Monday, December 10, 2018

AGP ဘာကြောင့် ပေါ်လာပြီးဘာကြောင့်ပျောက်သွားရပြန်တာလဲ။


 Intel မှ ပထမဦးဆုံး Peripheral Component Interconnect (PCI) bus ကိုတီထွင်ထုတ်လုပ်ခဲ့ပြီး Computer အတွင်းရှိ Devices များအတွင်း Data သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းအဖြစ်အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Graphic နဲ့ Games အစရှိတဲ့ အရာတွေအတွက် PCI bus က Support မလုပ်နိုင်တော့ဘဲ အသုံးပြု၍မရတော့ပါ။ ဘာလို့လဲဆိုတော့ ထိုကဲ့သို့ လုပ်ဆောင်မှုမျိုးကို PCI bus က မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Intel က ၎င်းတို့ကဲ့သို့ High End Graphic  ကို စွမ်းဆောင်မှုပေးနိုင်တဲ့ Super PCI Slot တစ်မျိုးကိုထုတ်လုပ်လိုက်ပါတယ်။

အဲဒါကတော့ Accelerated Graphic Port (AGP) ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Graphic Card တွေအတွက်  အဓိကအားဖြင့် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ AGP card ပေါ်လာခဲ့ပါတယ်။











AGP ကို Accelerated Graphic Port အပြင် Advanced Graphics Port လို့လည်းခေါ်ဆိုတတ်ပါတယ်။ AGP ဆိုတာက Speed မြင့်မားတဲ့ Point-to-Point Channel အမျိုးအစားဖြစ်ပြီး အထူးအဖြင့် video card နဲ့ 3D computer graphics တွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ Graphics တွေကို အသုံးပြုရန်အတွက်သာ ရည်ရွယ်ထားတဲ့ Computers တွေအတွက်ဆိုရင် PCI bus ကိုအသုံးပြုပါက ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် အဲဒီ PCI bus အစား AGP card တွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။
            ဘာလို့လဲဆိုတော့ AGP card တွေကို Graphics အတွက်သီးသန့်ထုတ်လုပ်ထားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် AGP card ဟာ Graphics တွေအတွက် လိုအပ်တဲ့ စွမ်းဆောင်မှုတွေကို အပြည့်အ၀ပေးနိုင်လို့ပဲဖြစ်ပါတယ်။ AGP card တွေဟာ Graphics Address Remapping Table (GART) ကို အသုံးပြုပြီးတော့ RAM ထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို ဖတ်နိုင်တဲ့အပြင် AGP card ထဲမှာရှိတဲ့ Framebuffer ထဲမှာ RAM ထဲက အဲဒီ အချက်အလက် (Data) တွေကို Copy လုပ်နိုင်ပါတယ်။
            PC အများစုနဲ့လိုက်လျောညီထွေမှုရှိတဲ့အတွက် PC တွေရဲ့ Motherboard ပေါ်မှာ AGP card တွေကို အသုံးပြုလာနိုင်ပါတယ်။ အဲဒီ့အပြင် တစ်ချို့Operating System (OS) တွေမှာဆိုရင် PCI graphics cards တွေများစွာပါဝင်တဲ့ AGP card တွေကိုအသုံးပြုလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးမှာ AGP 1.0 နဲ့ AGP 2.0 တို့ကိုအသုံးပြု၍ မရတော့ပါ။ သို့ပေမယ့် AGP 3.0 ကတော့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီတော့ AGP နဲ့ ပတ်သက်တဲ့ Version အကြောင်းဆက်ပြီး ပြောပြချင်ပါတယ်။



AGP 1.0 မှာ 1X  နဲ့ 2X ဆိုပြီး Speed ပေါ်အခြေခံကာ Version ထပ်ခွဲလိုက်ပါတယ်။ ဒီလိုပဲ AGP 2.0 မှာ 4X  နဲ့ AGP 3.0 မှာ 8X ဆိုပြီး Version တွေအမျိုးမျိုးထွက်ရှိလာခဲ့ပါတယ်။ AGP 1X က 32-bit channel ဖြစ်ပြီး Speed က 66 MHz နဲ့  Data သယ်ဆောင်နိုင်တဲ့ နှုန်းက တစ်စက္ကန့်မှာ 266 Megabytes per second (MB/s) သယ်ဆောင်နိုင်ပြီး သုံးစွဲတဲ့ Voltage အနေနဲ့ကတော့ 3.3 V ပဲရှိပါတယ်။ PCI နဲ့နှိုင်းယှဉ်ကြည့်ရင်တော့ နှစ်ဆ ပို၍ မြင့်မားပြီး မြန်ဆန်လာပါတယ်။ AGP 2X အကြောင်းပြောရရင်တော့ AGP 1X နဲ့အတော် နီးစပ်ပြီး ကွဲပြားသွားတာကတော့ Speed က  နှစ်ဆမြင့်တက် သွားတဲ့အတွက် 133 MHz နဲ့ Data သယ်ဆောင်နိုင်တဲ့ ပမာဏကတော့ 533 MB/s အထိမြင့်တက်လာကာ သုံးစွဲတဲ့ Voltage ကတော့ AGP 1X နဲ့တူညီပါတယ်။          
            AGP 4X ကတော့ 4 ဆိုတဲ့ အတိုင်း ၄ဆ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် 266 MHz နဲ့ Data rate အနေနဲ့က 1066 MB/s (1 GB/s) အထိမြင့်မားလာကာ Voltage မှာ 1.5 V သာလိုအပ်လာပါတယ်။ AGP 8X ဆိုတော့ ၈ဆ ပေါ့။ 533 MHz နဲ့ Data rate က 2133 MB/s (2 GB/s) ရယ် ပြီးတော့ Voltage က 0.8 V ပဲလိုပါတော့တယ်။ အဲဒီနောက်မှာတော့ AGP Version 3.5 ဆိုပြီး Universal Accelerated Graphics Port  (UAGP) အဖြစ် Microsoft မှထွက်ပေါ်လာခဲ့ပါတယ်။           
            သို့ပေမဲ့ နောက်ပိုင်းမှာ PCI Express တွေပေါ်လာပြန်ပါတယ်။ ၎င်းတို့ကို Serial Technology နည်းပညာဖြင့် ပြုလုပ်ထားတဲ့အတွက် Performance မှာလွန်စွာလျင်မြန်ကောင်းမွန်ပါတယ်။ Bandwidth ကြီးမားပြီး Point to Point  စနစ် ဖြစ်ပါတယ်။ တစ်ကြိမ်တည်းမှာ Data တွေကို ပို့လွှတ်လို့လဲရပြီး လက်ခံလို့လည်းရရှိတဲ့ အတွက် Two way (Bidirectional)
နှစ်ဖက်သွား Serial Connection ဖြစ်ပါတယ်။ Data သယ်ဆောင်နိုင်တဲ့ နှုန်းထားမှာလည်း လွန်စွာ မြန်ဆန်လာအောင်
တီထွင်ထုတ်လုပ်ခဲ့ကြပြီး ယခုအခါမှာတော့ PCI Express ဟာ နောက်ဆုံးပေါ် အမြန်ဆုံးနဲ့အကောင်းဆုံး Bus  ဖြစ်လာ ခဲ့ပါတယ်။ နောက်ပိုင်းအသစ်ထွက်ရှိလာတဲ့ Motherboard တွေမှာ AGP card စိုက်ထည့်ဖို့ Slot ကိုအသုံးမပြုကြတော့ပါဘူး။ ဒီလိုနဲ့ပဲ AGP cardလည်းပျောက်ကွယ်ခဲ့ရပါတော့တယ်။




No comments:

Post a Comment