Sunday, December 9, 2018

Driver တွေကို Backup လုပ်ထားကြရအောာင်


ကဲ............အခု တစ်ပတ် Online ICT Reader ပရိတ်သက်ကြီးကိုပြောပြ မဲ့ အကြောင်းအရာလေးကတော့ Driver တွေကို Backup ပြုလုပ်မယ့် အကြောင်းအရာလေးပါ။ ကျွန်တော်တို့ က ကိုယ့် Computer မှာ Windows တစ်ခုခုဖြစ်လို့ Windows ပြန်တင်ကြပြီဆိုရင် Windows တင်ပြီတော့ သက်ဆိုင်ရာ Driver တွေကို Run ပေးကြရပါတယ်။ ဥမမာ........Sound ရဖို့အတွက် Sound Driver ၊ Network ချိတ်ဆက်ဖို့အတွက် Network Card Driver တွေအစရှိသဖြင့်် သက်ဆိုင်ရာ Driver တွေကို ပြန်တင်ပေးကြရပါတယ်။ ဒီလိုပြန်တင်တဲ့အခါ ၄င်းကွန်ပျူတာရဲ့ Motherboard CD ၊ သက်ဆိုင်ရာ Expansion Card ( Sound , NIC , VGA ,...etc ) တွေရဲ့ Driver CD တွေရှိမှရမှာပေါ့။ အသစ်ဝယ်ထားတဲ့သူတွေကတော့ ဘာအရေးလဲဗျာ။ ၀ယ်တုန်းကပါလာတဲ့ Motherboard CD တွေ ၊ အခြား Card တွေရဲ့ Drive CD တွေရှိတာပေါ့။ အဲဒီအခွေတွေနဲ့ Driver ပြန်တင်လိုက်မှာပေါ့။ ဒါပေမယ့် အဟောင်းကို ပြန်ဝယ်တဲ့သူတွေအတွက်ကျ ၄င်းကွန်ပျူတာနဲ့အတူ Motherboard CD ကပါမလာဘူးလေ။ ပိုင်ရှင်ဆီတောင်းပြန်တော့လဲ သူကလည်းမသိတော့ဘူး။ ပျောက်သွားပြီ။ ဒါဆိုရင် အဲဒီ ကွန်ပျူတာက တစ်ခုခုဖြစ်လို့ ( ဥပမာ........Virus တွေပွထနေလို့ ) Windows ပြန်တင်ချင်ပါပြီတဲ့။ Windows တင်ပြီးသက်ဆိုင်ရာ Driver တွေပြန်တင်ဖို့ကျ ဘယ်မလဲ Driver CD ။ ဘယ် CD နဲ့ Driver ပြန်တင်မလဲ။ အဲဒီကျ အခက်တွေ့ပြီပေါ့။ ဒါကြောင့် Driver တွေကို Backup လုပ်ထားသင့်ပါတယ်။ မိမိကွန်ပျူတာကကောင်းနေတုန်း ၊ Windows ကလည်း ကောင်းကောင်းအလုပ်လုပ်နေတုံးမှာ Driver တွေကို Backup လုပ်ပြီး CD Burn ထားလိုက်မယ်ဆိုရင် မိမိကွန်ပျူတာရဲ့ Driver အတွက်စိတ်အေးရတာပေါ့ဗျာ။
            အဲဒီလို Driver တွေကို Backup လုပ်ဖို့အတွက် Software အသုံးပြုရမှာပါ။ Driver Backup Software ကိုအသုံးပြုရမှာပါ။ အခုကျွန်တော်က နမူနာအဖြစ် Driver Magician Software ကိုအသုံးပြုရမှာပါ။ မထမဆုံး ၄င်း Software လေးကို Install လုပ်ပေးရမှာပါ။ Install လုပ်ဖို့အတွက် Setup File ကို နှစ်ချက်နှိပ်ပြီး Run ပါ။ 


















အခုပေါ်လာတဲ့ Box ကတော့ မိမိ Install လုပ်ချင်တဲ့ Language ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
 











Welcome Page ကျလာရင်တော့ ထုံးစံ အတိုင်း Next ကိုနှိပ်ပါ။ 
















License Agreement Box  ကျလာ၇င်တော့ Iaccept The agreement ကိုရွေးပြီး Next ကိုနှိပ်ပါ။
 

















Select Destination Location Box ပေါ်လာရင်တော့ သူ့ အတိုင်း ပဲထားပြီး Next ကိုနှိပ်ပါ။




















Install လုပ်လို့ရပါတယ်။ Install ကိုနှိပ်လိုက်ပါ။

















လုပ်တာပြီးဆုံးပြီဆိုတော့ Finish ကိုနှိပ်လိုက်ပါတော့။




















ဒါဆိုရင်တော့ Start> Program> Driver Magician ကိုဖွင့်လိုက်ပါ။

















အခုကျွန်တော်ပြောပြတဲ့ Software လေးက Trial Version ဖြစ်လို့သူ့ကိုအသုံးပြုလို့ရတဲ့ ရက်ကတော့ကန့်သတ်ထားပါလိမ့်မယ်။ အခုဒီ Software မှာ 1-1-2007 to 1-16-2007 လို့ပါရှိပါတယ်။ ဒါဆိုဘယ်လို လုပ်ကြမလဲ။ 2007 ဆိုတော့ ကုန်ခဲ့ပြီလေ။ ဘယ်လိုလုပ်သုံးမလဲ။ ဒါကလွယ်ပါတယ်။ မိမိ Computer ရဲ့ System Time ကို သူပေးထားတဲ့ 2007 ကို ပြောင်းလိုက်ပေါ့။ ဒါဆိုရင်တော့ သူ့ကို အသုံးပြုလို့ရသွားပါလိမ့်မယ်။
















သူ့ကို Register Later လို့ပြောပါ။ ဒါဆိုရင် Driver Magician Box ကျလာပြီးတော့ Conputer မှာရှိတဲ့ Driver တွေအားလုံးကို ပြပေးပါလိမ့်မယ်။





















Backup လုပ်ချင်တဲ့ Driver ရဲ့ ဘေးမှာရှိတဲ့ Check Box တွေကို Select မှတ်ပါ။ အကုန်လုံး ကို Backup လုပ်မယ်ဆို၇င်တော့ Select All ကိုနှိပ်ပါ။ Select မှတ်ပြီး ပြီဆိုရင်တော့ Start Backup ကိုနှိပ်လိုက်ပါ။
 


















ဒါဆိုရင် Backup လုပ်မယ့်နေရာကိုရွေးပေးရပါမယ်။ မိမိထားချင်တဲ့နေရာကို ရွေးပေးပါ။ ပြီးရင်တော့ Ok ကိုနှိပ်ပါ။
















အခုကစပြီး Backup လုပ်နေပါပြီ။























Backup လုပ်လို့ပြီးသွားရင်တော့ Driver Backup ကအောင်မြင်စွာ ပြီးဆုံးသွားကြောင်းပြောပါလိ












အခုဆိုရင် မိမိကွန်ပျူတာမှာရှိတဲ့ Driver တွေကို Backup လုပ်ပြီးသွားပြီဆိုရင်တော့ စိတ်ချရအောင် CD Burn ထားလိုက်ပေါ့။  နောင်တစ်ချိန်လိုအပ်တဲ့အခါကျ ပြန်သုံးလို့ရသွားပြီလေ။

No comments:

Post a Comment