် Card အတွင်းသို့ အချက်အလက်များ  Copy ကူးယူလုပ်ဆောင်ခြင်းဖြစ်ပြီး AGP ကတော့ Graphics Address Remapping Table (GART) ကို အသုံးပြုကာRAM ပေါ်ရှိအချက်အလက်များကို တိုက်ရိုက်ဖတ်ရှု (Read) လုပ်နိုင်ပါတယ်။ PCI Graphic Card များကိုအဓိကသုံးရခြင်းကတော့ PC အများစုတွင် အသုံးပြုနိုင်ခြင်း၊ AGP Slot မပါဝင်သော Motherboard များအတွက်အဆင်ပြေစေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ PCI Slot မပါဝင်သော Motherboard ကတော့အတော်လေးရှားပါတယ်။ ထို့ပြင် Motherboard များတွင် AGP Slot ဟာ တစ်ခုသာပါဝင်ပြီး PCI Card အတွက်Slot ကတော့ ပိုမိုပါလာကြပါတယ်။ အချို့သော Server ကွန်ပျူတာများကတော့ AGP Slot နှစ်ခုမှအထက် ပါဝင်ကြပြီး HP AlphaServer GS1280 တွင် AGP Slot 64 ခုပါဝင်ပါတယ်။ AlphaServer ES80 မှာ တော့AGPSlot၄ခုပါဝင်ပါတယ်။




Version

Intel မှ ၁၉၉၇ တွင် AGP ပဏာမသုံး Version ကိုထုတ်လုပ်ခဲ့ပြီး 1 X နှင့် 2 X အမြန်နှုန်းနှစ်မျိုးပါဝင်ပါတယ်။ Version 2.0 ကတော့ AGP 4X နှင့် 3.0 မှာတော့ 8X ရှိပါတယ်။

AGP 1 X

32-Bit Channel ဖြစ်ပြီး 66 MHz အမြန်နှုန်းရှိကာ Data Rate မှာ 266 MB/S ရှိကာ PCI ထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။

AGP 2 X

32-Bit Channel ဖြစ်ပြီး 66 MHz Double Pumped ဖြစ်တာကြောင့် 133 MHz အမြန်နှုန်းရှိပြီး Data Rate ဟာ 533 MB/S ဖြစ်ပါတယ်။

AGP 4 X

32-Bit Channel ဖြစ်ပြီး 66 MHz Quad Pump ဖြစ်ကာ 266 MHz နှင့် Data Rate 1066 MB/S ရှိပါတယ်။

AGP 8 X









32-Bit Channel ဖြစ်ပြီး ယခင်ထက် ၈ ဆပိုမိုမြန်ဆန်ကာ Data Rate ဟာ 2 GB/S အထိရှိပါတယ်။
နောက်ပိုင်း  AGP တွေဟာ 64-bit support expansion slot တွေ ရလာပါတယ်။ AGP expansion slot တွေဟာ အညိုရောင်တွေများပါတယ်။ PCI slot တွေကျတော့ အဖြူရောင်တွေ့ရများပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ motherboard မှာ မြင်ရမယ့် AGP slot ပုံစံဖြစ်ပြီးတော့ ဇယားမှာ AGP (64-bits) နှင့် တစ်ခြား BUS အမျိုးအစားတွေကို ယှဉ်ပြထားပါတယ်။





No comments:

Post a Comment